Monday, May 18, 2015

အမျိုးသား ပညာရေး ဥပဒေကြမ်း လွှတ်တော်နှစ်ရပ်ကွဲလွဲ ပြည်ထောင်စု လွှတ်တော် တွင်ဆွေးနွေးဆုံးဖြတ်မည်

နေပြည်တော်၊မေ ၁၈။        ။ အမျိုးသား ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရာတွင် လွှတ်တော်နှစ်ရပ် သဘေားထား ကွဲလွှဲမှုများ ပြည်ထောင်စု လွှတ်တော် တွင်ဆွေးနွေး ဆုံးဖြတ်ရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့ လွှတ်တော်အစည်းအဝေးတွင် အဆိုတင် သွင်းလိုက်သည်။

School-Tapate-7



“အပိုဒ် ၈ က အမျိုးသားလွှတ်တော်က  တက္ကသိုလ် ဆရာသမဂ္ဂ၏ကိုယ်စားလှယ် ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ဆိုပြီးပါတယ်။ ပြည်သူလွှတ်တော်က ဆရာ ကိုယ်စားလှယ်များ ကျောင်းသားကိုယ်စားလှယ်လို့ပါတယ်။ ကျွန်တော်တင်ပြချင်လိုတာက ဆရာတစ်ယောက်ကတော်နေမယ်။ကောင်စီမှာလည်း ပါဝင်ဖို့ အရည်းအချင်း ရှိမယ်။သို့သော် သမဂ္ဂ၀င်ချင်မှဝင်မယ်။ အဲဒီလူကိုသမဂ္ဂ၀င်မှကောင်စီဖြစ်မယ်ဆိုတာမျိုး အမျိုးသားလွှတ်တော်က သက်မှတ်ထားတာ သဘော မတူပါဘူး”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးသည်။

သို့သော် ဥပဒေကြမ်းကော်မတီက အချိန်ယူပြီး ကြားနားကာ ဒီပုဒ်မကိုထည့်သွင်းရန် လိုအပ်သည်ဟု ယူဆသည့်အတွက် ဥပဒေကြမ်းကော်မတီ အတိုင်း အတည်ပြုရန် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးခင်မောင်ရီက ဆွေးနွေးသည်။ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၈၅၊ ကြားနေမဲ ၆၊ ကန် ကွက် ၈၁ မဲဖြင့် လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်များဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသားပညာရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြန်လည်ပြင်ဆင်သည့် ပုဒ်မ ၈ ခုနှင့်မလိုအပ်ဘဲ ပယ်ဖျက်သင့်သော ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် ပုဒ်မ ၄ ခု ကို လွှတ်တော်နှစ်ရပ် သဘောထားကွဲလွှဲချက်များ ကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ဆွေးနွေးမည်ဖြစ်သည်။

ပထမအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ၄၉ ရက်မြောက်နေ့တွင် အမျိုးသား ပညာရေးဥပဒေကြမ်းအား တစ်ပိုဒ်စီ အမျိုးသားလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အချက်အလတ်တော်တော်များများမှာ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွှဲ မှုများသည့်အတွက်ပြည်ထောင်စု လွှတ်တော် သို့ပေးပို့ဆွေးနွေး ဆုံးဖြတ်သွား မည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment