Tuesday, May 19, 2015

ပြင်လယ်ပြင်ရောက် လှေစီးဒုက္ခသည်များအရေး မြန်မာစစ်တပ် ဖြေရှင်းမည်ဟု ပြည်ထဲရေးပြော

ရန်ကုန်၊ မေ ၁၉။      ။ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်ရန် ပြင်ဆင်နေသည့် အာရှပင်လယ်ပြင် တွင်သောင်တင်နေသောထောင်နှင့် ချီရှိလှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံ၏ စစ်တပ်အစီအစဉ်ဖြင့် ဖြေရှင်းသွားမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မဇ္ဈိမ၏မေးမြန်းမှု ကိုမေ ၁၉ ရက်တွင် ဖြေကြားသွားသည်။

2000



"စစ်တပ်ကစီစဉ်ဆောင်ရွက်နေပါတယ်၊ သူတို့ဖြေရှင်းပေးပါလိမ့်မယ်" ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဆိုသည်။ သို့သော်မည်သို့ဖြေရှင်းမည်ဆိုသည့် အချက်နှင့် အသေးစိတ် အခြေအနေများကိုမူ သူက ပြောကြားသွားခြင်းမရှိပါ။

အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် The Guardian သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံမှဟု ယူဆရသည့် ဘင်္ဂလားဒေ့ရ်နိုင်ငံ သို့ သင်္ဘောဖြင့် ထွက်ပြေးလာသူ ၈,၀၀၀ နီးပါးရှိသည်ဟု မေ ၁၉ ရက်တွင် ဖေါ်ပြသည်။ The Guardian ၏ ဖေါ်ပြမှုတွင် အန်ဒမန်ပင်လယ် တွင်းရောက်ရှိနေ သည့် ထိုသူတို့သည် အစားအသောက်နှင့် ရိက္ခာအနည်းငယ်သာ သင်္ဘောပေါ်တွင် ပါရှိသည်ဟု ဆိုသည်။

ထိုသူများကို ဖိလစ်ပိုင်နိုင်ငံက ခိုလှုံခွင့်ပေးရန် အသင့်ရှိနေကြောင်းလည်း The Guardian က ရေးသားသည်။ ဖိလစ်ပိုင် သမ္မတ အာကွီနို ၏ပြောရေး ဆိုခွင့်ရှိ သူ ဟာမီနီယိုက ပြောကြားရာတွင် "ကျွန်တော်တို့ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂသဘောတူညီမှု မူဘောင်အောက်မှာ လူတွေကို ကူညီကယ် ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်" ဟု ဆိုသည်။

အာရှပင်လယ်အတွင်း သောင်တင်နေသည့် ရွှေ့ပြောင်းအခြေချသူနှင့် ဒုက္ခသည်ထောင်ပေါင်းများစွာကို လုံခြုံခိုလှုံခွင့်ကို ဖိလစ်ပိုင်အစိုးရက ပထမဆုံး စတင်ကမ်းလှမ်းပေးအပ်သည့် ဒေသတွင်း နိုင်ငံတစ်ခုဖြစ်လာသည်။

"ဖိလစ်ပိုင်က လူသားချင်း စာနာထောက်ထားရေး အကူအညီများကို တိုးသထက်တိုး ကူညီပေးနေတဲ့ နိုင်ငံပါ။ ၁၉၇၀ ခုနှစ်တွေအတွင်းကလည်း ဗီယက်နမ် ခရီးသွားများအတွက်လည်း အကူအညီတွေ ပေးခဲ့ဖူးတဲ့နိုင်ငံ တစ်နိုင်ငံပဲဖြစ်ပါတယ်" ဟု ဟာမီနီယိုက ပြောသည်။

 ထိုင်းနိုင်ငံကမူ အဆိုပါ လှေစီးဒုက္ခသည်များအရေး မြန်မာအပါအဝင်၊ အလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ဆွေးနွေးလိုကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထုတ်ဖေါ်ပြောဆို ထားသည်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကမူ ထိုသူများသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသည့် ဒုက္ခသည်များမဖြစ်နိုင်ဟု မေလ ၁၈ ရက် ရန်ကုန် မြို့ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် ကျင်းပသည့် သံတမန်များနှင့် တွေ့ဆုံပွဲတွင် ငြင်းဆိုသွားသည်။

"ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လှေဖြင့် သွားနေသူများကို ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည်များဟု မယူဆကြောင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူများကို ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပို့ဆောင်လျက်ရှိသည့် လူကုန်ကူးသည့် ကိစ္စရပ်များ၏အကျိုးဆက်အဖြစ်သာ ရှုမြင်ကြောင်း" ဟု မေ ၁၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

လှေဖြင့် သွားလာနေကြသည့် ထိုသူများသည် မြန်မာနိုင်ငံသားဟု ထွက်ဆိုပါက မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်သွားမည်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment