Thursday, May 21, 2015

လှေပေါ်ရောက် ဒုက္ခသည်များအရေး မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ ဝန်ကြီးတို့ ဆွေးနွေးမည်

 အာရှ ပင်လင်တွင်းရောက် လှေပေါ်မှ ဒုက္ခသည်များအရေးနှင့် တရားမဝင် ရွှေ့ပြောင်း လူမှောင်ခိုကိစ္စ ပြဿနာများအပေါ် ဆွေးနွေးသွားရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖတ်ရှ်အမန်က မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်ဖြစ်ကြောင်း ချန်နယ်နယူအေရှတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စီစဉ်ခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် လူမှောင်ခိုဂိုဏ်းများနှင့် လူမှောင်ခိုကူးမှုများပြဿနာများကို အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဟု ဆိုသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်သည် အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် လူများရွှေ့ပြောင်းနိုင်ငံခိုးမှုပြဿနာအရေး သုံးဦးသုံးဖလှယ်တွေ့ဆုံပြီးနောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် ပင်လယ်တွင်းသောင်တင်နေသည့် ရိုဟင်ဂျာဆိုသူများနှင့် ဘင်္ဂလီများ ၇၀၀၀ ခန့်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားတို့က ယာယီခိုလှုံခွင့်ပေးမည်ဟူသော ကတိကဝတ်ကို ရရှိခဲ့သည်။

မဇ္ဈိမ


Credit - Mizzima - News in Burmese

No comments:

Post a Comment