Thursday, May 21, 2015

ဘန်ကောက်တွင် ကျင်းပမည့် လှေပေါ်ရောက် ဒုက္ခသည်များအရေး အစည်းအဝေး မြန်မာတက်မည်

 မွတ်စလင်နိုင်ငံများသို့ လှေများဖြင့် ထွက်ပြေးကြသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေစိုက်သူများပြဿနာ ကိုင်တွယ်ဖြေရှင်းရန် ဘန်ကောက်တွင်ကျင်းပမည့် အစည်းအဝေးသို့ မြန်မာနိုင်ငံက သဘောထားပြောင်းလဲ၍ တက်ရောက်ဖြစ်ဖွယ်ရှိကြောင်း အေပီသတင်းက မေ ၂၀ တွင် ဖေါ်ပြသည်။

မေ ၂၉ ရက်တွင် ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ ဖိတ်ကြားချက်ကို မြန်မာဖက်က လက်ခံကြောင်း ထိုင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝင်နိုင်းကပြောသည်။

အဆိုပါ ရေမြေကမ်းတင်ရွှေ့ပြောင်းသူများပြဿနာသည် မြန်မာနိုင်ငံမှ ပြဿနာရင်းမြစ်မဟုတ်ကြောင်း ပြောလျက် နေပြည်တော်က တွေ့ဆုံမှုသို့ တက်ရောက်ရန် အစက တွန့်ဆုတ်နေခဲ့သည်။

ရိုဟင်ဂျာဟု ဘာသာပြောဆိုသတ်မှတ်ထားသည့် မွတ်စလင်များနှင့် ဘင်္ဂလီများ ထောင်ပေါင်းများစွာက ရွှေ့ပြောင်းအခြေချရန် ပင်လယ်ကို ဖြတ်နေကြရာ ဒေသအတွက် အဓိက ပြဿနာဖြစ်နေသည်။

"ကျွန်တော်တို့အားလုံး အတူတကွ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဝိုင်းစဉ်းစားကြမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောခဲ့သည်။

ရေမျောကမ်းတင် ရွှေ့ပြောင်းသူများကို မလေးရှားနှင့် အင်ဒိုနီးရှားတို့က လက်ခံရန်ငြင်းဆန်လျက်ရှိရာမှ သဘောထား ပြောင်းလဲပြီးနောက်တွင် မြန်မာနိုင်ငံအစည်းအဝေးသို့ တက်ရောက်ဖွယ်ရှိသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

မဇ္ဈိမ


Credit - Mizzima - News in Burmese

No comments:

Post a Comment