Thursday, May 21, 2015

အရေးပေါ် စီမံမှုအက်ဥပဒေ ဖျက်သိမ်းရန် အတိုက်အခံအမတ်တို့ တောင်းဆိုမှု လွှတ်တော်ပယ်ချ

နေပြည်တော် (မဇ္ဈိမ)။ ။  နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံ့အရေးဆောင်ရွက်နေသူများကို အုပ်ချုပ်ရေးအဖွဲ့ က အချိန်မရွေး ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားစွဲဆို ထောင်ချခြင်း ပြုလုပ်နိုင်သည့် ၁၉၅၀ ခုနှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ (The Emergency Act) ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုကို အင်န်အယ်လ်ဒီပါတီမှ ပုသိမ်မြို့နယ်အမတ် ဦးဝင်းမြင့်က လွှတ်တော်သို့ ယနေ့ (မေ ၂၀ရက်)က တင်သွင်းချက်ကို ကန့် ကွက်မဲ ၂၆၅ မဲဖြင့် ပယ်ချခဲ့သည်။

U-Win-Myint-proposing-a-bill-for-1950-Amergency-Law



“ဒီဥပဒေပြဌာန်းချက်များဟာ ရာဇသတ်ကြီးဥပဒေပါ ပြဌာန်းချက်များနှင့် ဆိုလိုရင်း သဘောတရား အတော်များများ တူနေခြင်း၊ နိုင်ငံသားများအား ဥပဒေဖြင့် အကာအကွယ်ပေးရမည့်အစား ဖိနှိပ် ချုပ်ချယ်င်နိုသည့် အလားတူဥပဒေတစ်ခု မရှိသင့်ခြင်း၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နေချိန်တွင်နိုင်ငံ သားများ၏ မူလအခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် ဥပဒေမျိုးကို ပယ်ဖျက်သင့်ခြင်းတို့ကြောင့် အခု အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်”ဟုပြည်သူ့  လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော်သို့  တင်ပြ ခဲ့သည်။

ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့် ရှင်းသောအစိုးရကို ဖြစ်ပေါ်လာစေရန် တရားမျှတမှုကို ရှေ့ ရှုပြီး ဆင်ခြင်တုံတရားကို လက်ကိုင်ပြုသော ဥပဒေများကို မှီခိုအားထားကြရပါကြောင်း၊ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ မကျရောက်ပါပဲနှင့် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ အင်အားစုများ၊ ပြည်သူပြည်သားများ အား ဖိနှိပ် ချုပ်ချယ်ပြီး ချေမှုန်းတိုက်ဖျက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချခြင်း စသည်တို့ အတွက် လက်နက်သဖွယ် အသုံးချနိုင်ခြင်း မဖြစ် သင့်ကြောင်း၊ ထို့ ကြောင့် အဆိုပါ ဥပဒေကို ပယ်ဖျက်သည့် ဥပဒေကြမ်းအား လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်းလည်း သူက ၇ှင်းလင်းပြောကြားခဲ့ သည်။

လှည်းကူးမြို့ နယ်အမတ် အင်န်အယ်လ်ဒီပါတီဝင် ဦးဖြိုးမင်းသိမ်းက ထိုအဆိုကိုထောက်ခံဆွေးနွေးရာတွင်“ဒီဥပဒေမှာပြဌာန်းထားတဲ့ ပုဒ်မတွေက အုပ်ချုပ်ရေး အဖွဲ့ အစည်းကို အာဏာအလွန်အကျွံပေးထားတဲ့ ပုဒ်မတွေချည်း ဖြစ်နေတယ်၊ ဒီပုဒ်မတွေဟာ ဘယ်လောက်အထိ အာဏာ အလွန်အကျွံ ဖြစ်ခဲ့သလဲ ဆိုရင် ကျောင်သားလှုပ်ရှားမှုမှာပါခဲ့တဲ့ ကျွန်တော်ဟာ ပုဒ်မ ၅ -ည နဲ့ ထောင် ခုနစ်နှစ်ကျခဲ့ပါတယ်၊ ဒီလို ကျခဲ့သော်ငြားလည်း အကျဉ်းထောင်ထဲမှာ ပုဒ်မ ၅ - ဂ နဲ့ ထောင်ခုနစ်နှစ် ထပ်မံ အချခံရတယ်၊ အကျဉ်းထောင်ထဲမှာပဲ နောက် ပုဒ်မ ၅ ဃ နဲ့ ထောင်ခုနစ်နှစ် ထပ်အချခံရပါတယ်၊ ဒီဥပဒေတွေဟာ ပြင်ပမှာတင် မဟုတ်ဘဲ ထောင်လိုနေရာမျိုးတွေအထိ အုပ်ချုပ်ရေးအဖွဲ့ က အာဏာကို အလွန်အကျွံသုံးစွဲနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ဒီဥပဒေကို ရုပ်သိမ်း ဖို့ လိုအပ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

သို့ ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က “၁၉၅၀ ပြည့်နှစ် မတ်လ ၉ ရက်နေ့မှာ ဒီဥပဒေကို ပြဌာန်းခဲ့ပြီး ပုဒ်မပေါင်း ရှစ်ခု ပါဝင်ပါတယ်၊ နိုင်ငံတော် လုံခြုံရေး၊ ငြိမ်ဝပ် ပိပြားရေး၊ တရားစီရင်ရေး၊ နိုင်ငံတော်စီးပွားရေး၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ် စက်ကိရိယာ၊ လမ်းပန်း ဆက် သွယ်ရေး၊ ပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးဆိုင်ရာ ကာကွယ်ပေး နိုင်ရန် အတွက် ရည်ရွယ်ပြီးပြဌာန်းထားကြောင်းလေ့လာတွေ့ ရှိရပါတယ်။

မမှန်သတင်းပေးခြင်းကို တားမြစ်ရတဲ့ ပုဒ်မ ပါခြင်းဟာ သတင်းအမှန်ထုတ်လွှင့်ခြင်းကို ကာကွယ်ပေးခြင်းလည်း ဖြစ်ပါတယ်၊ ယင်းဥပဒေဖြင့် မီဒီယာနဲ့ ပြည်သူ ကို ကာကွယ်ပေးထားပါတယ်၊ နိုင်ငံရေးလုပ်ဆောင်နေသော အင်အားစုများအတွက် အကာအကွယ်ရရှိခြင်းတို့ ကိုလည်း ထိခိုက်ခြင်း မရှိကြောင်း တွေ့ ရှိရပါတယ်၊ နိုင်ငံတော် လုံခြုံရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုတင်ကာကွယ်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်၊ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်စပ်နေပါတယ်၊ ဒါကြောင့် ဒီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း တင်ပြ ပါတယ်” ဟု ဦးဝင်းမြင့်၏ အဆိုကို ကန့် ကွက် ပြောကြားခဲ့သည်။

ထို့ အတူ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ကျိုင်းတုံမြို့ နယ်အမတ် ဦးစတီဗင်က “ဒီနေ့ တင်သွင်းတဲ့အဆိုက ဥပဒေတစ်ခုလုံးကိုရုပ်သိမ်းဖို့ ဖြစ်နေ တယ်၊ ဒါက နိုင်ငံတော်လုံခြုံရေး အတွက် ရည်ရွယ်ပြဌာန်းထားတဲ့ ဥပဒေဖြစ်လို့ ဒါကို ရုပ်သိမ်းလိုက်ရင် အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ ဆိုသလို တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေ ဆူပူသောင်းကျန်းမှုတွေ လှုံ့ ဆော်မှုတွေ ထကြွမှုတွေ အများအပြားပေါ်လာမယ်လို့ ယူဆမိပါတယ်၊ တချို့ သော လူ လေးဆယ် ငါးဆယ်လောက် အရေးယူခံရလို့ ကျွန်တော်တို့ ဥပဒေကြီးကို ဖျက်သိမ်းမယ်ဆိုရင် ကျန်တဲ့ သန်းငါးဆယ်ကျော်သော ပြည်သူများရဲ့ တည်ငြိမ်အေးချမ်းရေးကို လျစ်လျူရှုရာ ကျပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့ပြီး ထိုဥပဒေကို ဖျက်သိမ်းရန် မသင့်ကြောင်း တင်ပြခဲ့သည်။

ပြည်သူ့ လွှတ်တော်တွင်း မဲခွဲသည့်အခါ ဦးဝင်းမြင့်၏ အဆိုမှာ ထောက်ခံမဲ ၅၀ သာ ရရှိပြီး ကန့် ကွက်မဲ များသဖြင့် လွှတ်တော်က ပယ်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေတစ်ရပ်လုံးအား ရုပ်သိမ်းသင့်ကြောင်းကို ပြည်သူ့ လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် သင်္ကန်းကျွန်းမြို့ နယ်အမတ် ဦးသိန်းညွန့် က အဆိုတင်သွင်းခဲ့ဖူးသော်လည်း လွှတ်တော်တွင်း မဲခွဲရာတွင် ထောက်ခံမဲ ရှစ်မဲသာ ရရှိပြီး ရှုံးနိမ့်ခဲ့သည်။ ထိုသို့ ရှုံးနိမ့်ခဲ့သဖြင့် တတိယအကြိမ် အစည်းအဝေး တွင် ဥပဒေပါ ပုဒ်မ နှစ်ခု ( ၅-ည နှင့် ၅- င) ကိုသာ ပြင်ဆင်ရန် အဆို ထပ်တင်ခဲ့ပြန် သည်။ ထိုသို့ ပြင်ဆင်ဆွေးနွေးချက်များမှာ  မြန်မာနိုင်ငံ ပြန်တမ်းတွင် အမိန့် ကြော်ငြာစာ အမှတ် ၁၀၊ ၂၀၁၂ ဖြင့် ပြန်တမ်းထုတ်နိုင်သည့်အနေအထားသို့ ရောက်ရှိခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment