ရန်ကုန်၊ မေ ၁၈။ ။ ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ် လေးဦး အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်သုံးခုမှ ကျောင်းသား သမဂ္ဂများနှင့် သွားရောက်တွေ့ဆုံပြီဟု နေပြည်တော် ပုပ္ပါသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က မဇ္ဈိမကိုပြောသည်။
အင်္ဂလန်နိုင်ငံရှိ Liver pool တက္ကသိုလ်၊ Oxford တက္ကသိုလ်၊ Harvard တက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများနှင့် တွေ့ဆုံ၍ ကျောင်း၏ မူဝါဒ ပိုင်းကို ငါးရက်ကြာ သွားရောက်ပြီး လေ့လာဆွေးနွေးရန် ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကိုဇေယျလွင်၊ ကိုနန်းလင်း အပါအ၀င် ကျောင်းသား ကိုယ်စားလှယ်လေးဦးသည် မေ ၁၇ရက် နံနက်က ထွက်ခွာသွားပြီးဖြစ်သည်။
"တခြားနိုင်ငံရေး ပညာရေး လုပ်ကိုင်နေကြတဲ့ မူဝါဒပိုင်း သမဂ္ဂဖွဲ့စည်းပုံနှင့် လုပ်ကိုင်ဆောင်ရွက်ပုံကို သွားရောက်လေ့လားသွားကြတာ၊ အဲ့လို သွားလေ့လာတော့ကျောင်းသားတွေ အနေနဲ့ အမြင်ကျယ်လာမယ်၊ သမဂ္ဂဖွဲ့စည်းပုံချင်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတော့ ပိုပြီး လေ့လာလို့ ကောင်းတာပေါ့" ဟု ၎င်းကပြောသည်။
အဆိုပါ ခရီးစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်ခြင်းဖြစ်ပြီး ဒီမိုကရေစီကျောင်းသားသပိတ်မှ ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်က တွေ့ဆုံစဉ် ပညာရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အပါအဝင် နိုင်ငံတကာမှ ကျောင်းသားသမဂ္ဂများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အကူအညီပေးရန် ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ပညာရေးပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် စတင်ရေးဆွဲ ၂၀၁၂ ဒီဇင်ဘာလမှရေးဆွဲကတည်းက ၀င်ရောက်ပူးပေါင်းခဲ့သေသည့် ဟု ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပညာရေး နှင့် ပတ်သက်၍ ဥပဒေကောင်းတစ်ရပ် ပေါ်ထွက်လာရန် မူဝါဒသုံးခု ချမှတ်ကာ ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံရှိ ကျောင်းသားသမဂ္ဂများသည် ဧပြီ ၄ရက်ကလည်း ဗြိတိန် နှင့် သြစတြေးလျ နိုင်ငံများရှိ တက္ကသိုလ် (၄) ခုမှ ကျောင်းသား သမဂ္ဂများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကာ အတွေ့အကြုံများ ဖလှယ်ခဲ့သေးသည်။
Credit - Mizzima News
No comments:
Post a Comment