“ဇာတ်အနိမ့်၊အမြင့်ခွဲခြားတာ သူတို့နှင့် လူမျိုးဘာသာမတူတဲ့ အခြားဘယ် လူမျိုးကိုမဆို သူတို့ထက်နိမ့်တယ် (ဇာတ်နိမ့်တယ်)လို့ ယူဆကြတယ်ကွ။ ဇာတ်အနိမ့် အမြင့်ခွဲခြားတာပါ။ မင်းတို့ လက်နဲ့ထိတယ်ဆိုရင် နိမ့်ကျ တယ်။ ယုတ်ညံ့တယ်။ မသတီစရာလို့ အထင်ရောက်တယ်။ ဒါကြောင့် အဲဒီပစ္စည်း (အဲဒီမာလကာသီး)ကို သူတို့ မလို ချင်ကြတော့ဘူး။ ဒါကြောင့် မင်းတို့ကို “လေးဂျောင်း၊ လေးဂျောင်း” “ယူသွား၊ ယူသွား” . . .
~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်တစ်ပတ်မှ အဆက်
အမှတ်မထင် မိမိအရပ်နှင့် လက်လှမ်းမမီသည့် မာလကာသီးကြီးကြီးလုံးကို လှမ်းကိုင်လိုက်သည်။““ဟေ့ …ဟေ့ မတ်ပတ် ကရိုး လေးဂျောင်း”” ဆိုပြီး မာလကာသီး ကိုခူးပြီး မာလကာသီးကို မိမိလက်ထဲသို့ ထည့် လိုက်သည်။ ဘာပြောတာလဲ မသိ။ ဘာလုပ်မှန်းလဲမသိ။မိမိလက်ထဲက မာလ ကာသီးကြီးကတော့ မိမိကို ပြုံးပြုံးကြီးမော့ ကြည့်လို့။
လူငယ် မာလကာခြံစောင့်ပြောသည့် ဟိန္ဒူစတန်နီစကားကို မိမိတို့အဖွဲ့နှင့်အတူ ပါလာသည့် ဟိန္ဒူစတန်နီ စကားနားလည် သည့်ဗမာဦးလေးကြီးတစ်ဦးကိုမေးကြည့် တော့ ““သူတို့မာလကာသီးတွေကို မင်းတို့ လက်နဲ့ ထိတာ၊ကိုင်တာမကြိုက်ဘူး။ ဘာ ဖြစ်လို့လဲလို့ မိမိကမေးတော့““ဇာတ်အနိမ့်၊ အမြင့်ခွဲခြားတာ သူတို့နှင့် လူမျိုး ဘာသာ မတူတဲ့ အခြားဘယ်လူမျိုးကိုမဆိုသူတို့ထက် နိမ့်တယ် (ဇာတ်နိမ့်တယ်)လို့ ယူဆကြတယ်ကွ။ ဇာတ် အနိမ့်အမြင့်ခွဲခြားတာပါ။ မင်းတို့ လက်နဲ့ထိတယ်ဆိုရင် နိမ့်ကျတယ်။ ယုတ်ညံ့တယ်။ မသတီစရာလို့ အထင် ရောက် တယ်။ဒါကြောင့်အဲဒီပစ္စည်း (အဲဒီမာလကာသီး)ကို သူတို့ မလိုချင်ကြတော့ဘူး။ ဒါကြောင့် မင်းတို့ကို ““လေးဂျောင်း၊ လေးဂျောင်း”” ““ယူသွား၊ ယူသွား””လို့ ပြောလွှတ်တာပါ။…
မိမိတို့ ညီအစ်ကိုနှင့်အတူ ရန်ကုန်က ပါလာသည့် သူငယ်ချင်းတစ်စုလူငယ်ဘ၀ အပျော် သဘောမျိုးဖြင့် မာလ ကာခြံ၊ လိမ္မော်သီးခြံ၊ ဇီးသီးခြံများကမာလကာသီး၊ဆီးသီး၊ လိမ္မော်သီးတွေကို တစ်ခြံဝင် တစ်ခြံထွက် လက်နဲ့ လိုက်ပြီး ထိလိုက်ကြတာ တည်းခိုရာ ကာလကတ္တားဘုန်းကြီးကျောင်းသို့ ပြန် ရောက်ချိန်မှာတော့ မိမိတို့၏ အနွေးအင်္ကျီ အတွင်း ၀ှက်ယူထားသည့် အသီးအနှံတွေ တစ်ပုံတစ်ပင်ကြီး ဖြစ်နေတော့သည်။
မိမိတို့ လုပ်ရပ်ကို မိမိတို့အုပ်ထိန်းသူတွေက တစ်ဆင့် ကျောင်းထိုင်ဆရာတော် ဆီရောက်သွားသည်။ ဘုန်းကြီး က ဒိန္ဒာဒါနာကံ မကျုးလွန်ရ အချိုသာဆုံးပြောဆို ဆုံးမသည်။ သို့သော် ကျောင်းထိုင်ဘုန်းတော်ကြီး၏ အမိန့် ဖြင့် လက်ထောက် ဘုန်းကြီးတစ်ပါးက မိမိတို့အား ကြိမ်ဒဏ် ခပ်ဆတ်ဆတ် ၃ချက်ချီးမြှင့်လိုက်သည်။ ဘုန်းကြီး ကြိမ်ဒဏ်ကို ပထမဦးဆုံး စားသုံးရခြင်း လည်းဖြစ်သည်။
မိမိတို့တည်းခိုရာ ဘုန်းတော်ကြီးကျောင်းသည် ကာလကတ္တားမြို့ ပေါ်တွင်ရှိသည့်အတွက် မိမိတို့အဖို့သွားရေး လာရေး လွယ်ကူသည်။ ဓာတ်ရထား ခဏခဏစီးခွင့်ကြုံသည်။ ကာလကတ္တားတရုတ်တန်းကို မုန့်ဖိုးတွေစုပြီး တစ်ခါတစ်ရံ သွားစားဖြစ်သည်။ ကာလကတ္တားတရုတ်တန်းသည် (မိမိမရောက်ဖူးသော်လည်း) အခြားနိုင်ငံ (အထူးသဖြင့် မိမိတို့မြန်မာနိုင်ငံ)မှ တရုတ်တန်းကဲ့သို့ပင် ပွက်ပွက်ဆူနေသည်။ အသားပြုတ်ရည်အိုး များ၊ ဇောက် ထိုးချိတ် ဆွဲခံ ထားရသည့် ကြက်၊ဘဲများ ခေါင်းဖြတ် ချိတ်ခံထားရသည့် ၀က်များစသည်ဖြင့် စုံလင် လှသည်။ မိမိတို့ရရှိသည့် မုန့်ဖိုးနှင့် အရွယ်အရ တရုတ်တန်းသွားပြီး စားကြ သောက်ကြရန် စိတ်သွားတိုင်း ကိုယ်မ ပါနိုင်ခဲ့ကြချေ။ ကာလ်ကတ္တားတွင်ရှိစဉ် နှစ်ကြိမ်ခန့်သာ တရုတ်တန်းသို့ရောက်ဖူးခဲ့သည်။
အိနိ္ဒယနိုင်ငံတွင် တိုင်းရင်းသားလူမျိုး စုများ အတော်များပြားသည့်အလျောက် ဒေသဆိုင်ရာ ရိုးရာပွဲများလည်း အလွန် ပေါသည်။ မိမိတို့ဘုန်းကြီးကျောင်းရှေ့ တွင် အိနိ္ဒယတိုင်းရင်းသားမျိုးစုံ၏ ဘာသာ ရေးပွဲတော်ကဲ့သို့မျိုး၊ အထိမ်းအမှတ်ပွဲ တော်ကဲ့သို့မျိုး ပွဲများ ရက်ခြားနီးနီးလောက် လှည့်လည်ကျင်းပလေ့ရှိသည်။ အ၀တ် အစား ရောင်စုံ၊ အကရောင်စုံ၊ အကနည်း မျိုးစုံဖြင့် မျက်စိပသာဖြစ်စရာ အလွန် ကောင်းသည့်ပွဲများဖြစ်သည်။ မိမိတို့လည်း ကလေးသဘာဝဘုန်းကြီးကျောင်း ရှေ့လာပြီး ကပြဖျော်ဖြေတဲ့ အဖွဲ့တွေနောက်လျှောက်ပြီး လိုက်ကြည့် ကြသည်။
ဘုရားဖူးအဖွဲ့တွင် မိမိတို့နှင့် ကလေး ဘဘာဝတစ်ယောက်ကို တစ်ယောက် မိတ်ဆက်ပေးစရာမလိုဘဲ ခင်မင် ကြသည့် သူငယ်ချင်းတချို့ရှိသည်။စားအတူ သွားအတူ လျှောက်လည်တော့လည်း အတူတူ။ ဒါပေမဲ့ အဲဒီ သူငယ်ချင်းတွေရဲ့ နာမည် မိမိပြန်ပြီး စဉ်းစားလို့မရတော့။
ခေါက်ရှာငှက် …စာနယ်ဇင်းသမား ရဲ့ ကနဦးဆောင်းပါးမှာ မိမိဖော်ပြခဲ့သည်။ မိမိတို့ညီအစ်ကို၏အားနည်းချက်၊ စိတ်တို စိတ်ဆတ်သည့် သည်းခံစိတ်မရှိ၊ ကိုယ်နှင့် မဆိုင်ဝင်ပါတတ်သည်စသည့် ““အထောင်စိတ်””တွေ ကို ရှေ့တန်းတင်ပြီး ရန်ဖြစ်တတ် သည်ဆိုသည့် အကျင့်ဆိုးအကြောင်းဖြစ် သည်။ စကော့ဈေးတွင်ရန် ခဏခဏ ဖြစ်သည်။ မင်းမနိုင်တွင်ဖြစ်သည်။အခု ခေတ္တ ခဏအိန္ဒိယကို ဘုရားဖူးခရီးတွင် ဆက်ဖြစ် ပြန်သည်။ တစ်နေ့ မိမိမမှတ်မိတော့သည့် အကြောင်းရင်းတစ်ခုနှင့်အတူမိမိတို့နံနက် စာထမင်းစား နောက်ကျသည်။ ဘုန်းကြီး ကျောင်းတွင် ထမင်းဟင်းကုန်သွားသည်။ လက်ထောက်ဦးဇင်းတစ်ပါးရဲ့ အစီအစဉ် ဖြင့် တစ်နေရာရာက ချာပါ တီတွေကို မိမိ တို့ဆီ ခမျာယူလာပေးရှာသည်။
မိမိတို့ အနေဖြင့် ထိုအချိန်က ချာပါတီမှန်းလည်း မသိ၊ အာဟာ ရဖြည့်အစာ၊ ထမင်းအစား ထိုးအစာအဖြစ်လည်း မိမိတို့မသိခဲ့။ မိမိတို့ အနေဖြင့် ဆန်နှင့်ထမင်းနှင့်သာရင်းနှီး ခဲ့ကြ သည် ဖြစ်သည်။ အဲဒီချာပါတီကို ရုံးပတီသီးနှင့် ပဲကြီးအစေ့လိုက် ခရမ်းချဉ် သီးနှင့် ချက်ထားသည့် ဟင်း နှင့် စားရမည် ဖြစ်သည်။စားနေကျဖြစ်သည့် အိနိ္ဒယ လူမျိုး တွေ အတွက် ချာပါတီနှင့် အသီးအရွက် ဟင်းသည် အနံ့အသက်အားဖြင့်လည်း မိမိတို့နှင့် မရင်းနှီး၊ အဲဒီချာ ပါတီနှင့် သီးစုံ ဟင်း သည် အတော်အတန်ကြာ ပြီဖြစ် သည့် ဟင်းအနံ့ပေါ်မှာလည်း မိမိတို့ ဗစစနအငအန မဖြစ်ခဲ့။ ဒါကြောင့် ဦးဇင်းပေးသည့် အဲဒီ ချာပါတီနှင့် သီးစုံ ဟင်းထုပ်ကိုယူပြီးကျောင်း အပေါ်ထပ်ကို တက်လာခဲ့ သည်။ မိမိတို့ ဘုရားဖူးဖော်ကျောင်းသားများ ကျောင်း အပေါ်ထပ်ရင်ပြင်တွင် ကိုယ်စီ နေရာယူ ကြသည်။ ချာပါတီထုပ် ကိုဖွင့်ကြသည်။
တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်သည်။ မျက်နှာရှုံးပြကြသည်။ အချို့ကျောင်းသားတွေက ချာပါတီကို စိတ်မဲ့တပါ ပါးစပ်ထဲထည့် ပြီး တစ်ချက်ချင်းဝါးနေကြသည်။ မိမိကိုလှမ်းကြည့်သည်။ မိမိလည်းကျောင်း ပေါ်က ဘုန်းကြီးသွား ဘုန်းကြီး လာကို ကြည့်သည်။ ဘုန်းကြီးတစ်ပါး တလေမှ မမြင်တဲ့အဆုံး အဲဒီချာပါတီ အထုပ်ကိုကျောင်း နောက်ဖေးဝရန် တာကနေကသောကမျော ပစ်ချလိုက်သည်။ ချာပါတီအထုပ်ကိုကျပြီး မရှေး မနှောင်းမှာပဲ အောက်အိမ်က အော် သံကြားလိုက်ရသည်။အဲဒီအထုပ် ဘယ်သူပစ်ချတာလဲ။ အမှိုက်ပစ်တဲ့နေရာ မဟုတ် ဘူးကွ …စသည်ဖြင့် ကုလားစကားကို မိမိဖာသာ အဓိပ္ပာယ်ဖော်ခြင်းဖြစ်သည်။ အောက် ကနေကျောင်းပေါ်ကို အော်ပြော နေသည်။ မိမိအသာ ထွက်ကြည့်သည်။ မိမိကို လက်ညှိုးထိုးပြီး အော်ပြောပြောနေ ကြသည်။
မိမိအသာခေါင်း ကိုလျှိုပြီး အတွင်း ပြန်ဝင်ထိုင်လိုက်သည်။ အောက်ထပ်ဘေး အိမ်က ဟိန်္ဒူစတန်နီမိသားစုနှင့် ပတ်ဝန်း ကျင်ရဲ့အသံ တွေကပိုပြီး ကျယ်လောင်လာသည်။ တစ်အိမ်တည်ကအိမ်မှ ပြောဆိုသံ တွေတင် မကတော့ဘူး။ ဘေးပတ်ဝန်းကျင် အိမ်ကမိသားစုတွေရဲ့အသံတွေပါ ခဏ ကြာတော့ ပါဝင်လာသည်။ အဲဒီေ အ်ာမြည် ဆူပူကြိမ်း မောင်း သံတွေ မကြာခင်ပျောက် သွားပြီး ခဏအကြာမှတော့ အဆိုပါအသံ ပိုင်ရှင်အုပ်စုလိုက် မိမိတို့တည်းခိုရာ ဘုန်း ကြီးကျောင်းထဲရောက်လာသည်။ အပေါ် ထပ် ၀ရန်တာပေါ်က ထွက်ကြည့်နေသည့် မိမိကို လက်ညှိုးငေါက် ငေါက်ဝိုင်းထိုးကြသည်။ ပြီးတော့ အောက်ကိုဆင်းလာဖို့ ဒေါကြီးမောကြီးပြောပြီး လက်ယပ်ခေါ် သည်။ ကျောင်း အပေါ်ထပ် ၀ရန်တာပေါ်မှာ ရှိနေကြသည့် မိမိတို့ရန်ကုန်က ဘုရားဖူး သူငယ်ချင်း တစ်စု အောက် သို့ဆင်းလာခဲ့ ကြသည်။ မြို့ခံဟိန္ဒူစတန်နီတွေရဲ့ အော်ဟစ်ဆူပူသံကြောင့် ကပိ္ပယတချို့နှင့် သံဃာတော် တစ်ပါးနှစ်ပါးလည်း အော်ဟစ် ဆူပူနေသည့် နေရာကိုရောက်လာကြသည်။
ကျောင်းတွင်လည်း ကျောင်းထိုင် ကိုယ်တော်ကြီးမရှိ။ အပြင်သွားနေသည် ထင်သည်။ မိမိတို့အဖွဲ့ဆင်းလာ လိုက်သည်။ အောက်ထပ်တွင် မိမိအစ်ကိုနှင့် ညီငယ်ကောင်၇နှစ်သားခန့်ဇော်ဝင်းကိုပါ တွေ့လိုက်သည်။ မိမိကို ညီအစ်ကိုနှစ် ယောက်စလုံး စိုးရိမ်တကြီး လှမ်းကြည့်ကြ သည်။ ပြီးတော့ လှစ်ခနဲ လှည့်ပြီးထွက်ပြေး သွား သည်။ မိမိသိလိုက်ရသည်။ လူကြီး တစ်ယောက်ယောက်ကို အထဲမှာသွား ခေါ်တာဖြစ်မည်။ အပေါ်ထပ်က ဆင်းလာ ပြီးကျောင်းဝင်းထဲတွင် မိမိ ရပ်နေသည့်နေရာနှင့် စောစောက ဟိန္ဒူစတန်နီကုလားများ ကျောင်းထဲ ၀င်လာသည့်နေရာတွင် ဆယ်ပေလောက်သာကွာမည်။ အဲဒီ ရပ်ကွက်အုပ်စုထဲက ခေါင်းဆောင် တစ်ေ ယာက် ဒေါသတကြီး ပြောပြောဆို ရှေ့တိုးလာပြီး မိမိနားရင်းကိုအုပ်ထည့်လိုက်သည်။ လူကြီး လည်း ဖြစ်နေ ပြန်တာ ရယ်၊ ပြဿနာဖြစ်ရန် မိမိအုပ်ထိန်းသူတွေ ဆူပူကြိမ်းမောင်း ကြမှာရယ်ပြီးတော့ဘုန်းကြီးရဲ့ ကြိမ်လုံးကို ပြေးမြင် ရသည့် အခိုက်မှာ မိမိမည်သို့မျှ မကာကွယ်နိုင်ခဲ့။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment