အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ မေလ ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး ပူးတွဲကြေညာစာတမ်းတစ်စောင် မေ ၂၇ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ရန်ကုန်မြို့ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နိုင်ငံရေးကြေညာစာတမ်း ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်နိုင်ငံရေးအပေါ် အခြေခံ၍ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပြီးသည့်နောက် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဧပြီလ၊ ၁၉ ရက်၊ ဧပြီလ၊ ၂၅ ရက်၊ မေလ ၁၂ ရက်နှင့် ယနေ့ မေလ ၂၃ ရက်တို့တွင် လေးကြိမ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။" ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ထုတ်ပြန်ချက်တွင် ပါရှိသည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment