နေပြည်တော် ၊ မေ၁၉ ။ ။ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်စက်ရုံ ၅၄ ခု ဆောင်ရွက်လျက်ရှိပြီး အကြီးစား စက်မှု လုပ်ငန်း ကြီးများမှာ ဆက်လက် အရှုံးပေါ်နေသော်လည်း ဆက်လက်ထုတ်လုပ်သွားမည်ဟု စက်မှုဝ န်ကြီး ဌာနတွင် မေ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်း ၀န်ကပြောသည်။
အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှုးချူပ် ဦးသွင်မြင့်မောင်က “အချို တကယ့်အကြီးစား စက်ရုံကြီးတွေရှိပါတယ်။ BBI လိုစက်ရုံမျိုးကတော့မြတ် ပါတယ်။မြတ် တဲ့စက်ရုံလည်းရှိပါတယ်။မြတ်တဲ့ စက်ရုံနည်းတာပေါ့။ ရှုံးတဲ့စက်ရုံများတဲ့အခါ ကုန်သွယ်အရှုံးက ပိုများတာပေါ့” ဟုပြောသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ယခင်က နိုင်ငံပိုင်စက်ရုံ ၁၁၄ ခုအထိရှိပြီး ပုဂ္ဂလိကနှင့် အကျိုးတူ စက်ရုံ တစ်ခု၊ ဖက်စပ်စက်ရုံ နှစ်ခုရှိပြီး ငှားရမ်းမှု အနေဖြင့်ဆောင်ရွက်လျက်ရှိသော စက်ရုံပေါင်း ၅၆ ခုနှင့် နိုင်ငံတော်သို့ အပ်နှံသော စက်ရုံ တစ်ရုံ ရှိသည်။
ဦးသွင်မြင့်မောင်က “စက်ရုံတွေကထုတ်လုပ်မှုအရထုတ်နေတယ်။ ၀င်ငွေလည်းရှိတယ်။ သို့သော်လည်း လစာနဲ့ပင်စင်စရိတ်ကြီးတဲ့အတွက်မကာမိဘူးပေါ့။ ရှုံးတော့ ရှုံးတယ် သို့သော်လည်း အရှုံးနည်း အောင်လုပ်မယ်။ အသုံးစရိတ်များတော်တော်ကိုချွေတာနေပါတယ်။ တော်တော်လေး စီစစ်ပြီးဆောင်ရွက်နေ ပါတယ်”ဟု ပြောသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုအရှုံး ၅၅ ဘီလီယံအထိရှိပြီး အဓိကအားဖြင့် ၀န်ထမ်းများနှင့် ပင်စင်ယူထားသည့် ၀န်ထမ်းများ သုံးသောင်း ကျော်ရှိသောကြောင့် အရှုံးပြခြင်းဖြစ်သည်ဟု ဆိုသည်။
“၀န်ထမ်းတွေပင်စင်ယူသွားတယ်။ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် ၀န်ထမ်းလစာ ပင်စင်လစာတွေကို ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းကပဲ ကျခံနေရပါတယ်။ စီးပွားရေးလုပ်ငန်းလေးခုရှိတယ်။ အဲဒီဝန်ထမ်းရဲ့ ပင်စင်သွားတဲ့သူတွေ လည်းပါသွားပြီ။ လစာ စားရိတ်တွေ ပါနေ တယ်။ ကျွန်တော်တို့က ကျခံရတယ်။ ပင်စင်ဦးစီးဌာနက မကျခံဘူး”ဟု ညွှန်ကြားရေးမှုးချူပ် ဦးသွင်မြင့်မောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း ၀န်ထမ်း ၁၂၀၀၀ အား ညင်ညင်သာသာဖြင့် ရွှေပြောင်းခြင်း၊ ပင်စင်ပေးခြင်း ၊ ငွေးကြေးလျော်ခြင်းများကို ပြုလုပ်ပြီး ၀န်ထမ်အင်းအား လျော့ချခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် စက်မှုဝန်ကြီးဌာနအား ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲခြင်းများ ဦးစီးဌာနလျှော့ချခြင်းများ ဆောင်ရွက်ထားပြီး စုစုပေါင်းဝန်ထမ်း အင်းအားသုံးသောင်းကျော်သာ ကျန်ရှိသည်ဟုဆိုသည်။ စက်မှုဝန်ကြီးဌာန ပင်စင်စားများအဖြစ် ပင်စင်စားဝန်ထမ်း ၃၉၀၀၀ အထိရှိသည့်အတွက် တစ်နှစ် လျှင် ၁၉ ဘီလီယံကုန်ကျလျက်ရှိသည်ဟုဆက်ပြောသည်။
“မော်တော်ကားထုတ်တာရှိတယ်။ အင်ဂျင်အကြီးကြီးတွေထုတ်တာရှိပါတယ်။ အကြီးစားတွေ နိုင်ငံတော်ကပဲ ထိန်းသိမ်းပြီးတော့ဆောင်ရွက်ပါတယ်။ ဒီအချိန် မှာတော့ အရင်းအနှီးတွေကြီးနေပါတယ်”ဟု လည်း ၄င်းက ပြောသည်။့
နိုင်ငံပိုင် စက်ရုံအကြီးစားများကို အရှုံးနည်းအောင် ဆောင်ရွက်မည်ဖြစ်သော်လည်း အချိန်အားဖြင့် တော်တော်ယူပြီးလုပ်ဆောင်နိုင်မှသာလျှင် ရရှိနိုင်သည်ဟု ဆိုသည်။နိုင်ငံပိုင်စက်ရုံ ၅၄ ခုအနက်မှ အချို့ စားသောက်ကုန်စက်ရုံအသေးများကိုတင်ဒါများခေါ်ယူပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းရှင် များဖြင့် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဝန်ကြီးဌာနပြောင်းလဲဖွဲ့ စည်းခြင်းနှင့် ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကို မေလ ၁၉ ရက်က နေပြည်တော် စက်မှုဝန်ကြီးဌာန ရုံးအမှတ် ၃၀ ၌ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment