Wednesday, May 20, 2015

နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်းမှာ စောင့်ကြည့်ဆဲ အခြေအနေရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုမငြိမ်သက်မှုကြောင့် မတ်လ ၁၈ ရက်မှ နောက်ထပ် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်း အခြေအနေမှာ စောင့်ကြည့်နေဆဲ အခြေအနေရှိသည်ဟု  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မေ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်  မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကာ ပင်လယ်ပြင်တွင် လည်း လှိုင်းကြီးနိုင်သည်ဟု မိုးလေဝသက ထုတ်ပြန်ထားသည်။

ဦးလှထွန်းက“ ရန်ကုန်တိုင်းမှာလည်း လေထုမငြိမ်သက်မှုကြောင့် မိုးကြီးနိုင်တယ်။ ဒါပေမယ့် မုန်တိုင်းကတော့ စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်” ဟု ပြောသည်။  မြန်မာ့ ပင်လယ်ပြင်တွင်လည်း လှိုင်းကြီးနိုင်သောကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောများကလည်း ကြိုတင်သတိပြု ရှောင်ရှား သင့်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မိုးလေဝသ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး  မိုးဇလမှ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်  “ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ကမ်းရိုး တမ်းမှာ ဒီနေ့တော့ ရာသီဥတု စတင်ဆိုးလာပါမယ်။ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းလည်း ၈ ပေမှ ၁၀ ပေလောက်ထိ ရှိနိုင်ပါတယ်။ ငါးဖမ်းလှေ ပို့ဆောင်ရေးသင်္ဘောတွေ ဂရုစိုက်ရန် ဖြစ်ပါတယ်။ မုတ်သုံအဝင်ဖြစ်လို့  မိုးလေဝသဖြစ်စဉ်တွေဟာ ပြင်းထန်ပါတယ်” ဟု ရေးသားထားသည်။


Credit - Mizzima News

No comments:

Post a Comment