Sunday, December 21, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်အကြို အထိမ်းအမှတ်အဖြစ် ပြည်မြို့တွင် ဂီတဖြင့် ဖျော်ဖြေ

Written by  ရေခဲ (ပြည်)

ပြည်(မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း၊ ပြည်မြို့ရှိ ယဉ်ကျေးမှုပြဇာတ်ရုံတွင် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။

General-Aung-San-100-Year-Birthday-Pyi
(ဓာတ်ပုံ - ရေခဲ (ပြည်)၊ မဇ္ဈိမ)


 ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်များဖြစ်သည့် ဂျေညီညီ၊ ဂျေညီမလေး၊ စည်သူမင်းနှင့် ရွှေရည်ဖြိုးမောင်တို့အပြင် မိုးတိမ်၊ ဒဲ့ဒိုးတို့ပါဝင်သည့် လူရွှင်တော်ဟားအဖွဲ့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

အဆိုပါ ဂီတဖျော်ဖြေပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့်သီချင်းများ ၊  အမျိုးသားသီချင်းများ ၊ တိုင်းရင်းသား ရိုးရာအကများ ဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ဂီတဖျော်ဖြေပွဲနှင့်အတူ  တီရှပ်၊ လွယ်အိတ် အစရှိသည့် ဗိုလ်ချုပ် အထိမ်းအမှတ်ပစ္စည်းများကိုလည်း ရောင်းချခဲ့ သေးသည်။

ဂီတပွဲကို ပြည်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လူငယ်များက ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင်လည်း မိုဘိုင်း ဂီတ ဖျော်ဖြေပွဲများ ဆက်လက်ပြုလုပ် သွားဦးမည်ဟု ပြည်ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။


Credit -  Mizzima News
 

No comments:

Post a Comment