Sunday, December 21, 2014

ခေါက်ရှာငှက်ပျံလောကဓံ စုန်,ဆန်မနား ကျွန်တော် စာနယ်ဇင်းသမား – စာဆက်

 မိမိကိုစတင်ပြီး နားရင်းကိုရိုက်လိုက် ခြင်းသည် ရန်ပွဲစတင်သည့် ခေါင်းလောင်း ထိုးလိုက်သည့် သဘော မျိုးဖြစ်ကာ မိမိအစ်ကိုရော ကျောင်းတွင်တည်းခိုနေကြသည့် ဘုရားဖူးသူငယ်ချင်းတွေရောကပိ္ပယ တွေရော ဘုန်းကြီးကျောင်းသား တွေပါမက သံဃာတော်အချို့ပါဝင်သည့် ရန်ပွဲကြီးဖြစ် ပါတော့သည်။ မိမိစတင် တိုက် ခိုက်ခံရသည့် အတွက် မိမိတုံ့ပြန်မှုများသည် ထိရောက် သလား၊မထိရောက်သလား မသိနိုင်တော့။ ပူထူနေ သော အတွေ့နှင့် ငံကျိကျိအရသာ ကို ခံစားရသည်။ မျက်ကွင်းများညိုပြီး နှုတ်ခမ်းကွဲသွားသည်။

အော်ဟစ်ဆူပူသံများ ငြိမ်သက်သွား စေမည့် သံဝါတစ်သံကျယ်လောင်စွာ ပေါ် ထွက်လာသည့်အသံ ““ဟေ့ အားလုံး တော်ကြစမ်း၊ ရပ်လိုက်””လို့ ဆိုတာမျိုး ဖြစ်မည်ထင်သည်။ ရပ်ကွက်ခေါင်းဆောင်က ဘုန်းတော်ကြီး အား ကုလားလိုပြောပြီး လျှောက်သည်။ ပြောရင်းနှင့်မိမိကို လက် ညှိုးထိုးသည်။ ဆရာတော်ကမိမိ ကိုလှမ်း ကြည့်သည်။ ထိုခေါင်းဆောင်ကပဲ မိမိကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ““လောက် လား၊ ဆာလား၊ နီမတ် ဟရမ်”” ဆိုပြီးအော် ပြောနေသည်။ မိမိအထင်တော့ ဆဲတာပဲ ဖြစ်မည်ထင်သည်။ ဆရာတော်က စကား အနည်း အကျဉ်းပြောလိုက်ပြီး ချိန်မှာတော့ အုပ်စုလိုက်ပြန်သွားကြတော့ သည်။

နှစ်ဖက်ရန်ဖြစ်ကြသူတွေထဲမှာ မိမိ အငယ်ဆုံးဖြစ်မည်ထင်သည်။ ဘုန်းကြီး ကျောင်းဝင်းထဲ ရန်ဖြစ်ကြသည် ဆို တော့ ကျောင်းက ကိုယ်ရင်တွေ၊ ဦးပဉ္စင်းတွေလည်း မပါမနေပါကြ ရပြီပေါ့။ ကျောင်း ထိုင်ဘုန်းကြီးအမိန့်ကို နာခံပြီး ရပ်ကွက် သူရပ်ကွက်သားတွေ ပြန်သွားကြသော် လည်း တချို့ရဲ့ဧည့်ထောက်ခံပြန်ပြောသံ တွေကို တော့ ကြားနေရဆဲဖြစ်သည်။

ဘုန်းကြီး ကျောင်းဝင်းထဲလူရှင်းသွား ချိန်မှာ မိမိတို့ဘက်ကဒဏ်ရာရသူတွေကို စစ်လိုက်တော့ ဒဏ်ရာအများ ဆုံးရသူက မိမိဖြစ်နေတော့သည်။ နှုတ်ခမ်းအနည်း ငယ်ကွဲသည်။မျက်ကွင်းတစ်ခုလုံး ညိုသွား သည်။ မိမိရဲ့ အဘွားဖြစ်သူ အမေကြီးက ဆေးလိမ်းပေးသည်။အမေ့ညီမမိမိရဲ့အဒေါ် တစ်ဦးက ကလေးနှင့်ဒဏ်နှင့် မမျှဘူး ဆိုပြီး ဘုန်းတော်ကြီးကို ထပ်ပြန်သွားလျှောက် သေးသည်။ ဘုန်းကြီးက မိမိကိုခေါ်သည်။ ဗမာဖြစ်သော်လည်း ဘုန်းတော်ကြီးနှင့် ပထမဦး ဆုံးစကားပြောခွင့်ကို အိနိ္ဒယနိုင်ငံတွင် ပထမဦးဆုံးရရှိသည့် မိမိကဘုန်းကြီး အား ကျွန်တော်တစ်လုံး၊ တပည့်တော်တစ်လုံး အမှားမှားအယွင်းယွင်းဖြင့် မေးသမျှကို လျှောက်ထားဖြေဆိုခဲ့သည်။ ဦးပဉ္ဓင်း (ဦးစံဒုံး ဦးပဉ္စင်းဘွဲ့ကို မိမိတို့မသိပါ။)မိမိ နှင့် သွားအတူ၊ စားအတူ၊ကစားအ တူနေ ထိုင်ရင်း ခင်မင်မိ ရာက ချစ်စနိုးရင်းနှီးစွာ ခေါ်သည့် နာမည်ဖြစ်သည်။ ပေးတဲ့အဲဒီ ချာပါတီအနံ့ကို မကြိုက်လို့ သိုးနေတယ် ထင် ပြီး လွှင့်ပစ်လိုက်တာ။ အဲဒီ အောက် အိမ်က လူပေါ်ကျသွားပါတယ်ဘုရားဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် လျှောက်ထား လိုက်သည်။

နောက်ဘယ်တော့မှ အခုလိုမျိုးအမှိုက် ဒါမှမဟုတ် မိမိအသုံးမပြုလို၊ မစားလိုသည့် အရာတွေကို အောက်ကို ပစ်မချရဘူး။ အောက်၊ ဘေး၊ ဘယ်ညာတွေမှာ လူနေ အိမ်တွေရှိတယ်။ ကြားလားဟု ဘုန်းကြီးက မိန့်ပြီး မိမိ ကိုကိုယ့်အခန်း ကိုယ်ပြန်ခိုင်းလိုက် သည်။ ညနေစောင်းအချိန်လောက်မှ မိမိသိရသည်မှာ ဦးပဉ္စင်းဦးစံဒုံး ယူ လာသော ချာပါတီတွေက မိမိကိုရန်တွေ့ပြီး မိမိနဲ့ သတ်ပုတ်ထိုးကြိတ်ခဲ့သည့်အိမ်က ဦးပဉ္စင်းက တောင်းလာ တာဟုဆိုသည်။ ဦးပဉ္စင်းက အဲဒီအိမ်သွားပြီး မိမိတို့ ကျောင်းကကလေးတွေ နံနက်စာမစားရသေးလို့ ဘာစား စရာ ရှိသေးလဲ။ စားစရာရှိရင် ဒါနပြုပါဦးဆိုပြီး အလှူခံတဲ့အခါ အလုပ်သွားလုပ်နေကြတဲ့ သူတို့သားသမီးတွေ အတွက် နောက်မှထပ် လုပ်မယ်။ အခုတော့ ရှိတာတွေယူသွားဆိုပြီး စားဖို့ချန်ထားတဲ့အထဲက ပေးလိုက်တဲ့ ချာပါတီတွေဖြစ်ကြောင်း စေတနာနှင့် ပေးလိုက်တဲ့ ပေးလိုက်တဲ့ ချာပါတီိကို မိမိကမစားဘဲလွှင့်ပစ်လိုက်သည်။ လွှင့်ပစ်လိုက်သည်ကလည်း သူတို့အိမ်ဝိုင်းထဲ၊ ခေါင်းပေါ်ကို အကျခံသွားရသူကလည်း မိသားစုဝင်တွေ မှီခို နေရသည့် ဦးလေးဆို သူရဲ့ အပေါ်စသည့် အကြောင်းစုံကို သိလိုက်ရသည်။

မည်သို့ဆိုစေကာမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင် မိသားစုအနေနှင့် ကျောင်းက ဘုန်းကြီးတစ်ပါး ပါးအား အကြောင်းခြင်းရာကို အသိပေးလျှောက် ထားခြင်းမရှိဘဲ အုံနှင်ကျင်းနှင့် ကျောင်းထဲ ကျော်ဝင်ရောက် ရန်ဖြစ်ကြပြီး လူမည် ကလေးတစ်ဦး (မိမိ)အား အညိုအမည်း စွဲအောင် ထိုးကြိတ်သွားသည်ကိုတော့ ကျောင်း ထိုင်ဘုန်းကြီးက မကျေနပ်ချေ။ သူ့ဦးပဉ္စင်းနှင့် ကိုယ်ရင်တွေကိုလည်း ဘုန်းတော်ကြီးက ဆူပူကြိမ်း မောင်းပြန် သည်။

ညနေ နေ၀င်ရီတရောတွင် ရပ်ကွက် ထဲကမိသားစုအကြီးအကဲများ ဘုန်းတော် ကြီးကို လာတောင်းပန်ကြ သည်။ ယခုဖြစ်ပွားသည့် Cultural Shock နှင့် Civic Problem များသည် နောင်တွင် စည်းကမ်း အတော် အတန်ရှိလာမည့် လူငယ်တစ်ယောက်ဖြစ်ရေးတွင် မိမိအတွက် impetus တစ်ရပ်ဖြစ်လာသည် ကိုတော့ မိမိကိုယ်တိုင် မငြင်းနိုင်ခဲ့။

ဆက်လက်ဖော်ပြပါမည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment