Monday, May 25, 2015

ဇူလိုင် (၇)ရက် ကျောင်းသားအရေးတော်ပုံခေတ် ကျောင်း သားခေါင်းဆောင်မျိုးဆက်များ (၄) – အောင်သာ(ပီသုံးလုံး)

ဗမာပြည်တွင်းစစ်ပွဲဟာ လူမျိုးနွယ်စုများရဲ့ အမျိုးသားတန်းတူရေး စစ်ပွဲနဲ့လယ်သမားများရဲ့ လယ်လုပ်သူ လယ်ပိုင်ရေးအတွက်ဆင်နွှဲခဲ့တဲ့ စစ်ပွဲဖြစ်တယ် . . . စစ်အာဏာရှင်များနဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်း ရှင်ကြီးများရဲ့ ဗျူရိုကရက်အာဏာနဲ့ ဗျူရိုကရက် အရင်းဥစ္စာဓန ကာကွယ်ရေးစစ်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဟာ သူတို့ရဲ့ ပထမခံ စစ်ကြောင်း ဖြစ်တယ်။ တီဗွီထဲမှာခဏခဏထုတ်ပြပြီး လူထုကိုခြောက်ခြောက် ပြနေတဲ့ စစ်တပ်ကြီးဟာသူတို့ရဲ့ ဒုတိယခံစစ်ကြောင်းဖြစ်တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၆၂ခုနှစ်““ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော် ပုံခေတ် ကျောင်းသား ခေါင်းဆောင်မျိုးဆက်များ””(၁)မှာ ဒီကျောင်းသား ခေါင်းဆောင်မျိုးဆက်များဟာ လွတ်လပ်ရေးခေတ် ဦး နိုင်ငံရေး သမိုင်းကျော ထောက်နောက်ခံ များနဲ့ဘယ်လို ဆက်နွှယ် ပေါ်ထွန်းလာခဲ့ကြသလဲ”ဆိုတာကိုအကျဉ်း
မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၄၈ခုနှစ်၊ မတ် လ ၂၈ ရက်နေ့မှာ (ဒီကနေ့အထိ၊ ငြှိမ်းသတ်လို့ မရနိုင်သေးတဲ့) ““ပြည်တွင်းစစ် သမိုင်းမပါရင် လွတ်လပ်ရေး ခေတ် မြန်မာ့နိုင်ငံရေး သမိုင်းဟာ”” အသက်မဲ့တဲ့သမိုင်း ဖြစ်မှာမုချပါပဲ။ မြန်မာ့ခေတ်သစ်နိုင်ငံရေး သမိုင်းကို ရေရေရာရာ သိချင်တယ်ဆိုရင် မုချပဲ”” ၄၈ ပြည်တွင်း စစ်သမိုင်းကို သိရ မယ်။ ဒီသမိုင်းကို မသိတဲ့ နိုင်ငံရေး သမားဟာ ““ကျောရိုးရှိတဲ့ နိုင်ငံရေးသမား မဖြစ်နိုင်တော့ပါဘူး။

““ပြည်တွင်းစစ်သမိုင်း””ဟာ (၁၉၄၈/၂၀၁၅) ၆၇နှစ်ကြာပြီဖြစ်တဲ့ ဗမာ ပြည်လူတန်းစားတိုက်ပွဲသမိုင်းပါပဲ။ ပြည် တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်လူတန်းစားတိုက်ပွဲရဲ့ သမိုင်းသင်္ကေတများ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ခေတ်ပြိုင် လူတန်းစားတိုက်ပွဲရဲ့ လက္ခဏာချက်များလည်း ဖြစ်တယ်။ ဗမာပြည်တွင်းစစ်ပွဲဟာ လူမျိုးနွယ် စုများရဲ့ အမျိုးသားတန်းတူရေး စစ်ပွဲနဲ့ လယ်သမားများရဲ့လယ်လုပ်သူလယ် ပိုင်ရေး အတွက် ဆင်နွှဲခဲ့တဲ့ စစ်ပွဲ ဖြစ်တယ်။ စစ်အာဏာရှင်များနဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများရဲ့ ဗျူရိုကရက် အာဏာနဲ့ ဗျူရိုကရက်အရင်းဥစ္စာဓန ကာကွယ်ရေးစစ်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဟာ သူတို့ရဲ့ ပထမခံစစ်ကြောင်း ဖြစ် တယ်။…

တီဗွီထဲမှာခဏခဏထုတ်ပြပြီးလူထု ကိုခြောက်ခြောက်ပြနေတဲ့ စစ်တပ်ကြီး ဟာသူတို့ရဲ့ဒုတိယ ခံစစ်ကြောင်း ဖြစ်တယ်။ ၁၉၄၈ မတ်လ၂၈ ရက်နေ့မှာ စခဲ့တဲ့ စစ်ပွဲဟာ ဘာကြောင့်ဒီကနေ့အထိ ချေမှုန်းလို့ မရတာလဲ။ တရားမျှတမှုနဲ့ စစ်ပွဲရဲ့ ကျိုးကြောင်းကျမှုတရားဟာ လူထုကြီးဘက်မှာ ရှိနေတာကြောင့်ပါပဲ။

ဇူလိုင် ၇ ရက် အရေးတော်ပုံခေတ် ကျောင်းသားခေါင်းဆောင်မျိုးဆက်များ ၂ မှာ-လွတ်လပ်ရေးခေတ် ကျောင်း သား လှုပ်ရှားမှုများဟာ (ကျောင်းသားထုအကျိုးအတွက် ဘာတွေများ အကျိုးဆောင်ခဲ့သလဲ)။ ဘယ်လို လှုပ် ရှားမှုတွေ၊ ဘယ်လို အကျိုးဆောင်မှုတွေ လုပ်ခဲ့ကြသလဲ။ ဇူလိုင် ၇ ရက် အရေးတော်ပုံနဲ့ ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်းမှာ ကျောင်း သားထုကြီးဟာ ပြည်သူလူထုကြီး ရှေ့ကမားမားရပ်ပြီး အကန့် အသတ် ရှိတဲ့ သူတို့ရဲ့ အသက်ပေါင်းများစွာကို အကန့်အသတ်မရှိတဲ့ လူထုကြီးရဲ့ စစ်အာဏာရှင် စနစ် ဖိနှိပ်မှုအောက် မှာ လွတ်မြောက်ရေးအတွက် ပေးဆပ်မြှုပ်နှံခဲ့ကြတယ်။ ၈ လေးလုံးသမိုင်း ရဲ့ ““သံမဏိဝိညာဉ်””ဟာ ဒီနေရာ မှာ ရှိတယ်။ ဘယ်စစ်အာဏာရှင်၊ ဘယ်ဒီမိုကရေ စီခေါင်းဆောင်အတု၊ ဘယ်ကျောင်းသား ခေါင်းဆောင် အတုမှ ဒီသမိုင်းကို ချေဖျက်လို့မရနိုင်ပါဘူး။ ၈၈ ဒီမိုကရေစီအရေးတော် ပုံကြီးအတွင်းမှာ ပြည်သူနဲ့ ကျောင်းသား ၃၀၀၀ ကနေ ၅၀၀၀ အကြားအသက်စွန့် ခဲ့ရတယ်””လို့ ကမ္ဘာ့အာဘော်ပိုင်းက ဖော်ပြကြပါတယ်။

ဒီကနေ့ဆိုရင် ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ၂၇နှစ်ရှိပါပြီ။ မိမိ ကိုယ်ကိုယ် ၈၈သူရဲကောင်း အဖြစ်ရင် ကော့ ခေါင်းမော့လုပ်နေကြ တဲ့သူရဲကောင်း ဆိုသူများကို မေးခွန်းတစ်ခု မေးကြည့်ချင်ပါတယ်။ ဒီလောက် ရက်ရက်စက်စက်သတ် ဖြတ်နေတဲ့ကာလမျိုးမှာ ခင်ဗျားက ဘယ်လိုအခြေအနေ အကြောင်းအချက်မျိုး ကြောင့် မသေမပျောက်၊ အကောင်းပတိ ကျန်ရစ်ရတာလဲလို့များ အမေးရှိခဲ့ရင် ကျွန်တော်တို့ ခင်ဗျားတို့အနေနဲ့ (ဒီမေး ခွန်း)ကို ဘယ်လိုများ အဖြေပေးချင်ကြ ပါသလဲ။ သေချာပါတယ်။ အဲဒီစဉ်ကခင်ဗျား (သို့မဟုတ်) ကျွန်တော် တို့ဟာအဲဒီစဉ်က သတ်ကွင်း (Killing Ground) ထဲမှာ မရှိကြလို့ပေါ့။ သူရဲကောင်းစကားတွေ လွန်လွန်ကျွံ ကျွံ အများကြီးပြောတာ၊ အကျိုးမရှိလှပါဘူး။ မိမိကိုယ်ကိုယ် မှန်ပြန်ကြည့်လိုက်၊ ဒီဖြစ်ရပ်မှာ ငါကဘယ်နားမှာရှိ နေတာလဲ။ ဘယ်သူသိသိ၊ မသိသိ။ ငါဘာကြောင့် မသေခဲ့တာလဲ။ သမိုင်းကို အမှန်အတိုင်း ထားလိုက်ပါ။ သူရဲ ကောင်းတွေ များလွန်းနေပါတယ်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ရက် ကျောင်းသားအရေးတော်ပုံကြီး”” ဖြစ်ခဲ့တဲ့ ကာလမှာ တည်ရှိကြတဲ့ သမဂ္ဂကြီးများနဲ့ သမဂ္ဂ အလိုက် ကျောင်းသားခေါင်းဆောင်များ တည်ရှိကြပုံဟာ အခုလိုရှိပါတယ်။ (၁) ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရှိပါတယ်။ ဗကသများအဖွဲ့ချုပ်လို့ ခေါ်ကြပါတယ်။ ABFSU-All Burma Federations of the Studnet’s Union ရှိပါတယ်။ ၄ နှစ် တစ်ကြိမ် ကျင်းပတဲ့ ဗကသများအဖွဲ့ချုပ် ညီလာခံ (ကွန်ဂရက်)မှာ ဗကသများ အဖွဲ့ချုပ် အမှုဆောင် ၁၁ ဦးကို ရွေးချယ်တင် မြှောက်ကြပါတယ်။ ဗကသများ အဖွဲ့ချုပ်မှာ ဌာန(၅)ခုရှိပါတယ်။ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးချုပ်။ မြို့နယ်နဲ့ခရိုင် သမဂ္ဂများဌာန။ တက္ကသိုလ်နဲ့ ကောလိပ်များဌာန။ ဘဏ္ဍာရေးဌာန ၊နိုင်ငံခြားရေးဌာန။ ပြန်ကြားရေး ဌာန။ အဲဒီဌာနများကို ဒုဥက္ကဋ္ဌတစ်ဦးစီနဲ့ အတွင်းရေးမှူးတစ်ဦးစီက ကြီးကြပ်ကြပါတယ်။ အဖွဲ့ဝင် ၃ ဦးစီရှိပါတယ်။ ဗကသများ အဖွဲ့ချုပ်ကွန်ဂရက်ကို ၄ နှစ်တစ်ကြိမ် ကျင်းပတယ်။ ကိစ္စကြီးငယ်ရှိတဲ့အခါ ကွန်ဖရင့်များ ခေါ်ယူကျင်းပနိုင်တယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဆဋ္ဌမကွန်ဂရက်မှာ၊ဗကသ များ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကို အသစ်ပြန် လည် ရေးဆွဲတယ်။ ဗကသများ အဖွဲ့ချုပ်ရဲ့ သီချင်းကို ကေသီပန်တူရိယာ အဖွဲ့ (ကိုမြတ်လေး၊ စန္ဒရား ချစ်ဆွေ) က တာဝန်ယူရေးစပ်ပြီး ဆဋ္ဌမကွန်ဂရက်မှာ အတည်ပြုဖြန့်ချိပေးခဲ့တယ်။ ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်အုန်း၊ ရေနံချောင်းဟာ ၆၂ ခုနှစ်၊ မတ်လ ၂ ရက် မဆလစစ်အာဏာသိမ်းပွဲကို ထောက်ခံခဲ့ တာ ကြောင့် ဗကသများအဖွဲ့ချုပ် ၂ ခြမ်းကွဲခဲ့ရတယ်။ ဥက္ကဋ္ဌ ကိုခင်မောင်အုန်း ကိုယ်စားပြုတဲ့ အမှုဆောင် ၆ ဦးက သမဂ္ဂမှ ထွက်ခွာသွားခဲ့ပါတယ်။ ရဲဘော်ကိုသက်က ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆက်ယူခဲ့ တယ်။ ရဲဘော်သက် (ဒေးဒရဲ)ဟာ ပဲခူးရိုးမတစ်နေရာမှာ ငှက်ဖျားနဲ့ကျဆုံးခဲ့ရတယ်။

ဦးခင်မောင်အုန်းဟာ မဆလ အစိုးရရဲ့ အထက်တန်း ပညာဦးစီးဌာနမှာ ညွှန်ကြားရေးမှူးရာထူး ယူသွားခဲ့ပါ တယ်။ ဦးခင်မောင်အုန်းနဲ့အတူ ဦးမင်းထွေး၊ ဦးမြသန်း၊ (လက်ပံတန်း)နဲ့ အတူအခြား ဗကသ အမှုဆောင် ၃ ဦး ပါသွားခဲ့ပါတယ်။ ဗကသမှာ ရဲဘော် ကိုသက် ဒေးဒရဲ(နဲ့)အတူ၊ ကိုတင်ထွန်း၊ ဖျာပုံ၊ ဗကသများ အဖွဲ့ချုပ် G.S ၊ ဦးကျော်လှိုင် (ရခိုင်)ကိုထွားစိန်၊ (ရန်ကုန်)၊ ကိုသိန်းမြင့်၊ ဗိုလ်ကလေး၊ ကိုလှရွှေ (ဗိုလ်ကလေး)တို့ဟာ ၁၉၆၃ နိုဝင်ဘာ၁၄ အထိအမျိုးမျိုးသော ဖိနှိပ်မှုများကိုရင်ဆိုင်ပြီး ဗကသများ အဖွဲ့ချုပ်တာဝန်များကို တာဝန်ယူဆောင် ရွက်ခဲ့ကြတယ်။

၁၉၆၃ နိုဝင်ဘာ ၁၄မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတာကြောင့် တစ်ပြည်လုံးလူဖမ်းပွဲကြီး ကျင်းပခဲ့တယ်။ ဒီအခြေအနေများကြောင့် ဗကသများအဖွဲ့ချုပ် E.C များ၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗ ဆွေလေး၊ (ဗိုလ်ကလေး)ဟာ ပဲခူးရိုးမ မြစ်ဝကျွန်းပေါ် တိုင်း တော်လှန်ရေးဒေသ၊ ရန်သူချေမှုန်းရေးတိုက်ပွဲ တစ်ခုမှာ အသေခံတိုက် ပွဲဝင်သွားခဲ့ပါတယ်။ ၂၂၊ ၁၊ ၁၉၇၂ မှာ ကျဆုံးသွားခဲ့တယ်။ ကျောင်းသားညီညွတ်ရေး တပ်ဦး ဥက္ကဋ္ဌကိုသာဒိုး၊ (ရခိုင်)၊ ကိုကိုးကျွန်းပြန် ကျောင်းသား ခေါင်းဆောင်များ ဖြစ်တဲ့ ကိုဉာဏ်ဝင်း၊ ကိုအောင်ဘော်၊ ကိုမြတ်စံ ဦးတို့ဟာ ရွှေကျင်ကျောက်ကြီးဒေသ ကေအင်န်ယူဒေသတပ်ဖွဲ့များရဲ့ သတ်ဖြတ် မှုခံခဲ့ကြရတယ်။ ဗကသများအဖွဲ့ချုပ် G.S ဖြစ်တဲ့ ကိုတင်ထွန်း၊ ဖျာပုံဟာ ပေါင်ဒဏ် ရာပြီး ရန်သူ့တပ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်။

ဗိုလ်မှူးချစ်ကောင်း (လေထီးဆင်း)နဲ့ကိုထွန်းကြည်၊ ကိုထွန်းလူ၊ မြစ်ဝကျွန်းပေါ်၊ တိုင်းဆေးမှူးကြီးတို့ ဟာ လေးမျက် နှာမြို့နယ်၊ စဆရ စစ်ဆင်ရေးတစ်ခုမှာ ဒဏ်ရာရ၊ ပစ်သတ်ခံရတယ်။ ဒေါက်တာ လှဆောင်(ဒေးဒရဲ) ဟာ ဗဟိုဆေးကျောင်း တိုက်ပွဲ၊ ပဲခူးရိုးမတစ်နေရာမှာ ဒဏ်ရာရ ရဲဘော်များကို ကယ်ထုတ်ရင်း ကျဆုံးခဲ့ရ တယ်။ တကသဥက္ကဋ္ဌ ကိုဗဆွေလေးဟာ ၁၉၇၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ဖြစ်တဲ့ သာပေါင်းနောက် ကျော သန်းသန်း ကျောက်တိုင် တောင်ကြောတိုက်ပွဲမှာ ခွင့်တောင်းပြီး အသေခံသွားခဲ့တယ်။ ပုသိမ် ခရိုင်ဗက သဥက္ကဋ္ဌကိုမောင်မောင်၊ ရဲဘော်မင်းဦး၊ မတကသမှရဲဘော်ဌေးလှ၊ ရဲဘော် လှမြင့်ဟာ ထောက်လှမ်းရေး ညှဉ်း ပန်းနှိပ် စက်မှုနဲ့ အသက်ပေးသွားရပါတယ်။ (မတကသမှ တပ်ဦးအတွင်းရေးမှူး ရဲဘော်သောင်းရွှေ၊ (စောနောင်) ဟာ ရှမ်းတောင် ပိုင်းပေါင်းလောင်းဖျားမှာ အသက်ပေးသွား ခဲ့ရပါတယ်။

ပဲခူးရိုးမ၊ ဗဟိုစခန်းရောက် ကိုသိန်းထွန်း၊ (ဖျာပုံ)၊ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ G.S ၊ ကိုကျော်ခင် (ရခိုင်)၊ စစ်တွေ၊ ကိုစိုးဝင်း၊ ထွန်းကျော်၊ မန္တလေးလူထုတိုက်၊ ကိုစိုးမြင့်၊(ဟင်္သာတ)၊ကျောင်းသားညီညွတ် ရေးတပ်ဦး သဘာပတိအဖွဲ့ဝင်၊ ကိုအောင်သိမ်းနိုင်၊ ဗိုလ်ရန်အောင်တူစတဲ့ကျောင်းသား ညီညွတ်ရေး တပ်ဦးအဖွဲ့ဝင်၊ မင်း ၀င်းထိန်၊ (မော်လမြိုင်)တက္ကသိုလ်တို့တာ ပဲခူးရိုးမမှာ ဖြစ်တဲ့ ပါတီတွင်းမှားယွင်းတဲ့ဖြုတ်၊ ထုတ်၊ သတ်လမ်း စဉ်ရဲ့လက်ဝဲသွေဖည်ရေး လမ်းစဉ်အမှားအောက်မှာ ပါတီနဲ့တော်လှန်ရေး အကျိုး စီးပွားအတွက် အသက်ပေးခဲ့ ကြရပါ တယ်။၁၉၇၆ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှာ ပြောကြားတဲ့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ရဲ့ မိန့်ခွန်းမှာ ““ဒီရဲ ဘော်များဟာ ပါတီနဲ့ တော်လှန်ရေးအတွက် အသက်ပေးသွားကြသူများ၊ ရဲဘော်များသာဖြစ်ကြောင်း ပြန်လည် ဂုဏ်တင်ပေးသွားခဲ့ပါတယ်။

၁၉၆၇ ခုနှစ် အတွင်းမှာ ပဲခူးရိုးမ ဗဟိုဌာနချုပ်က စီမံခန့် ခွဲခဲ့တဲ့ ခွင်ထဲကမထွက်ရေး စစ်ရေးလက်ဝဲ အချောင် ၀ါဒနဲ့ ပါတီတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်များဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အတွက် သေလောက်တဲ့ ဒဏ်ရာ များရရှိစေခဲ့တယ်။ ဒါကြောင့် ဒီလက်ဝဲတရားသေ၀ါဒကို ဖယ်ရှားနိုင်၊ မဖယ်ရှားနိုင်ဆိုတာက ဗမာပြည် ကွန်မြူ နစ်ပါတီရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမေးတဲ့ အကြောင်းအချက်များဖြစ်လာခဲ့ပါတယ်။ ၁၉၆၈၊ စက်တင် ဘာ ၂၄ ရက်နေ့မှာပါတီဥက္ကဋ္ဌ သခင်သန်းထွန်းဟာ ရန်သူ့သူလျှိုရဲ့ လုပ်ကြံမှုခံရပြီး ကျဆုံးသွားခဲ့ရပါတယ်။ ၁၉၇၅ မတ်လ ၁၅ ရက်နေ့မှာ ဗကပဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သခင်ဇင်နဲ့ သခင်ချစ်တို့ ကျဆုံးခဲ့ရပါ တယ်။ ဗကပရဲ့ ပဲခူးရိုးမရခဲခံဒေသ (၁၉၄၈၊ ၁၉၇၅) ပြိုကွဲခဲ့ရပါတယ်။ ဒီစစ်ရေးနဲ့ ပါတီတွင်းဂိုဏ်း တိုက်ပွဲများအတွင်းမှာ ကျောင်းသားခေါင်းဆောင်တချို့နဲ့ ပဲခူးခရိုင်နဲ့ တောင်ငူခရိုင် ကျောင်းသားသမဂ္ဂများက A.S ထဲပါဝင်ခဲ့ကြတဲ့ မြို့နယ်နဲ့ခရိုင် ကျောင်းသားသမဂ္ဂခေါင်းဆောင် တချို့လည်း ကျဆုံးခဲ့ရပါတယ်။

၁၉၆၃၊ နိုဝင်ဘာ ၁၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ပျက်သွားခဲ့တာကြောင့် တစ်နိုင်ငံလုံးဟာ ဓားစိုးမိုးအုပ်စိုးမှု (reigon of terror) အောက် ကျရောက်သွားခဲ့ရပါတယ်။ ဒီနေ့မှာပဲ ရန်ကုန်တက္ကသိုလ်ကြီးကို ပိတ်လိုက်ပါ တယ်။ အဆောင်နေ ကျောင်းသူကျောင်းသားများဟာ ၁၇၊ ၁၁ ရက်နေ့ ISU ကမ္ဘာ့ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မွေးနေ့ပွဲကျင်းပပြီးမှ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဆုံးမမှုကိုနာခံပြီး အိမ်ပြန်ခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ် (ABFSU) ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (RUSU) ၊ R.U.SUF ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး R.U သယာယနှင့် စာဖတ်သင်းများအဖွဲ့ချုပ် (Sand R Fed.) R.U ရှမ်း၊ ရခိုင်၊ မွန် စတဲ့ လူမျိုးစုကျောင်းသားအဖွဲ့အစည်းများ၊ ခရိုင်နဲ့ မြို့နယ် ကျောင်းသား အဖွဲ့အစည်း များ၊ ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့များ၊ အားကစား အသင်းအဖွဲ့များ၊ စာနယ်ဇင်း အသင်းများမှတက်ကြွတဲ့ အမှု ဆောင် ကျောင်းသားများဟာ နီးစပ်တဲ့ တော်လှန်ရေးဒေသများကို ၀င်ရောက်သွားကြပြီး ““စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး Armed Struggle အတွင်းပုံစံမျိုးနဲ့ ၀င်ရောက်သွားခဲ့ကြပါတယ်။

၈၈ ဒီမိုကရေစီအရေးတော် ပုံကြီးသွေးချောင်းစီး သတ်ဖြတ်ခံရတဲ့အခါ အထူးသဖြင့် ကျောင်းသားများဟာ စစ် အစိုးရဆန့်ကျင်ရေး (Armed Struggle) လုပ်ကြဖို့ ထောင်နဲ့ချီထွက်သွားခဲ့ကြပါတယ်။ သခင်နုလိုလူမျိုးပင် အရှေ့ရိုးမကို ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဗမာပြည်နိုင်ငံရေးမှာ ဗိုလ်နေ၀င်းလောက် ပြတ်သားတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးသမား မရှိတာကြောင့် အပြင်ထွက်မယ်၊ ခုတ်မယ်ထစ်မယ်ဆိုတဲ့ ဒုတိယ အောင်ဆန်းလုပ်ချင်တဲ့ သူတွေဟာ US ထံ က ဘာလက်နက်မှ မရခဲ့ပါဘူး။ သခင်နုသည်ပင်လျှင် ပြည်ပြေးစာရင်းပေါက်ရုံပဲရှိပါတယ်။ ဒါကြောင့် ၂/၈၀ လွတ်ငြိမ်းခွင့်ကို အရယူပြီး တိတ်တိတ်ပြန်ခဲ့ရတယ်။ ဒီက နေ့မှာလည်း မီဒီယာမှာတစ်မျိုးပြော၊ ဆင် ဖမ်းမယ်၊ ကျားဖမ်းမယ် ကြွေးကြော်ပြီး (အတွင်းမှာ ကြံ့ဖွံ့အစိုးရနဲ့ နားလည်မှုပုံစံ မျိုးစုံနဲ့ရယူပြီး၊ လက်ပံ တန်းပညာရေး ဥပဒေပြင်ဆင်ရေးသပိတ်စခန်း ဖြိုခွဲခံရတဲ့အခါ ကြံ့ဖွံ့အစိုးရနဲ့ ရထားတဲ့နားလည်မှု ရထား တဲ့ နားလည်မှု ကလေးပျက်သွားလို့ မဖြစ်ဘူးဆိုတဲ့ ဖိန့်လုံးလှိမ့်လုံးနဲ့ အရွယ် ၃ ပါးလုံး၊ တေမိလုပ်နေကြပါတယ်။ ထောင်ထဲ မှာပြောလေ့ရှိတဲ့ စကားတစ်လုံး ရှိပါတယ်။

(သူ့)စိတ်သိရတာပေါ့တဲ့။ အခုက ရှင်းသွားပါပြီ။ ကိုယ့်လမ်း ကိုယ်လျှောက်ကြတာပေါ့။ ငါပြန်လာရင်ဘွဲ့နှင်း သဘင်မှာ ဒေါင်းအလံ စိုက်မယ်ဆိုတဲ့ ပုဂ်္ဂိုလ်လည်း ဘာသံမှ မကြားရပါဘူး။ဗမာပြည်နိုင်ငံရေးက ကြမ်း တယ်။ ဒီကနေ့အထိ သေနတ်သံတွေ ကြားနေရဆဲပါ။ မတိုက်ရဲရင် မတိုက်ရုံပဲပေါ့။ ၁၉၈၈ ကနေ ကနေ့အထိ ၂၇ နှစ်ရှိပါပြီ။ လူတစ်ယောက် ကောင်းကောင်းအရွယ် ရောက်တဲ့ကာလပါ။ သူများကို ညာတာ ထက်၊ ကိုယ့်ကိုယ် ကိုယ်ညာရတာက ပိုခက်ပါတယ်။ [အိမ်ထောင်လည်း ကျချင်တယ်။ ယောက်ျားလည်းကြောက်တယ် ဆိုရင် တော့ အပျိုကြီးပဲလုပ်ပေါ့]

လွတ်လပ်ရေးခေတ် ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ ၁၉၅၃ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး အရေး တော်ပုံကစပြီး ၁၉၆၄ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တစ်ခေတ်ပေါ့။ ဆယ်စုနှစ် တစ်ခုပေါ့။ ဗကသများအဖွဲ့ချုပ်ရဲ့ ကျောင်းသားခေါင်း ဆောင်ဖြစ်စဉ်က အုပ်စုနဲ့ဘေးတီးလို့ မရဘူး။ မြို့နယ် သမဂ္ဂခရိုင် သမဂ္ဂတက္ကသိုလ်နဲ့ ကောလိပ် သမဂ္ဂဗကသများအဖွဲ့ချုပ် (၄) နှစ်တစ်ကြိမ် ညီလာခံများက ထောက်ခံမဲရမှ အဆင်သင့် ညီလာ ခံများက ရွေးကောက်မှ အဆင့်ဆင့် သမဂ္ဂခေါင်းဆောင်ဖြစ်ရတာပါ။ အဆင့်တစ်ဆင့်မှာ အနည်းဆုံး အတန်း ကိုယ်စားလှယ်၊ အားလုံးက ချစ်ခင်လေးစားတဲ့သူ၊ အနစ်နာခံတတ်တဲ့သူ၊ ကျောင်း၊ ရပ်ကွက်အတွင်းသာ မှုနာမှု များ ပါဝင်သူ တည်တည်တံ့တံ့နေတတ်သူ အတန်းထဲ မှာစာမညံ့သူ၊ သမဂ္ဂလုပ်ငန်းကို စိတ်ဝင် စားသူ၊ စာဖတ် တဲ့ သူစတဲ့။ သူလိုကိုယ်လို လူမဟုတ်သူ၊ သမဂ္ဂ၀င်လိုသူစတဲ့သူများပင် မြို့နယ်၊ ခရိုင်၊ တက္ကသိုလ်ကောလိပ်မှ ဗကသညီလာခံများမှ ရွေးကောက်သူ ဖြစ်ရပါမယ်။

(၁) ဗကသများအဖွဲ့ချုပ်၊ ဗဟိုမှာညီလာခံက ရွေးကောက်သူ EC ၁၂ ယောက်ရှိရ မယ်။ အပေါ်မှာဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး ရှိမယ်။ ဗျူရို ၅ ခုမှာ၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အတွင်းရေးမှူးတစ်ဦးရှိရမယ်။ ဗျူရိုတစ်ခုစီ အတွက် ဗျူရိုအဖွဲ့ဝင် ၃ဦး ကို ဗကသများအဖွဲ့ချုပ် EC အစည်းအဝေးက ရွေးကောက်ရမယ်။ ဗကသများ အဖွဲ့ချုပ် EC မှာ EC အဖွဲ့ဝင် ၁၂ ဦးရှိရမယ်။ ဗျူရို ၅ခုကိုဦးစီးရမယ်။ (၂) ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက R.U.S.E.C က ရွေးကောက်ပွဲများနဲ့ ရွေးကောက်ရပါမယ်။ ပထမရွေးကောက်ပွဲ ဥက္ကဋ္ဌ(၁)ဦး၊ ဒုတိယ ဥက္ကဋ္ဌတစ်ဦး၊ ငွေထိန်းတစ်ဦး ရွေးကောက်ရပါမယ်။ ငွေထိန်းကဘွဲ့ရပြီးသူ ဖြစ်ရပါမယ်။

ဒုတိယရွေးကောက်ပွဲ R.U.S.U.Ec ၆ ယောက် ရွေးရပါမယ်။ နိုင်ငံခြားရေး၊ သက်သာ၊ အားကစား၊ လူထု ဆက် ဆံရေးမှူး၊ ဘဏ္ဍာရေး၊ ပြန်ကြားရေး မှူးများ ရွေးကောက်ရပါမယ်။ ဒီ EC များအတွက် အရွေးကောက်ခံ ဖြစ်ရ ပါမယ်။ Main EC ရဲ့ ပထမအစည်းအဝေးမှာ အိုးဝေမဂ္ဂဇင်းအယ် ဒီတာနဲ့ သမဂ္ဂစာကြည့်တိုက်မှူး ၂ဦးကို ရွေးကောက်ရပါမယ်။ R.U.S.U.EC စုစု ပေါင်း ၁၁ဦးရှိနေမှာပါ။ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ရပါမယ်။ ဒါမှသာတရားဝင် သမဂ္ဂအမှုဆောင် ဖြစ် ပါမယ်။

တကသရွေးကောက်ပွဲများနဲ့ အာဏာရလာတဲ့ တကသအမှုဆောင်အဖွဲ့ရဲ့ တာဝန်ဟာ (ဥပမာ-၂၀၁၅၊ တကသ အမှုဆောင် အဖွဲ့ရဲ့တာဝန်ဟာ ၂၀၁၆ခုနှစ်မှာ ကျင်းပတဲ့အလုပ်အစည်းအဝေးလို့ခေါ်တဲ့ အစည်း အဝေးမှာ အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းအစီရင်ခံစာနဲ့ R.A အစိုးရငွေ စာရင်းကိုင် ၂ ယောက် လက်မှတ်ထိုးတဲ့ ငွေစာရင်း ရှင်းတမ်းတို့ကို အလုပ်အစည်းအဝေး တက်လာတဲ့ သမဂ္ဂ၀င်များက အတည်ပြုပြီးမှ ၂၀၁၅ တကသအလုပ် အဝေးပြီးဆုံးပါတယ်။ ဒီတော့မှ ၂၀၁၅တကသ ဥက္ကဋ္ဌက ရွေးကောက်ပွဲအရာရှိလုပ်ပြီး၂၀၁၆တကသ EC များ ရွေးကောက်ပွဲကို ကျင်းပပေးရပါတယ်။ အဲဒီတော့မှ ၂၀၁၅ R.U.S.U ရဲ့ တာဝန်ပြီး ဆုံးပါတယ်။

ပါတီစုံနိုင်ငံရေး စနစ်လိုပါပဲ။ တကသ ရွေးကောက်ပွဲပြိုင်ဖို့၊ ဘယ်သူမဆို ကျောင်းသား အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ရပါတယ်။ ကျောင်းသားများဘက်က R.U ကျောင်းသားညီညွတ်ရေး တပ်ဦးကိုဖွဲ့ စည်းထားပါ တယ်။ (စာရေးသူဟာ ၁၉၆၁- ၆၂ R.U.Students United Front: RUSU ရဲ့ အတွင်းရေးမှူးပါ။ ဒါကြောင့် 7th July ကျောင်းသားအရေးတော်ပုံဟာ ကျောင်းသားခေါင်းဆောင်များရဲ့ ရပ်တည်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ လုပ်ငန်းစွမ်းဆောင်ရည်ကို စစ်ဆေးတဲ့ပွဲတစ်ပွဲပါပဲ။ ရှစ် ၄လုံးဟာလည်း ဒီ့ထက် ကြမ်းတမ်းရက်စက်တဲ့ စမ်း သပ် စစ်ဆေးပွဲကြီးပါပဲ။

(စာရေးသူတို့ ၆၂ ခုနှစ်၊ ဇူလိုင် ၇ရက် ကျောင်းသား ခေါင်းဆောင် မျိုးဆက်ဟာ စစ်မြေပြင်ကို ရွေးခဲ့တယ်။ ပဲခူး ရိုးမကို ရွေးခဲ့တယ်။ ကိုကိုးကျွန်း ညှဉ်းပန်းနှိပ်စက်ရေးစခန်းကို ရွေးခဲ့တယ်။ ကိုကိုးကျွန်းကိုပို့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား၂၃၂ယောက် အနက် ကျောင်းသားခေါင်းဆောင် ၄၁ ယောက်ပါတယ်။ ကိုကိုးကျွန်း ဖျက်သိမ်းရေး ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲမှာ ကိုစိန်ဝင်း၊ (ရန်ကြီး အောင်၊ သုံးခွ) အင်းစိန်ထောင်ထဲမှာ ကျဆုံးခဲ့တယ်။ ၆၁/၆၂ ဇူလိုင်အရေးတော်ပုံကာလမှာ တပ်ဦးဥက္ကဋ္ဌ ဦးညိုဝင်းဟာ အင်းစိန်ထောင်ထဲမှာ ကျဆုံးခဲ့တယ်။ ပီသုံး လုံး ဥက္ကဋ္ဌ (၁၉၅၃ မှာ တကသ ဒုဥက္ကဋ္ဌ ဖြစ်ပြီး) ဦးခင်မောင်မြင့်ဟာ ၁၆၊ ၂၊ ၉၃ မှာ ဆေးဝါးကုသမှု မခံရလို့ ထောင်ထဲမှာ ကျဆုံးခဲ့တယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ခရီးရှည်ချီတက် ဆန္ဒပြခဲ့တဲ့ ပင်မသပိတ်စစ် ကြောင်း လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတဲ့အခါ လူထုခေါင်း ဆောင်၊ ကျောင်းသား ခေါင်းဆောင်အဖြစ် ကြွေးကြော် ရပ်တည် ခဲ့ကြ တဲ့သူများဟာ ကြံ့ဖွံ့အစိုးရရဲ့ အာဘော်နဲ့ အနီးဆုံး မှတ်ချက်တွေပေးခဲ့ကြတာကို ကြားရတဲ့အခါ သြော်သူတို့ လည်း ဒီပုပ်ထဲကဒီပဲ တွေချည်းပါလားလို့ မှတ်ချက်ပေးရပါတော့မယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံကြီး ဖြစ်လာတဲ့အခါ ဗမာပြည်က ဥပဒေတွင်း မာ့က်စ်ဝါဒီကြီးများဖြစ်တဲ့ ၀ိဓူရသခင် ချစ်မောင်၊ ဦးသိန်းဖေမြင့်စတဲ့ ဥပဒေတွင်း မာ့က်စ်ဝါဒီပဂေးကြီးများနဲ့ သူတို့ ပါတီမလညပ၊ ပမညတ၊ ဆိုရှယ်နီ ရဲဘော် အဖြူအ၀ါကြီးများက ဇူလိုင်(၇)ရက် ကျောင်းသားအရေးတော်ပုံကြီးဟာ ဟန်ဂေရီမှာဖြစ်ပေါ်ခဲ့တဲ့ နာဇီအုပ်စုရဲ့ ဆိုရှယ် လစ်စနစ် ဆန့်ကျင်ရေးကျောင်းသားလှုပ် ရှားမှုကြီးဖြစ်ပါတယ်။

တပ်မတော်တပ်မှူး စစ်ကဲကြီးများဟာ မျိုးချစ်များပါတဲ့။မဆလ လမ်းစဉ်ဟာလည်း ပူးပေါင်းဆောင်ရွက်လို့ ရတဲ့ဘုံလုပ်ငန်းစဉ်ပါတဲ့။ အဘ၀ိ ဓူရသခင် ချစ်မောင်ခင်ဗျား။ ထကြည့်ပေးပါဦး၊ စကား လုံးတွေမတူခြား နားနေပေမယ့်၊ ကြံ့ဖွံ့အစိုး ရနဲ့ပူးပေါင်းဆောင်ရွက်သူ များ ပေါ်ပေါက် နေပါသည်။ ဘာတွေကိုများ ပူးပေါင်း ဆောင်ရွက်ကြမှာပါလဲ။ လက်ပံတောင်းလား။လက် ပံတန်းလား၊ မခင်ဝင်းလား၊ ကိုပါကြီးလား၊ လောက်ကိုင် လား၊ ဦးဝင်းတင်ခင်ဗျား၊ ဘယ်သူ့ကိုယုံပြီး ကျွန်တော်တို့ကို အခုလို အားကိုးရာမဲ့ ထားခဲ့တာပါလဲ။ အမိမဲ့သား ရေနဲ့ငါးဆိုတာ ဒါမျိုးပဲလား အစ်ကိုရာ။ အစ်ကိုရက်စက်လွန်းတာပေါ့။ အခုတော့ ကျွန်တော်တို့မှာ စောလူးမင်း လိုပဲ တလိုင်းတွေ လက်ထဲမှာ မျက်လုံးလေးတွေ ကလယ် ကလယ်နဲ့ပါဗျာ။

၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈ ခုနှစ်ကျောင်း သားသပိတ်ကြီးများ၊ ကျောင်းသား သမဂ္ဂများ၊ ကျောင်းသားခေါင်းဆောင် များဟာ၊ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကြီးနဲ့တစ် ဆက်တစ်စပ်တည်းဖြစ်ပါတယ်။ လွတ်လပ် ရေးရပြီးနောက်၊ လူထုကြီးက ဆင်နွှဲခဲ့တဲ့ ပြည်တွင်း စစ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမို ကရေစီရေးတိုက်ပွဲများမှာ ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ခေါင်းဆောင်များဟာ တစ်ခဲ နက် ပါဝင်ခဲ့ကြတယ်။ 7th July ကျောင်းသားအရေးတော်ပုံ ရှစ်၎လုံး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒီမိုက ရေစီရေးလှုပ်ရှားမှုကြီးအတွင်းမှာ ကျောင်းသားနဲ့လူထု ၃၀၀၀ ကနေ ၅၀၀၀ ကြား အသတ်ခံခဲ့ရတယ်လို့ ကမ္ဘာ့ မီဒီယာများက ကမ္ဘာ့လူထုကြီးကို တင်ပြခဲ့ကြတယ်။ ပညာရေး ဥပဒေပြင်ဆင်ရေး လက်ပံတန်း သပိတ်စခန်း ဟာ မတ်လ ၁၀ ရက်နေ့မှာ ကျောင်းသားများရဲ့အကြမ်းဖက်ဖြိုခွဲခံရပြီး အခုကျောင်းသားများဟာ ထောင်ကျဖို့ တန်းစီစောင့်နေကြရပါတယ် ……..ဒါဟာ၊ ကြံ့ဖွံ့စစ်အစိုးရရဲ့ Democratic Reform လား။ ဒီမေးခွန်းကို ဘယ်သူတွေကများ ဖြေကြားပေးချင်ကြပါသလဲ။ အဖြေပေးမယ့် သူကောရှိပါသလား။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment