Thursday, May 28, 2015

အထူးစီးပွားရေးဇုန်အတွင်း ပြည်ပအာမခံ ကုမ္ပဏီများ လုပ်ကိုင်ခွင့်လိုင်စင် စတင်ထုတ်ပေးပြီ

နေပြည်တော်၊ မေ၂၆ ။         ။ ပြည်ပအာမခံကုမ္ပဏီများ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ရန် ယာယီလုပ်ပိုင်ခွင့်လိုင်စင်များစတင် ထုတ်ပေးနေပြီဖြစ်ပြီး အာမခံ လုပ်ငန်း လေးမျိုးအား လုပ်ကိုင်ခွင့်ပေးသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မေ ၂၆ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

jkhgiufdhgidfgnogjri



“မနေ့က ဂျပန်အာမခံကုမ္ပဏီတစ်ခုကို ယာယီလိုင်စင်ထုတ်ပေးထားပါတယ်။ ဒီနေ့လည်း နောက်ကုမ္ပဏီတစ်ခုက ပိုက်ဆံသွင်းနေတယ်လို့ ကြားရပါတယ်” ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အထူးစီးပွားရေးဇုန်များတွင် အာမခံကုမ္ပဏီများအဖြစ် လုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် အာမခံလုပ်ငန်းများ လုပ်ကိုင်လာသည်မှာ အနည်ဆုံး လုပ်သက် နှစ်သုံး ဆယ်ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်သည့်ကာလ အနည်းဆုံး သုံးနှစ်ရှိရန်လည်း လိုအပ်သည်ဟု ဆက်ပြောသည်။

“မြန်မာနိုင်ငံမှာ ရုံးခွဲလာရောက်ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်လောက်ကတည်းက ဖွင့်ထားတာ ကုမ္ပဏီသုံးခုလောက်ရှိတယ်။ သုံးလေးနှစ်တွေလည်းရှိတယ်။ ခုမှဖွင့်ပေမယ့် နောက်သုံးနှစ်လောက်ဆို လုပ်ကိုင်မှာတွေလည်းရှိတယ်”ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း ကပြော သည်။

အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လာရောက်လျှောက် ထားနိုင်ကြောင်း နိုင်ငံခြားအာမခံကုမ္ပဏီများထံ စာပို့ အကြောင်းကြားထားပြီးဖြစ်သည်ဟု ဆိုသည်။

အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် အာဆီယံနိုင်ငံများထဲတွင် အနည်းဆုံး လုပ်ငန်းလိုင်စင် နှစ်ခုရရှိထားသည့် ကုမ္ပဏီဖြစ် ရမည် ဖြစ်ပြီး ထိုကုမ္ပဏီများကို အထူးစီးပွားရေးဇုန်များအတွင်းမှာသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရုံးခွဲလာရေက်ဖွင့်လှစ်ထားသည့် ကုမ္ပဏီပေါင်း ၁၆ ခုအထိရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဓနဥစ္စာကို တောင့်တင်းမှုကိုလည်း ကြည့်တယ်။ စုစုပေါင်းပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း ကြည့်တယ်။ ရင်းနှီးမြုပ်နှံမှု ဘယ်လောက် ရှိတယ် ဆိုတာကိုလည်း ကြည့်တယ်”ဟု ဒုတိယ၀န်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အထူးစီးပွားရေးဇုန်းများတွင် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများသည် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀၊ လိုင်စင်လုပ်ငန်းအတွက် ကန်ဒေါ်လာ ၃၀၀၀၀ ပေးသွင်းရမည်ဟုသိရသည်။

Credit - Mizzima News

No comments:

Post a Comment