Sunday, May 24, 2015

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင်သစ် ရွေးချယ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏   အမှုဆောင်သစ်ရွေးချယ်ပွဲကို မေလကုန်တွင် ရန်ကုန်မြို့ ဇဝနလမ်းဆုံရှိ စမ္မပီရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည်ဟု FPPS မှ ရုံးအဖွဲ့မှူး ကိုသက်ဦးထံမှ မေ ၂၃ ရက်က သိရသည်။

ကိုသက်ဦးက “အဖွဲ့ထဲက တချို့က ပါတီတွေထဲ ဝင်သွားကြပြီး တချို့က ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်နိုင်ဖို့ နှုတ်ထွက်သွားကြတယ်။ အမှုဆောင်တွေ လူနည်းသွားတယ်။ ဒါကြောင့် ပြန်ရွေးတာပါ” ဟု ဆိုသည်။

အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ခံလိုသော နိုင်/ကျဉ်းများသည် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံသို့ မေလ ၂၇ ရက် နောက်ဆုံးထား လျှောက်လွှာပေးပို့ရမည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် အမှုဆောင်တစ်ကြိမ် ရွေးချယ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment