ရန်ကုန်၊ မေ ၂၀
ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေကူးအသံလွှင့် စက်ရုံဟောင်းအား နေရာသစ် သို့ရွှေ့ပြောင်း၍ စက်ရုံ အသစ် တည်ဆောက်ခြင်းနှင့် မြို့ပြနှင့် ရုပ်သံမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်း များဆောင် ရွက်ရန် တင်ဒါခေါ်ယူခြင်းသည် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခြင်းမရှိ သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အစိုးရအဖွဲ့အား လွှတ်တော်မှတစ် ဆင့် ကန့်ကွက်ရှုတ်ချကာ အရေးယူ လုပ်ဆောင်သွားမည်ဟု မေလ ၂၀ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံများ ဆောက်လုပ် ခြင်း၊ ရောင်း ချခြင်း၊ ငှားရမ်းခြင်း လုပ်ငန်းကော်မတီ က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိပြန် ကြားရေးဝန်ကြီးဌာန
လက်အောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ရေကူးအသံလွှင့်စက်ရုံမြေနေရာတွင် အများပြည်သူနှင့် သက်ဆိုင်သော ရုပ်သံမီဒီယာဖွံ့ဖြိုးရေး အဆောက်အအုံများ ဆောက်လုပ် အကောင် အထည်ဖော်ရန် မေလ ၁၅ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။…
““ရန်ကုန်မြို့လယ်ကောင်လို နေရာမျိုးမှာ ဒီလိုမြို့ပြစီမံကိန်း သဖွယ် ဖော်ဆောင်ဖို့က သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့အတည် ပြုချက်လိုတယ်။ အစိုးရအဖွဲ့ကလည်း သက်ဆိုင်ရာလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မပါဘဲ လုပ်လို့မရဘူး။ အဲဒီလိုလုပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တာပဲ။ လွှတ်တော်ကို မတင်ပြဘဲ လုပ်မယ်လို့ စီစဉ်ထားတာဆိုရင်တော့ အစိုးရအဖွဲ့ကို ကန့်ကွက်ရှုတ်ချတဲ့ အဆင့်ထိလုပ်ပြီး လွှတ်တော်က အရေးယူ ဆောင်ရွက်မှာပါ””ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညို သင်းက ပြောသည်။
အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် မြေဧက ၈၀ ကျော်အတွက် တင်ဒါခေါ် ခဲ့ရာတွင် တင်ဒါပုံစံများကို ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ပြည်လမ်း၊ ရန်ကုန် မြို့တွင် ငွေကျပ် ၁၀သိန်းဖြင့် မေ လ ၁၅ ရက်မှစ၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပြီး ဇွန်လ ၁၉ ရက်နောက် ဆုံးထားကာ အသေး စိတ်စီမံချက်များနှင့်အတူ ပူးတွဲတင်သွင်းရန် ကြေညာထားသည်။
ရေကူးအသံလွှင့်စက်ရုံဟောင်း မြေနေရာတင်ဒါကို စည်းကမ်းချက် အချက်ပေါင်း ၁၇ ချက်ဖြင့် တင်ဒါ ခေါ်ယူ ထားပြီး ဖော်ပြထားသော စည်းကမ်းချက်အရ မြေဧရိယာ၁၂၀ ဧကထဲမှ ဧက ၃၀ အား မြန်မာ့ အသံနှင့် ရုပ်မြင် သံကြားပိုင်အဖြစ် ဆက်လက်ထားရှိပြီး ကျန်ဧက၉၀ ကိုတင်ဒါအောင်မြင်သူက ရရှိမည် ဖြစ်သည်။
တင်ဒါခေါ်ယူထားရာတွင် မြေဧက၈၀ကျော်ရရှိမည်ဟု ဖော်ပြခဲ့ပြီး ငွေကျပ်၁၀သိန်းဖြင့် ၀ယ်ယူရသည့် တင်ဒါ စည်းကမ်းချက်တွင်မူ မြေဧက ၉၀ရရှိမည်ဟုပါရှိရာ တင်ဒါခေါ်ယူသည့်အချက်နှင့် တင်ဒါပါ စည်းကမ်းမှာ ကွဲလွဲ မှုများရှိနေသည်။
ကွဲလွဲချက်များနှင့် စပ်လျဉ်း၍ ““ကျွန်တော်တို့က ဒီစည်းကမ်းချက် တွေကို မသိဘူး။ ဒါတွေကိုအိတ် ပိတ်ပြီး ရောင်းခိုင်းလို့ရောင်းတာ”” ဟုသာပြောဆိုကာ နေပြည်တော်သို့သာ ဆက်သွယ်မေးမြန်းစေလိုကြောင်း ရန်ကုန် မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဒုတိယညွှန်ကြား ရေးမှူး ဦးလှသွင်က မြန်မာသံတော် ဆင့်သို့ပြောသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော်)သို့ ဆက်သွယ်မေး မြန်းခဲ့ရာ ၎င်းတို့အနေဖြင့် မသိရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှအိတ်ပိတ်ပေးသည့်အတိုင်း တင်ဒါ ရောင်းချခြင်းဖြစ်ကြောင်း တာဝန် ကျဝန်ထမ်း တစ်ဦးက ဖြေကြားခဲ့ပြီး တယ်လီဖုန်းအဆင့်ဆင့် လွှဲပေးခဲ့သော်လည်း တိကျသောအတည် ပြုချက်မရရှိခဲ့ပေ။
တင်ဒါခေါ်ယူထားသော ရေကူးအသံလွှင့် စက်ရုံဟောင်းမြေနေရာသည် ရန်ကုန်မြို့၏ အချက်အချာကျသော မြေနေရာတွင် တည်ရှိပြီး မြောက်ဒဂုံမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် စသည့် မြို့နယ် ၃ မြို့နယ်၏ ဗဟိုချက်အနီးတွင် တည်ရှိသည်။
မရမ်းကုန်းမြို့နယ် ဝေဇယန္တာ လမ်းမပေါ်ရှိ ရေကူးအသံလွှင့်စက် ရုံဝင်းဟောင်းပတ်ဝန်းကျင် မြေနေရာတန်ဖိုး သည် ယခုကာလပေါက် ဈေးတစ်ပေပတ်လည်လျှင် အနိမ့်ဆုံး ကျပ် ၈၀၀၀၀ မှ ၆သိန်းခွဲအ ထိပေါက်ဈေး ရှိသည်ဟု Excellent အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း ပိုင်ရှင် ကိုမောင်မောင်ကြီးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
Eleven Media Group မှ ဖော်ထုတ်ခဲ့သော တင်ဒါခေါ်ယူမှု စည်းကမ်းသတ်မှတ်ချက်လျှောက် လွှာအရ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ရေကူးအသံလွှင့် စက်ရုံဟောင်း မြေနေရာအား တင်ဒါရရှိသူသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပိုင် ထုတ်နုတ်ထားရှိမည့် မြေဧရိယာ ၃၀ ဧကထဲမှ ၁၅ ဧကကို လက်ရှိ အဆောက် အအုံဟောင်း များဖြစ်သည့် အသံလွှင့်ရုံ ၂ ရုံ၊ Studio ၃ ရုံတို့ကို ဆက်လက်ထားရှိပြီး ကျန် ၁၅ ဧကကို ပြန်ကြားရေးဝန် ကြီးဌာနမှ ၀န်ထမ်းများနှင့် ၀န်ထမ်း မိသားစုဝင် ၃၀၀ခန့် နေထိုင်နိုင်သည့် ၀န်ထမ်းအိမ်ရာများကိုဆောက် လုပ် ပေးရမည်ဖြစ်သည်။
တင်ဒါရရှိသူသည် ၎င်းရရှိမည့် မြေပေါ်တွင် မီဒီယာလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အကူပြု သော အဆောက်အအုံများ တည်ဆောက်ခြင်း၊ ပရိသတ် တစ်သောင်းခွဲခန့် မိုးလုံလေလုံက ဇာတ်ရုံ၊ ပရိသတ် ငါးသောင်းခန့် အမိုးဖွင့်ကဇာတ်ရုံ၊ Multi-Media University တက္ကသိုလ်ကျောင်း (စာသင်ဆောင်၊ လက်တွေ့ ဆောင်၊ ကျောင်း သားကျောင်းသူ နားနေခန်း၊ ဆရာ/ဆရာမများရုံးခန်း၊ စာကြည့်တိုက်)များအပြင် အများပြည် သူနှင့် သက်ဆိုင်သော အဆောက်အအုံ၊ အပန်းဖြေစခန်းများ၊ ရုပ်သံမီဒီယာ အထောက်အကူပြု ရိုက်ကူးရေး ခေါင်း စဉ်အောက်မှ ပျော်ပွဲရုံ၊ စားသောက် ဆိုင်တန်း၊ ရုပ်သံမီဒီယာပြတိုက်၊ ဟိုတယ်၊ အပန်းဖြေရိပ်သာ၊ ဘဏ် ရုံးခွဲ စသည်ဖြင့် လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း အဆိုပါတင်ဒါစည်း ကမ်းချက် ၁၇ချက်တွင် ဖော်ပြ ထားသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment