ရန်ကုန် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်မှုများဖြင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့်
ဒေါ်နော်အုန်းလှ တို့ကို ပုဒ်မ ၁၈ နှစ်မှုစီဖြင့် မေ ၂၇ ရက်၊ နံနက်ပိုင်းက
ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု ကျောက်တံတားမြို့မ
ရဲစခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

လက်ပံတောင်း
စီမံကိန်းတွင် ဆန္ဒပြသူ ဒေါ်ခင်ဝင်းအား ပစ်သတ်ခံရမှုအတွက် တရုတ်သံရုံးရှေ့
ဆန္ဒပြသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်
အပါအဝင် ငါးဦးကို ဒဂုံမြို့နယ်တရားရုံးတွင် အမိန့်ချမည့် မေ ၁၅ ရက်၌
ရဲများက ကြိုးဝါများဖြင့် စည်းတားထားသဖြင့် ရုံးထုတ်လာသူများက ကျေနပ်မှု
မရှိဟုဆိုကာ ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
“ဦးနေမျိုးဇင်နဲ့ ဒေါ်နော်အုန်းတို့ကို ပုဒ်မ ၁၈ နဲ့ ရုံးထုတ်တာပါ၊ လာမယ့်ရုံးချိန်းကျမှ အမှု စတင် စစ်ဆေးနိုင်မှာပါ” ဟု ပြောသည်။
ဦးနေမျိုးဇင်သည် ၂၀၁၄၊ ဒီဇင်ဘာ ၇ ရက်က၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံ၊ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကလေးငယ် ၁၀ ဦးခန့်ကို ခွင့်ပြုချက် မရဘဲ လွတ်လပ်ရေး ကြေညာစာတမ်း ဖတ်ပြခဲ့သဖြင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရခြင်း
ဖြစ်ပြီး ဒေါ်နော်အုန်းလှမှာ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလအတွင်းက လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရခြင်း ၂၄ လပြည့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်သည်။
ထို့ပြင် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့နှစ်ဦးသည် ၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်ရန်
ကျောက်တံတားမြို့နယ်အတွင်းသို့ ဖြတ်သန်းလမ်းလျှောက်ခဲ့သဖြင့် ပုဒ်မ ၁၈ ဖြင့် နှစ်ဦးစလုံး အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ နှစ်ဦးစီတွင် ကျောက်တံတားမြို့နယ်၌ ပုဒ်မ ၁၈ ဖြင့် အမှုနှစ်ခုစီ ရှိနေသည်။
ယင်းအပြင် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့နှစ်ဦးသည် ၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်က ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒဖော်ထုတ် ပန်းခွေချခဲ့သဖြင့် ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုပုဒ်မ ၁၄၇၊ ၃၅၃၊ ၅၀၅(ခ)၊ ၁၈ စသည့် ပုဒ်မ လေးခုဖြင့် အလုပ်နှင့် ထောင်ဒဏ် လေးနှစ်နှင့် လေးလ ကျခံစေရန် ၂၀၁၅၊ မေ ၁၅ ရက်တွင် အမိန့်ချမှတ်ခံထားရသည်။
လက်ရှိတရားစွဲဆိုထားသည့် ကျောက်တံတားမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ အတွက် ဇွန် ၈ ရက်တွင် စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment