Tuesday, May 19, 2015

ကမ္ဘာ့ မိခင်များနေ့ ဂုဏ်ပြုပွဲတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ မိခင်နှင့် ဇနီးများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်

ရန်ကုန် (မဇ္ဈိမ)။ ။ မေလ ဒုတိယပတ်အတွင်း ကျရောက်သည့်  ကမ္ဘာ့မိခင်များနေ့ ဂုဏ်ပြုပွဲကို  အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) (WLB)နှင့် အမျိုးသမီး အဖွဲ့များကွန်ရက် ( WON)တို့ ပူးပေါင်း၍ မေ ၁၈ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ စိမ်းလန်းစိုပြည် ဥယျာဉ်တွင် ကျင်းပကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ မိခင်နှင့် ဇနီးများကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြသည်။

Mother



ပွဲစီစဉ်သည့် အမျိုးသမီး အဖွဲ့များကွန်ရက် ( WON) မှ ဆက်သွယ်ရေးအရာရှိ ဒေါ်ချယ်ရီအုန်းက “ကမ္ဘာ့မိခင်များနေ့က မေလရဲ့ ဒုတိယပတ်နောက်ပိုင်း အဆင်ပြေတဲ့နေ့ကို ကျင်းပကြတာပါ။ အတိအကျ မသတ်မှတ်ထားပါဘူး။ ကျွန်မတို့အနေနဲ့  တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေကြားမှာ ဇနီးကောင်း၊ မိခင်ကောင်း အဖြစ်ကြံ့ကြံ့ခိုင် ရပ်တည်နေတဲ့ အမေတွေကို ဂုဏ်ပြုပေးချင်တာပါ” ဟု ဆိုသည်။

ဂုဏ်ပြုလက်ဆောင် ရရှိသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၏ မိခင်က "ကျွန်မက ဒီပွဲမျိုး မတက်ဖူးပါဘူး။ ဒါပေမဲ့ ကျန်တဲ့ မိခင်တွေလည်း ကျွန်မလိုပဲ တိုင်းပြည်ရဲ့ စနစ်ဆိုးအောက်မှာ ခံစားနေကြရတဲ့ မိခင်တွေအတွက် ခွန်အားဖြစ်စေချင်လို့တက်တာပါ။ မိခင်တွေဟာ ဒီလိုဂုဏ်ပြုခံ ထိုက်မှန်း မသိနိုင်အောင်ကိုပဲ ရုန်းကန်လှုပ်ရှား နေကြရတာများတယ်" ဟု ဆိုသည်။

ယင်းပွဲသို့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၏ မိခင်၊ အလွတ်တန်း သတင်းထောက် ကိုပါကြီး၏ ဇနီး အပါအဝင် ကဏ္ဍအသီးသီးမှ မိခင်ခုနစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။

Credit - Mizzima News

No comments:

Post a Comment