Sunday, December 21, 2014

နောက်ဆုံး ၁၃ လ အစိုးရ – စာဆက်

 အသုံးအနှုန်းစကားမမှားဖို့

မြန်မာစကားဟာ

(၁) ရွေးချယ်ခြင်း၊

(၂) ရွေးကောက်ခြင်း၊

(၃) တင်မြှောက်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေပြုထားတဲ့ ဝေါဟာရစကားရပ်မှာ အဓိပ္ပာယ်ကွဲလွဲမှု အမျိုးမျိုး သက် ရောက်နေတာကို တွေ့ရတယ်။ ဥပမာ(၁) ပုဒ်မ ၆၀ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတကို
သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်””ဆိုတဲ့ ဥပမာစကားနှင့် (၂)ပုဒ်မ ၃၉၅အရ နိုင်ငံသား တိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်””ဆိုတဲ့ ““ရွေးချယ် တင်မြှောက် ရေးနဲ့ ရွေးကောက်တင်မြှောက်ရေး””ဆိုတဲ့ ဝေါဟာရ စကားရင်း အနက်အဓိပ္ပာယ် ကို နိုင်ငံသားတိုင်း မှာ သိထားသင့်တယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကို ရွေးရင် (၀င်ရွေး ရင်)ရွေးကောက်တင်မြှောက်ပွဲလို့ သုံးနှုန်း ထားပြီး သမ္မတရွေးချယ်တင်မြှောက်ရေးကို ရွေးချယ်တင်မြှောက်ရေးလို့ သုံးနှုန်းထားပါတယ်။ ဒီလို ရွေးကောက် တင်မြှောက်ရေးနဲ့ ရွေးချယ်တင်မြှောက်ရေးကို သုံးနှုန်းခေါ်ဆိုတဲ့စကားရပ်ကို ဥပဒေပြုထိုက်တဲ့ စကားရပ်အဖြစ် အသေအချာ သုံးနှုန်းဖို့တော့ လိုမယ်။ ရွေးကောက်တင်မြှောက်ပွဲ ဖြစ်လိုက်၊ ရွေးချယ် တင်မြှောက် ပွဲဖြစ်လိုက်၊ ရွေးကောက်မှု ရွေးချယ်မှုအဓိပ္ပာယ်ကွဲလွဲ နေတာကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မသဲကွဲဘဲ လွဲမှား တာတွေ တွေ့ရတယ်။ အဲဒီလို အလွဲလွဲ အမှားမှားဖြစ်ရင် ဥပဒေပြုရေးမဏ္ဍိုင်မှာ မခိုင်မခံ့ဘဲ ယိမ်းယိုင်ကွဲလွဲတဲ့ စကားကို မသုံးနှုန်းမိဖို့ သတိပေးပါရစေ။

ဗဟုသုတလေးတစ်ခု

ပြည်သူတွေကို ဗဟုသုတရစရာလေး တစ်ခု(တစ်မျိုး)ပြောပြချင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးလို့ လွှတ်တော် ထဲရောက်သွားကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကို ရွေးချယ်ရမှာ ဖြစ်တာကြောင့် အင်အားကြီးတဲ့ ပါတီတွေက မိမိတို့ရဲ့ပါတီဝင်တွေထဲက လွှတ် တော် ကိုယ်စားလှယ် အမတ်တစ်ဦးကို သမ္မတလောင်း (ဒုတိယသမ္မတလောင်း) အဖြစ်ရွေးချယ်ပြီး အမည် စာရင်းတင် သွင်းကြတယ်။ ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ် စားလှယ်အမတ်တစ်ဦးကလည်း အခြားသော လွှတ်တော် ကိုယ်စားလှယ်တွေက အမည်စာရင်းတင်သွင်းလို့ ယှဉ်ပြိုင်သူအဖြစ် တင်သွင်းကြတယ်။

အဲဒီလို ယှဉ် ပြိုင်သူနဲ့ မဲခွဲဆုံးဖြတ်တဲ့အခါ အင်အားကြီးတဲ့သူက မဲအရေအတွက်နဲ့နိုင်ပြီး သမ္မတ ရွေးချယ် တင်မြှောက် ရေးအဖွဲ့နဲ့ ယှဉ်ပြိုင်သူနှစ်ဦးကို စုံစမ်းစစ်ဆေးပြုတဲ့အခါ မဲအများဆုံးရသူကို အနိုင်ပေးပြီး မဲနည်း တဲ့သူက အရှုံးပေးပါတယ်။ (ရှုံးတယ်)အဲဒီတုန်းက နေပြည်တော်လွှတ်တော်ထဲမှာ သမ္မတလောင်း ဦးသိန်းစိန်နဲ့ ဦးစော သိန်းအောင် ၂ ဦးဟာ အမှတ်(ရမှတ်) နည်းများဖြစ်ပေမယ့် အရည်အချင်း၊ အကျင့် စာရိတ္တ၊ ပြစ်မှုဆိုင်ရာ ကင်း ရှင်းမှုများ စစ်ဆေးမှုပြုရတာကို သမ္မတရွေးချယ်တင် မြှောက်ရေးအဖွဲ့က နှစ်ဖက်စစ်ဆေးမှု မပြုဘဲ ဦးသိန်းစိန် ကိုအနိုင်ပေးခဲ့တဲ့ သာဓကရှိခဲ့ဖူးပါတယ်။ ဒီကိစ္စအတွက် ယင်းရွေးချယ် တင်မြှောက်ရေး အဖွဲ့ကို စောင့်ကြည့်ပါ။

စစ်ဆေးစုံစမ်းမှုမပြုဘဲ ဖြစ်သလို လုပ်လိုက်တဲ့ သမ္မတရွေးချယ်ရေး ကိစ္စမှာ မနစ်နာထိုက်သူက နစ်နာခဲ့ရတဲ့ သာဓက ရှိခဲ့ဖူးကြောင်း ပြည်သူတွေကို ဗဟုသုတ ဖြစ်ဖွယ်အနေနဲ့အသိပေးပါတယ်။ သမ္မတ အရည် အချင်း ပြည့်မီပြီး အကျင့်စာရိတ္တနဲ့ ပတ်သက်ရင် သင့်တင့်လျောက်ပတ်တဲ့ သူကို မရွေးချယ် မတင်မြှောက်နိုင်တာ ဟာ အာဏာရှင် အစိုးရမဟုတ်(မဖြစ်)ဘဲ ဘယ်နေပါ့လဲ ပြည်သူတို့ရယ်။

သမ္မတကြီးရဲ့ နိုင်ငံရေးဖြစ်စဉ်စကားလား

၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းကို ပြည်သူတွေ လေ့လာသုံးသပ်မိကြမှာပါ။ သမ္မတကြီးရဲ့ မိန့်ခွန်းဟာ (၁)အထူးပြုပြောကြားလိုတဲ့ အချက်တွေ (၂)အလေးထားတိုက်တွန်း လိုတဲ့ အချက် တွေ ပါဝင်တယ်။ နံပါတ်(၂) အလေးထားတိုက်တွန်းလိုတဲ့ အချက်တွေထဲက တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စပါပဲ။ ဒီကိစ္စ မအောင်မြင် ရင် နိုင်ငံရေးေ ဆွးနွေးပွဲတွေ စတင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှပဲ (၁) ကြားကာ လနိုင်ငံရေး တည်ငြိမ်မှု

(၂)၂၀၁၅အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့

(၃) ညင်သာတဲ့ နိုင်ငံရေးအသွင်ကူး ပြောင်းမှုများကို ရေရာသေချာစေမှာဖြစ် တဲ့အကြောင်း ပြောခဲ့(မိန့်ခဲ့) တယ်။ သမ္မတကြီး ကိုယ်တိုင်က ဒီလိုမိန့်ခွန်းစကားကို ပြောင်ပြောင်တင်းတင်း ပြောခဲ့တာကြောင့် ၂၀၁၅ အထွေေ ထွရွေးကောက်ပွဲကြီးဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှ ရွေးကောက်ပွဲ လုပ်ပေးမယ်(လုပ်ဖြစ်မယ်)ဆိုတဲ့ သဘော အဓိပ္ပာယ်စကား သက်ရောက်နေပါတယ်။ သမ်္မတကြီးရဲ့ နိုင်ငံရေးဖြစ်စဉ်စကားကို ယခုလိုထုတ်ပြော လိုက်တော့ ကြားကာလမှာ ရွေးကောက်ပွဲမဖြစ်တော့သလိုမျိုးပဲ၊ ၂၀၁၅ရွေးကောက်ပွဲမှာလည်း မရှိကြောင်း စိန်ခေါ်လိုက်တာ ပါပဲ။ ပစ်ခတ်တိုက်ခိုက်မှု မရပ်ရင်၊ သဘောမတူရင်၊ လက်မှတ် မထိုးကြရင် ရွေးကောက်ပွဲ (၂၀၁၅)ကို မလုပ်ပေးနိုင်ဘူးလို့ ငြင်းဆန်လိုက်တာပါပဲ။ သမ္မတတစ်ယောက်ရဲ့ မလေးနက်တဲ့ စကားကို ခုလိုကြားလိုက် ရတော့ ပြည်သူတွေဟာ ကျားသနားမှ နွားသက်သာရမ လိုဖြစ်နေတယ်။ အဲဒီလို စကားမျိုးဟာ သမ္မတကြီး လုပ်သူတစ်ယောက်ရဲ့ စကားလား၊ ပြည်သူတွေ စဉ်းစားကြပေါ့။

ပြည်သူ့ကို တိုက်တွန်း

အဲဒီမိန့်ခွန်းထဲမှာပဲ သူ့ရဲ့ ၂၀၁၄ခု နှစ် စက်တင်ဘာလမှာ ခရီးစဉ်အကြောင်း ထည့်သွင်းပြောပြခဲ့တာ ပါဝင်ပါ တယ်။ သူ့ရဲ့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ၊ မြန်မာပြည်ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ အကြောင်းတွေ၊ နိုင်ငံတကာက ပိုမိုထောက်ခံလာအောင်ဆိုတဲ့ အကြောင်းတွေ သမ္မတကြီးကိုယ်တိုင်ကပြော ခဲ့တယ်။ အဲဒီခရီးစဉ်ဟာ ““မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်း ရေး လုပ်ငန်းစဉ်များ ငြိမ်းချမ်းရေးဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကားပါးနေ တဲ့အကြောင်း”” ပြောခဲ့ တယ်။ တော်ပါသေးရဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မချုပ်နိုင်ရင် (ကျွန်တော့်) ၂၀၁၅ ခုနှစ်အေ ထွထွေ ရွေးကောက်ပွဲများ မလုပ်ပေးနိုင်ဘူးဆိုတဲ့ အကြောင်း မပြောမိလိုက်တာ ကံကောင်း တယ်လို့ပဲဆိုရမှာပေါ့။

သမ္မတကြီးပြောသလိုပဲ ““မာရသွန်ပြေးပွဲများမှာ ပန်းတိုင် နဲ့ နီးလာလေလေ ပိုပြီး အားစိုက်ရလေဖြစ် တယ်ဆို သလိုပဲ””။ အရှင်တို့ပြည်သူတွေအားလုံးဟာ ၂၀၁၅အထွေထွေရွေးကောက် ပွဲနီးကပ်လာလေလေ၊ ရွေးကောက် ပွဲနဲ့ဆိုင်တဲ့ စိန်ခေါ်မှု၊ အဖျက်အမှောင့်စကားတွေ ကြားရမှာတော့ သေချာတယ်။ ယခုလည်း ပြည်သူတွေ ကြား နေရပြီ မဟုတ်လား။ အထွေထွေရွေးကောက်ပွဲ မလုပ်ပေးနိုင်ရင် ပြည်သူတွေ ဘာလုပ်နိုင်မှာမို့လဲဆိုတဲ့ ဒီ စိန် ခေါ်မှုဟာ ပြည်သူကို စော်ကားပြောဆိုနေသလို ဖြစ်မနေဘူးလားဆိုတာကို ဒီစကားကို ပြောတဲ့သူမှာ တာဝန်ရှိ ပါတယ်။ နိုင်ငံရေးကို ခြိမ်းခြောက်နေတာကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မရေရာ မသေချာ အောင် ပြောတဲ့သူက ဘယ်သူလဲဆိုတာကို ပြည်သူတွေ သိလောက်ပြီပေါ့။

ရွေးကောက်ပွဲ နဲ့အကြောင်း ပြပြီး ဒါမှမဟုတ် တစ်နိုင်ငံလုံးအတိုင်း အတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက် လက်မှတ် မထိုးကြ ရင်(မထိုးနိုင်ကြရင်) ရွေးကောက်ပွဲရေရာသေချာမှု မရှိတော့ဘူးဆိုရင် (လက်ရှိနိုင် ငံရေးအာဏာကို ဒီတိုင်းပဲ ဆက်လက်ထိန်းသိမ်းရင်) ဆိုးရွားတဲ့ နိုင်ငံရေး မုန်တိုင်းစိတ်ဓာတ်တွေ ပေါက် ကွဲလာကြမှာကို စိုးရိမ်မိတာ အမှန်ပါပဲ။ နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုပဲ တိုက်ခိုက်ပြောဆိုပါစေ။ စိတ်ရှည်သည်းခံ မှုကို အလေးအနက်ထားပြီး ကြိုး ပမ်းဆောင် ရွက်အားထုတ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပါတယ်။

ကတိပေးတဲ့ ရွေးကောက်ပွဲ

ပြည်သူတွေ ပြန်စဉ်းစားကြည့်ပါ။ ပြည်သူတွေ အမှတ်ရစရာတွေ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ် ခဲ့စဉ်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီချက်လက်မှတ်တွေ ရေးထိုးခဲ့ကြပါ သလား။ နယ်မြေ မအေး တဲ့ နေရာတွေကို ချန်လှပ်ထားပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနေတာပဲ မဟုတ်ပါလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျတော့ ဘာအခုမှ ဒီလိုအသံမျိုးပြောဆိုနေကြရပါသလဲ ဆိုတာ ပြည်သူတွေ နားလည်ထားကြ ရမယ်။ အဲဒီတုန်းက သမ္မတဆိုတာ မရှိ၊ ၀န်ကြီးဆိုတာ မရှိ။ လွှတ်တော်လည်း မရှိ။ နိုင်ငံရေး ကတိထားချက်နဲ့ အထွေထွေရွေး ကောက်ပွဲလုပ်ခဲ့ပေးတာပဲ။

အခုကျတော့ အပစ်အခတ်အောင်မြင်ရမယ်။ ငြိမ်းချမ်း ရေးအောင် မြင်ရမယ်။ တိုင်းပြည်တည်ငြိမ်ရမယ်။ စတဲ့ ပရိယာယ်အဆွယ်စကားတွေ ဒီလိုထွက်လာတော့ ဒီမိုကရေစီ နိုင်ငံရေးတိုင်းပြည်တွေက အံ့သြလို့မဆုံးပါပဲ။ ၂၀၁၀ပြည့်နှစ်က အရှင်တို့ ကရင်ပြည်နယ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပတော့ ကျင်းပခွင့်မပေးတဲ့ ဒေသ၊ ရွာတွေ အများ ကြီးပါပဲ။ အဲဒီအထဲက ကြာအင်းဆိပ်ကြီး မြို့နယ်၊၊ အိမ်ခြေပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ခလယ်တံခွန်ရွာကြီးဆိုရင် ဆန္ဒမဲပေးပိုင် ခွင့်မရကြဘဲ ထားခဲ့တယ်။ အကြောင်းပြ ချက်က အဲဒီဒေသဟာ နယ်မြေဒေသ မအေးချမ်းလို့ဆိုပြီး အကြောင်းပြထားတယ်။ တကယ်တော့ အဲဒီဒေသအဲဒီရွာဟာ နိုင်ငံတော် အစိုးရက အထက်တန်းကျောင်း ပညာရေးကျောင်းတောင် ဖွင့်လှစ်သင်ကြား ထားတဲ့ ရွာပါပဲ။

ဘယ်သောင်း ကျန်းသူမှ မရှိဘဲဘယ်အဖျက်သမားမှာမှမရှိပါ။ အဲဒီ လိုရွာတွေကို ကန့်သတ်မဲ့ လုပ်ထားပြီး မဲဆန္ဒနယ်တော့ထားခဲ့တယ်။ ၀င်ရောက် ယှဉ်ပြိုင်တဲ့သူက ပြိုင်ဘက်မရှိနိုင်ပြီး ပြည်နယ် လွှတ် တော် ဥက္ကဋ္ဌတောင်တက် ဖြစ်တယ်ဆိုတဲ့ သာဓကရှိခဲ့ပါတယ်။ ဒါဆို ရင် ၂၀၁၅ ခုနှစ်အထွေထွေရွေး ကောက် ပွဲကြီးလည်း မရေရာမသေချာတဲ့ နေရာတွေမှာ ပြိုင်ဘက်မရှိ၊ ၀င်ရောက်ယှဉ်ပြိုင် ရလိုဖြစ်နေပြီ။ ပြည်သူတို့ ရဲ့ ပြည်သူ့ရွေးကောက်ပွဲသာဖြစ်ပါစေ။ တို့ဆန္ဒမဲက လိမ်တဲ့သူတွေကို မပေးဘူး”” ဆိုတဲ့ ဒေါန တောင်ခြေက ကရင်အမျိုးသားရွာကလေး တစ်ရွာက သက်တော်ရှည်အဘိုး စောဖူးဝါးရဲ့စကားကို နားထဲမှာ ကြားယောင်မိလို့ မဆုံးနိုင်အောင်ပါပဲ။ ပြည်သူတွေလည်းပဲ အဘိုးစောဖူးဝါးလိုမျိုး စိတ်ဓာတ်ထားဖို့ လိုမယ်လေနော်။

ကြိုက်သလိုသာ ပြောပေတော့

အထွေထွေရွေးကောက်ပွဲ မဖြစ်ရင် ပြည်သူတွေ ဘာလုပ်ကြမလဲ။ စစ်ရေးအ မြင်၊စစ်အာဏာတည်မြဲမှု ကိုသာ မြင်တတ်တဲ့ နေပြည်တော်အစိုးရဟာ စစ်ရေးအင် အားကိုအားပြုလို့ တည်မြဲဖဆပလပါတီ မျိုးလို လုပ်ဖို့လား ဆိုတာ ပြည်သူတွေ လေ့လာထားကြပါ။ စောင့်ကြည့်ကြပါ။နိုင်ငံရေးအာဏာတည်မြဲမှုအရ ပြည်သူ ကပေးရ မှာပါ။ မိမိတစ်ဦးတည်းသော အာဏာတည်ဖို့ မရေရာမသေချာတဲ့ အရာတွေကို မပြောမိဖို့လိုပါတယ်။ စစ်တပ် အင်အားထောက်ခံမှုကို လိုလားနှစ်သက်ပြီး ပြည်သူ့အင်အားချို့တဲ့မှုကို ချွေတဲ့အမူ အကျင့်စကားတွေ (စိတ် ထားတွေ)ဟာ ခေါင်းဆောင်တစ်ဦးရဲ့ စကားမဟုတ်ပါ။

အာဏာနေရာထိုင်ခင်းမြဲမြံဖို့ သမ္မတလုပ်တာလား။ ဒါမှမဟုတ် အာဏာရှင်အုပ်စိုးမှု အပြည့်အ၀ရရှိဖို့ စစ်တပ်ေ ထာက်ခံမှု ကျောထောက်နောက်ခံယူနေတာလား ဆိုတာကို နိုင်ငံရေးမှာ သုံးသပ်တဲ့သူတွေက အသံတွေအမျိုး မျိုးထွက်လာနေပါပြီ။ တစ် ချိန်က ဗိုလ်ချုပ်တစ်ဦးရဲ့ ပြောတဲ့စကားကို သတိရလိုက်မိပါလေရဲ့။ ““တစ်ပြည်လုံး ဒီမိုကရေစီရရင်တောင် ငါ့တိုင်းမှာတော့ မမျှော်လင့်နဲ့၊ ငါ့တစ်သက် ဘယ်တော့မှ မပေးဘူး””ဆိုတဲ့စကားများလိုပဲ ယခုလက် ရှိနေပြည်တော် သမ္မတကြီးက လည်း““တစ် ပြည်လုံး ဒီမိုကရေစီရရင်တောင် ငါ့ နေပြည်တော်မှာတော့ မမျှော်လင့်နဲ့၊ ငါ့ တစ်သက် ဘယ်တော့ မှ (၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို) မလုပ်ပေးဘူး””ဆိုတာ မျိုး ဖြစ်လာခဲ့ရင်တော့လေ။ ကောင်းကင် မြေမိုး သူခိုးတိုင်းပြည်မဖြစ် ရင်ကြိုက်သလိုသာ ပြောပေတော့ပဲ။

နိဂုံး

ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဒေါသဖြင့် အော်ငေါက်ခဲ့ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်တဲ့ဘ၀ကို နေ ထိုင်လိုပါရင် (နေထိုင်လိုပါက) နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ဖြင့် အေးချမ်းငြိမ်သက်တဲ့ ဘ၀၊ အေးမြ တဲ့စကား၊ အကျိုးကြီးတဲ့ အလုပ်ကို တကယ်လုပ်လိုတဲ့ ဆန္ဒရှိရင် စစ်အာဏာရှင်အစိုးရအဖြစ်မှ စွန့်လွှတ်ပါ။ စစ်တပ်လက်ကိုင်တုတ် နိုင်ငံရေးတွေးခေါ် မျိုးကို အသုံးမချဘဲ နိုင်ငံရေးစီးပွားရေးဝါဒ စကားကို ပယ်နုတ် တတ်ပါစေလို့ အကြံပြုပါရစေ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment