၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးကပ်လာလေလေ၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စိန်ခေါ်မှု၊ အဖျက် အမှောင့် စကားတွေ ကြားရမှာတော့ သေချာတယ်။ ယခုလည်း ပြည်သူတွေကြားနေရပြီ မဟုတ် လား။ အထွေထွေ ရွေးကောက်ပွဲ မလုပ်ပေးနိုင်ရင် ပြည်သူတွေ ဘာလုပ်နိုင်မှာမို့လဲဆိုတဲ့ ဒီ စိန်ခေါ် မှုဟာ ပြည်သူကို စော်ကား ပြောဆိုနေသလို ဖြစ်မနေဘူးလားဆိုတာကို ဒီစကားကိုပြော တဲ့သူမှာ တာဝန်ရှိပါတယ် . . .
~~~~~~~~~~~~~~~~~~~~~~~
စကားချီး
““ငြိမ်းချမ်းရေးသည် လူသားအားလုံး ရရှိခံစားသင့်သည့် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်။””
(ကုလသမဂ္ဂ၊ အထွေထွေ ညီလာခံ၊ ကြေညာချက်မှ။)
နိဒါန်း
ပြောင်းလဲလာတဲ့ ခေတ်ကာလအခြေအနေကို ကြည့်ပြီးလူမှုလောက၊ လူမှုဘ၀ တွေကိုလည်း တစ်စ တစ်စ ပြောင်း လဲလာနေတာကို တွေ့ရမယ်။ ပြောင်းလဲခြင်းရဲ့စံနှုန်းက စိတ်ပိုင်းဆိုင်ရာပြောင်း လဲခြင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာပြောင်းလဲခြင်းတွေ တွေ့မြင်နိုင်ပြီး ပိုမိုချစ်ခင်ညီညွတ်ကြတဲ့ပြောင်း လဲခြင်းတော့ ခက်ခဲနေကြမယ်။ ဒါပေမဲ့ လိုကွက်၊ ပိုကွက်ပြောင်းလဲခြင်းကိုတော့ တွေ့မြင်ရမှာပါပဲ။
(တောင်ကလေးဆရာတော်)
ရေတွက်လို့မကုန်
ယနေ့မြန်မာပြည်မှာ နေထိုင်ကြတဲ့ သူတွေဟာ စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာနဲ့ နေထိုင်ရတဲ့ သူတွေ နည်းပါးစေကြမှာပါ။ အခြေခံလူမှုရေး၊ စီးပွားရေး အဆောက်အအုံ အားနည်းနေကြတာကြောင့် ဆင်းရဲ တွင်းနက်ထဲမှာ မလွတ်နိုင်၊ မထွက်နိုင်ကြဘဲ ကူကယ်မယ့်သူတွေ လည်းမရှိ (မမြင်) ဖြစ်နေတယ်။ လူမှုရေး ဆိုင်ရာ အငြင်းပွားကြမှုနဲ့ စီးပွားရေးဆိုင်ရာ ချွတ်ခြုံကျနေတာကြောင့် သို့မဟုတ် ချွတ်ချော်တဲ့အပြုအမူတွေ၊ ချွတ်ယွင်းမှား ယွင်းတဲ့ ခွဲခြားဆက်ဆံခံရတာ တွေကြောင့် ရုပ်အားနာမ်အားတွေကျဆင်းပြီး မပြုသင့် မမှားသင့် တဲ့ ဖောက်ဖျက်မှုတွေ ကျူးလွန် မိကြလို့ ထောင်အကျဉ်းထဲမှာ မလွတ်နိုင်တော့တဲ့ ပြစ်မှုကြီးတွေနဲ့ ထောင်စံ ရတဲ့ပြည်သူတွေ မဆံ့မကန်ပါပဲ။ မဟာဆန်တဲ့ နိုင်ငံရေးဒဏ်ဘေးတွေကြောင့် အကျင့်သိက္ခာ ပျက်ပြားရတာ တွေ၊ အရည်အချင်း ပျက်ယွင်းကြရတာတွေ နွံကျွံနွံနာရတဲ့ဘ၀တွေ ရေတွက်လို့ မကုန်လောက်အောင်ပါပဲ။…
စိတ်အမူအကျင့်ပျက်ပြား
လက်ရှိအစိုးရကတော့ လ၂၀အတွင်း မီးကုန်ယမ်းကုန် အစွမ်းပြအား ထုတ်တော့မယ်ဆိုတဲ့ တတိယ လှိုင်း ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ လုပ်နေတယ်။ လူထုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ လှိုင်းလား၊ ဒါမှမဟုတ် အုပ်ချုပ်ရေးကိုပြင်ဖို့လား၊ ဘာပြောင်းလဲရေးကို လုပ်မလဲဆိုတာကို တော့ ခုချိန်ထိ မမြင်ရသေးပါဘူး။ ဒီလှိုင်း ကတော့ နိုင်ငံတော် အထောက်အပံ့လှိုင်းလို့ တော့ပြောကြတယ်။ ကြီးကျယ်လွန်းတဲ့ စကားများဖြစ်နေ မလား တော့ မပြောတတ်ပါ။ ဒီအစိုးရဟာ(နေပြည်တော်အစိုးရဟာ) ကောင်းသော အုပ်ချုပ်ရေးနဲ့သန့်ရှင်းသော အစိုးရ ဖြစ်လာေ ရးဆိုပြီးတော့ ကြွေးကြော်ခဲ့တဲ့ အစိုးရပါပဲ။
ခုချိန်ထိတော့ ကောင်းသော အုပ်ချုပ်ရေးလည်းမဖြစ်၊ သန့်ရှင်းသော အစိုးရလည်း မဖြစ်သေး တာတော့ သေချာပါတယ်။ သူတို့ရဲ့ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင် နိုင် မလား။ ပြည်သူ တွေစောင့်မျှော်ကြပါ။ အစိုးရအဖွဲ့အစည်း ကိုယ်တိုင်က ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်နိုင်တာ မမြင်ရပါဘူး။ အချို့ဝန်ကြီးတွေဆိုရင် ခုလေးတင် ကတိသစ္စာပြုချက် ကျမ်းသစ္စာဆို(ကျိန်)ပြီး ရုံလေးပဲ ရှိသေးတယ်။ သည်းခံတဲ့စကားမကြားရဘဲ ပြည်သူပြည်သားတွေကို တရားစွဲဖို့ (စိန်ခေါ်ဖို့)ကြေညာတယ်။ ပြည်ထောင်စု ၀န်ကြီးတစ်ယောက်ဟာ““နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ ရှိသူ””ဖြစ်ရမယ်လို့ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က)၄မှာ အတိအလင်းအရည်အချင်းသတ်မှတ်ချက် ထားရှိပါတယ်။
ခုပဲ ၀န်ကြီးဖြစ်၊ ခုပဲ ပြည်သူပြည်သားအပေါ်မှာ သစ္စာရှိသူမဖြစ်ရင် နိုင်ငံတော်သမ္မတဟာ ပုဒ်မ ၂၃၂၊ ပုဒ်မ ခွဲ(ခ) အရ မိမိရွေးချယ်ခဲ့တဲ့ ပြည်ထောင်စု ၀န်ကြီးရဲ့အရည်အချင်းက ဘယ်လိုရှိတယ်ဆိုတာကို သိဖို့တော့ လိုပါလိမ့် မယ်။ နိုင်ငံတော် သမ္မတခန့်အပ် ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလာရင် မစုံ စမ်း၊ မစစ်ဆေး၊ မမေးမမြန်း ဘဲနဲ့ စုပေါင်းသဘောတူညီကြတဲ့ ပြည် ထောင်စုလွှတ်တော်ရဲ့ တာဝန်ယူမှုဟာ လည်း လျော့ရိလျော့ရဲ၊ လျော့ပါးလျော့ နည်းဖြစ်နေတာကိုတွေ့ရတော့ ပြည်သူ့ လွှတ်တော်ကြီးလည်း စိတ် အမူအကျင့် ပျက်ပြားနေတာပါပဲ။
လောက ကမ္ဘာဖျက်ဆီး
တတိယလှိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ပြည်သူနဲ့ တိုက်ရိုက်ပတ် သက်တယ်လို့ (သက်ဆိုင်တယ်လို့) ဆိုကြ တယ်။ ဒီစကားဟာ မုချမဟုတ်ပါ။ အစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာနဲ့သာ သက်ဆိုင်ပါတယ်။ တိုး တက်ရေး၊ အောင်မြင်ရေးဆိုတာ အထောက်အပံ့ပေးရေးမပါရင် ဘယ်ပြုပြင်ရေးမှ မအောင်မြင်နိုင်ပါ။ ဖွံ့ဖြိုးတိုး တက်ရေး ဆိုရင် ဝေလာဝေးပါပဲ။ လူမှုဘ၀မြှင့်တင်ရေးဆိုတာ အခြေခံပဓာနဖြစ်တဲ့ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး ပါ။ ဆင်းရဲဒုက္ခများတဲ့ ပြည်သူတွေဟာ စိတ်အမူ အကျင့်ကောင်းအောင် ပြုပြင်ပြောင်းလဲ နိုင်ဖို့ ခဲယဉ်းပါတယ်။ စိတ် အမူအကျင့်ဆို တာ ပတ်ဝန်းကျင်မျိုးရိုးဗီဇနဲ့ အနီးကပ်ဆုံး သက်ဆိုင်ပါတယ်။ ကိုယ်,နှုတ်စိတ်ယဉ် ကျေး သိမ် မွေ့အောင် မိမိရဲ့ တိုင်းပြည်မှာ ရှိတဲ့ သဘာဝအလှအပကို ပြုပြင်ထိန်းသိမ်း တန်ဖိုးထားမှုနားလည်လာရင် မတော် မတရားလုပ်နေတဲ့ အမူအကျင့်တွေမရှိဘဲ ပြုပြင်ယူစရာမလိုဘဲ ပကတိစိတ်ဓာတ် အတိုင်းဖြစ်လာမယ်။ စိတ်ဆိုတာ ပတ်ဝန်းကျင်အာရုံကသာ ပြောင်းလဲအောင် လုပ်တာပါ ““စကားမှာ သတိ၊ တရားမှာ အသိ”” ဆို တဲ့ သဘောတရားကို နားလည်ရင် ပြုပြင်ခြင်း၊ ပြောင်းလဲခြင်းဟာ ပဓာန မဟုတ်ပါ။ လေးစားခြင်း၊ လိုက်နာ ခြင်း၊ ရိုသေခြင်း၊ မြတ်နိုးခြင်းသာ ပဓာနဖြစ်ပါ တယ်။ မလေးစား၊ မလိုက်နာ၊ မရိုသေ၊ မမြတ်နိုးတတ်တဲ့ စိတ် ဓာတ်ဟာ လောဘကမ္ဘာကြီးကို ဖျက်ဆီးတာပါပဲ။
အုပ်ချုပ်ရေးကို အရင်ပြင်ပါ ပြုပြင်ရေးနဲ့ပတ်သက်ရင်
၁။ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရေး၊
၂။ အရည်အသွေးမြင့်မားရေး၊
၃။ စိတ်ဓာတ်ပြုပြင်ရေး၊
၎။ စွမ်းဆောင်အားထုတ်မှုမြင့်မားရေး၊
၅။ ဦးစားပေးအကောင်အထည် ဖော်ဆောင်ရေးတွေပါပဲ။ ဖော်ပြတဲ့အကြောင်း အရာတွေဟာ ပြောင်းလဲရေး လှိုင်းလို့ တင်စားခေါ်ဆိုနေကြတာပါ။ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေးဟာ ပြည်သူပါဝင်ဖို့ လိုတယ်ဆိုပြီး အစိုးရကပြောပါတယ်။ ပြည်သူဆိုတာ အစိုးရရဲ့ချမှတ်တဲ့ လမ်းစဉ်ကို လိုက်နာရိုသေ လေးစားတန်ဖိုး ထားတဲ့သူ တွေပါ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ရင် ပြည်သူတွေမလိုက်နာနိုင်တာမရှိပါ။ သန့်ရှင်းသော အစိုးရ မဟုတ် လို့သာ ပြုပြင် ပြောင်းလဲရေးမှာ လူထု(ပြည်သူ)တွေ ပါ မလာကြတာပါ။ အစိုးရဆိုတာ မိမိကိုယ် ကိုယ်သန့်ရှင်း ဖို့ လိုပါတယ်။ ပြည်သူတွေ အာဏာပေးထားတာကို မမေ့ရပါ။ အာဏာပိုင်တယ်ဆိုပြီး လုပ်ချင်ရာ လုပ်လို့ မရပါ။ ပြုပြင်ရေးဆိုလို့ စိတ်ဓာတ်ရေးရာ ပြုပြင်ရေးလား၊စီးပွားရေးပြုပြင်ရေးလား ၀န်ထမ်းတွေ ကို ပြုပြင်ရေးလားဆိုတာ ပြည်သူကမေးရင် အဖြေက ဘာတွေပါလဲ။ ဆိုကြပါစို့။ အရည်အသွေးမြင့် တက်လာအောင် ပြုပြင်ရေး လုပ်မယ်ဆိုရင် အစိုးရရဲ့ အုပ်ချုပ်ရေးကို အရင်ပြင်ပါ။ ပြီးရင် သန့် ရှင်းတဲ့ အစိုး ရဖြစ်အောင်လုပ်ပါ။ နိုင်ငံ တော် အဆင့် ပြောင်းလဲပြုပြင်မယ့် ကိစ္စဖြစ်တာကြောင့် အစိုးရအုပ်ချုပ်ရေးယန္တရားက အစဦးဆုံးပြင်ရမှာပါ။
နောက်ထပ်ရွေးကြဦးမလား
နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ပြင်မယ်ဆိုရင် ယိုစိမ့်ယိုဖိတ်နေတဲ့ ယိုယွင်းပျက်စီးနေတဲ့ ဌာနဆိုင်ရာ အုပ် ချုပ်ရေးစနစ်ကို သေချာလေ့ကျင့်ပြီး ပြုပြင်ပါ။ ဒါမှ မဟုတ် ဌာနဆိုင်ရာကို အုပ်ချုပ်ကွပ်ကဲတဲ့ အစိုးရ အဖွဲ့ အစည်းတွေက ပြည်သူဝန်ထမ်း အပေါ် အုပ်ချုပ်တဲ့ နည်းစနစ်တွေ၊ စိတ်ထားတွေ၊ စိတ်အမူ အကျင့်တွေ ပြင်ပါ။ တိုင်းပြည်တည်ဆောက်ရေးမှာ (တိုင်းပြည် တည်ဆောက်ရေးဟာ) ပြည်သူလူထုပါဝင်မှုကို အမှန်တကယ် လိုချင်ရင် ပြည်သူတွေကို တရားသဖြင့် ကာကွယ်စောင့်ရှောက်ပေးပါ။ တာဝန်မပျက်ပါနဲ့။ တိုင်းသူပြည် သား အားလုံးကို ကာကွယ်စောင့်ရှောက်မှု မပြုဘဲ(မလုပ်နိုင်ဘဲ) တတိယလှိုင်းပြုပြင် ပြောင်းလဲရေးအတွက် လုပ် ဆောင်ချက်ဟာ ပင်လယ်ထဲမှာ လေမငြိမ်လှိုင်းလုံးထ သလိုနဲ့တူညီသွားမယ်ဆိုတာကို သိထားဖို့ လိုပါလိမ့် မယ်။
ပြည်သူနဲ့ ပူးပေါင်းဆောင် ရွက်တဲ့နိုင်ငံရေးအစီအစဉ်ဟာ ပြည်သူတွေ သတ်မှတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို လိုက်နာဖို့ လိုပါလိမ့်မယ်။ ပြည်သူလူထုက လိုက်နာကျင့်သုံးနိုင်ပြီး အုပ်ချုပ်သူ အစိုးရ အဖွဲ့အစည်းကိုယ်တိုင်က ဥပဒေနဲ့အညီ မအုပ်ချုပ်နိုင်ရင် ပြည် သူတွေဒုက်္ခရောက်ရတာပါပဲ။ မြန်မာပြည် မှာ အုပ်ချုပ်ရေးသမားတွေ ဖောက်ပြန် ပျက်စီးနေလို့သာ တိုင်းပြည်ဆင်းရဲသွား တာပါ။ အုပ်ချုပ်ရေးကောင်းမွန်ရင်၊ အစိုးရအဖွဲ့အစည်း သန့်ရှင်းရင် မအောင် မြင်တာမရှိပါ။ တစ်မင်းတက်တစ်မင်းဖျက်၊ တစ်ဗိုလ်တက် တစ်ဗိုလ် ဖျက်နေကြလို့ မြန်မာပြည် ကံကြမ္မာဟာ ကိုင်းခက်မဝေ ဆာနိုင်တဲ့ သစ်အိုပင်လိုပါပဲ။ အခြေခံရေ သောက်မြစ် မခိုင်တဲ့ သစ်ပင်ဟာ ကြမ်းတမ်းတဲ့ လေထုဒဏ်ကို မခံနိုင်သလိုပါပဲ။
အစိုးရက လူထုကို မပိုင်တာလား၊ လူထု က အစိုးရကို မနိုင်တာလားနဲ့ အချိန်ဖြုန်း ပစ်ခဲ့တာတွေကိုပြန်ကြည့်ရင် ရှက်စရာပါပဲ။ ယခုလည်း လ ၂၀တတိယလှိုင်းအစီ အစဉ်နဲ့တွေ့ရပြန်ပြီပေါ့။ ပြည်သူက ပြင်မလား၊ အစိုးရအဖွဲ့ အစည်းက ပြောင်းမလား၊ ၀န်ထမ်း (ဌာနဆိုင်ရာ)တွေက ပြင်ကြမလားဆို တာကို သေချာစောင့်ကြည့် ရမှာပါ။ ပြုပြင်နိုင်မယ်လို့တော့ မထင်ပါ။ ဘာကြောင့်လဲဆိုရင် မြင်ရကြားရတဲ့ အစိုးရလုပ်ပုံကိုင်ပုံတွေဟာ အားမရစရာ တွေအများကြီးပါပဲ။ လုပ်ပြတဲ့ ပုံစံတွေများ ပြီးပြီးပြတ်တာ ဘာတစ်ခုမှ မရှိတော့ ပြည်သူတွေ အစိုးမရကြဘဲ အားလုံးဘ၀ပြဿနာ တွေဖြစ်ကြရတယ်။ ဒီလိုအစိုးရမျိုး နောက်ထပ်ရွေးယူကြပါ ဦးပေါ့ ပြည်သူ တို့ရယ်။
သတိထားဖို့လိုပါလိမ့်မယ်
ခေတ်ကာလတစ်လျှောက် ပြည်သူတွေ အရွေးမှားလာခဲ့ကြလို့ တိုင်းပြည်ကို အိုးနင်းခွက်နင်းတဲ့ အစိုးရအဖွဲ့ အစည်းတွေ မတွေ့ချင်မမြင်ချင် အဆုံးပါပဲ။ “နိုင်ရင်လည်း နိုင်ရမယ်။ ရှုံးရင်လည်း နိုင်ရမယ်” ဆိုတဲ့ စစ်ဘက် အုပ်စိုးမှုဒဏ်ဟာ ပြည်သူတွေ ခံစားလာခဲ့ကြတာ မမေ့နိုင်လောက် အောင်ပါပဲ။ တည်မြဲတို့၊ သန့်ရှင်းတို့ခေတ် ကာလက စစ်တပ်ကို ကပ်ဖားတဲ့တည်မြဲ ပါတီတွေ၊ လူထုကို ကပ်မြှောက်တဲ့ သန့်ရှင်းပါတီတွေ ရဲ့ နိုင် ငံရေး ရွေးကောက်ပွဲ သမိုင်းအကြောင်းကို စာထဲမှာ ပြန်လေ့လာကြည့်ရင် အကြောင်းအရာတွေ ရေတွက် လို့မ ကုန် နိုင်လောက်အောင်ပါပဲ။ အဖြစ်စုံ စနစ်စုံလို့ ““ဒီမိုကရေစီကို ရွေးမလား၊ အာဏာရှင်ကို ရွေးမလား”” ဆိုပြီးတော့ ကြွေးကြော်တဲ့အသံတွေလည်း တွေ့ရတယ်။ နိုင်ငံရေးအာဏာရရှိဖို့(ရဖို့) စစ်တပ်နဲ့ပေါင်းတဲ့ တည်မြဲက အနိုင် ရသွားပြီး ပြည်သူနဲ့ ပေါင်းတဲ့ သန့်ရှင်းက ကြီးကြီးကျယ်ကျယ် ရှုံးနိမ့်ခဲ့တယ်။
နောက်ဆုံးစစ်တပ်က အာဏာ သိမ်းတော့ လွှတ်တော်ကို ဖျက်သိမ်းပြီး အစိုးရကိုလည်း အာဏာသိမ်းယူလိုက် တယ်။ (ချုပ်ကိုင်ပြီး ဖြုတ်ချ လိုက်တယ်) မြန်မာပြည်မှာ ဘာကြောင့် စစ်တပ်က အာဏာသိမ်းခဲ့သလဲဆိုတဲ့ သမိုင်းသာဓက က ပြုပြင် ပြောင်းလဲရေးနဲ့ ကွန်မြူနစ် ပယောဂအရေး ကြောင့်ပါပဲ။ ““အနှစ် ၄၀ အာဏာ တည်မြဲရမယ်””ဆိုတဲ့ ကြွေး ကြော်တဲ့ ဖဆပလ၊ ““ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည် တွင်းငြိမ်းချမ်းရေး”” ကြွေးကြော်တဲ့ ပမညတပါတီ တွေ ကြောင့် စစ်တပ်က (တပ်မတော်က) အာဏာသိမ်းယူခဲ့သလို ၂၀၁၅ ခုနှစ်မှာကျင်းပ မယ့် ရွေးကောက်ပွဲ စနစ် ဖြစ်တဲ့ FPTP နဲ့ PR စနစ်ကြောင့် နောက်ဆုံးလွှတ်တော် သက်တမ်းလေးမကုန် ဆုံးမီ တပ်မတော်ကို အာဏာလွှဲပြောင်းခြင်း မပြုရအောင် သာဓကသမိုင်းသင်ခန်း စာလေးရှိခဲ့တာကိုတော့ သတိထားဖို့တော့ လိုပါလိမ့်မယ်။
FPTP လား PR လား
အခုဆိုရင် နေရာဒေသအချို့မှာ တည်ငြိမ်မှု အားနည်းလာကြပြီး ဆူပူမှု များလာတာကို တွေ့ရတယ်။ ဥပဒေမဲ့ စွာ ပြုမူနေကြတာကြောင့် ပြည်သူတွေက အထိတ်တလန့်ဖြစ်ကြရတယ်။ ပင်ကိုက အကြောက်တရားနဲ့ နေလာ ခဲ့ကြရလို့ ကြောက်ရွံ့ကြောက်လန့်နေကြတဲ့ စိတ်က မကုန်သေးပါ။ ပါတီအချင်းချင်းခိုက်ရန် ဒေါသတွေဖြစ် လာမလား။ လက်နက်ကိုင် အချင်းချင်း ဆန့်ကျင်ပုန်ကန်မှုတွေ ပြုကြမလား။ နိုင်ငံရေးအကျပ်အတည်းတွေ ဘာ တွေများ ဖြစ်လာကြဦးမလဲစတဲ့ ရွေးကောက်ပွဲနီးလေ လက်မခံနိုင်တဲ့ အသံတွေများလာတာကို ကြားရတယ်။ အမျိုးသား အကျိုးလား၊ မရိုးသားတဲ့အကျိုးလား မပြောတတ်တော့ပါ။ နိုင်ငံရေးချဉ်းကပ်မှု တွေက စုံလင်လို့ပါပဲ။ ပြိုင်ချင်တဲ့ပါတီက မိမိတို့ပါတီကတိုင်းပြည်ကို ဘယ်လောက်ဦးဆောင်နိုင်ပါတယ်ဆိုပြီးတော့ အရပ်တကာကို ကွင်းဆင်းပြီး အသံကုန်ဟစ် ကြွေးနေကြတယ်။
ယုံကြသူ ပြည်သူတွေ က သူတို့ရဲ့နောက်ကိုလိုက်ပါကြပြီး အမတ် မင်းလား၊ အမတ်ကြီးလားနဲ့ ပြောကြဆိုကြတဲ့ အသံတွေဟာ မကြားချင်အဆုံးပါပဲ။ လက်ရှိ အာဏာရ ပါတီဟာ သူ့သဘော အတိုင်း ရွေးကောက်ပွဲ ကျင်းပကြတော့မှာ ဖြစ်ပါတယ်။
စာဆက်ကို - မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald တွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်
No comments:
Post a Comment