Sunday, December 28, 2014

လက်ပံတောင်းတောင်ပဋိပက္ခတွင် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ဝိညာဉ်ခေါ်၍ ဒေသခံများ လိပ်ခွံတောင်ခြေတွင်ဆန္ဒပြ

အောင်နိုင် (မုံရွာ)

ရဲတပ်ဖွဲ့နှင့် လက်ပံ တောင်းတောင် ဒေသခံများ အပြန်အလှန် ပစ်ခတ်မှုကြောင့် ဦးခေါင်း သေနတ်ကျည် ဆန်ထိမှန်၍ သေဆုံးခဲ့သည့် မိုးကြိုးပြင်အ လယ်ရွာမှ ဒေါ်ခင်ဝင်း၏ဝိညာဉ်ကို ခေါ်၍ ဒေသခံအင်အား တစ်ထောင်ကျော်ခန့်သည် ဒေါ်ခင်ဝင်းသေဆုံးခဲ့သည့် လိပ်ခွံတောင် ခြေတွင်ြေ<ွကးကြော်ဆန္ဒပြခဲ့ကြကြောင်း သိ ရသည်။


¤င်းနောက် လက်ပံတောင်း တောင် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့မှ ပစ် လိုက်သော သေနတ်ကျည်ဆန်ထိမှန်၍ သေ ဆုံးခဲ့သည့် ဒေါ်ခင်ဝင်းဈာပနကို မိုးကြိုးပြင် အလယ်ရွာသုသာန်တွင် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ရာ ဒေသခံကျေး ရွာ ၃ဝ ခန့်မှ လူအင်အားတစ်ထောင်ကျော် ခန့် လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(မုံရွာခရိုင်)၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မိတ္ထီ လာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ဆား လင်းကြီးမြို့နယ် ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင် ငံရေးအင်အားစုအဖွဲ့များက လွမ်းသူ့ပန်း ခွေများချ၍ ဂုဏ်ပြုခဲ့ကြသည်။

''ဒီဒေသမှာတော့ လူအများဆုံး လိုက်ပို့တဲ့ နာရေးတစ်ခုပါ။ လက်ပံတောင်း တောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့် ရှောက်ရေးကော်မတီအလံတွေ ကိုင်ပြီး ချီ တက်လိုက်ပို့ကြတယ်။ နွားလှည်းတွေနဲ့လဲ လာကြတယ်။

အုတ်ဂူကို ဒကာမကြီး မခင် ဝင်းအဖေ အုတ်ဂူနားမှာ ထားတယ်။ ပြီး တော့ လက်ပံတောင်းတောင်အတွက် ပထမ ဆုံး အသက်ပေးခဲ့တဲ့သူဖြစ်လို့ မြေယာ စနစ်ကို အသက်စွန့် တိုက်ပွဲဝင်ခဲ့သော သူရဲ ကောင်းလို့ အုတ်ဂူမှာ ကမ္ပည်းထိုးခဲ့တယ်။ အာဇာနည်တစ်ဦးလို သဘောထားပြီး နိုင်ငံ တော်သီချင်းဆို အလေးပြုတယ်။ စောင့် ရှောက်ရေးကော်မတီက အမိန့်ပြန်တမ်းဖတ် တယ်''ဟု ဇီးတောရွာ စန်းမြဝတီကျောင်း တိုက်ဆရာတော် ဦးအာလောကကမိန့်သည်။

ဒေါ်ခင်ဝင်းဝိညာဉ်အား ခေါ် ဆောင်၍ ဒေသခံများသည် လိပ်ခွံတောင် ခြေတွင် ဗြောက်အိုးများပစ်ဖောက်၍ ''ဒေါ်ခင် ဝင်းအား ပစ်သတ်သော အကြမ်းဖက်ကြေး နီစီမံကိန်း ချက်ချင်းရပ်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအား မလိုက်နာ သော ကြေးနီစီမံကိန်းဖျက်သိမ်းပေး၊ အ ကြမ်းဖက် သိမ်းပိုက်ခံရသော မြေယာများ ချက်ချင်းပေး''ဟု ကြွေးကြော်ခဲ့ကြသည်။

ယင်းအပြင် ဒေသခံတစ်ဦး သေ ဆုံးအောင် ပစ်ခတ်သော ရဲတပ်ဖွဲ့နှင့် အ ကြမ်းဖက်သော ကြေးနီစီမံကိန်းအား ရပ် ဆိုင်းရေးအတွက် ဒီဇင်ဘာ ၂၉ ရက်တွင် ဒေသခံများ ဆန္ဒထုတ်ဖော်ရန် ဆားလင်း ကြီးမြို့နယ် ရဲစခန်းသို့ ခွင့်ပြုမိန့်တောင်းခံ ထားကြောင်း သိရသည်။

Credit -  Yangon Media Group

 
 

No comments:

Post a Comment