Sunday, May 24, 2015

ဖုန်းငွေဖြည့် ကတ်မှအခွန်ကောက်ခံမှုကို ရပ်ဆိုင်းရန် အခွန်ဥပဒေ ကို ပြင်ဆင်ရန် အရေးကြီး အဆိုတင်

 ရန်ကုန်၊ မေ ၂၁

မိုဘိုင်းဖုန်းငွေဖြည့်ကတ်များမှ ကတ်တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ်ခွန်အဖြစ် ဇွန်လ ၁ရက်တွင် စတင် ကောက်ခံရန်အတွက် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဝန်ကြီးဌာနက ကြေညာထားမှုအပေါ် ယင်း အခွန်ဖြတ်တောက်မှုကို ဆိုင်းငံ့ထားရန်နှင့် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား လျင်မြန်စွာဆောင်ရွက် ပေးရန်အတွက် အစိုးရနှင့်လွှတ်တော်အား တိုက်တွန်းသည့်အဆိုကို မေ လ ၂၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် တွင် အမရပူမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်သည်။

““ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးသိန်းထွန်းဦးတင်တာ။ အမရပူရမဲဆန္ဒနယ်က။ သာပေါင်း မဲဆန္ဒနယ်က ဦးဝင်းသန်းက ထောက်ခံတာ။ ပြည်ခိုင်ဖြိုးကပဲ။ ဆွေးနွေးဖို့လို့ပြောတယ်။ ဆွေးနွေးဖို့တော့ နာမည်စာရင်းသွင်းခိုင်းတာပေါ့။ အဓိကကတော့ ကုန်သွယ်လုပ်ငန်းခွန်ကိစ္စပါ။ အဲဒီမှာ ၀န်ဆောင်မှုနဲ့ ပတ်သက် တဲ့ဟာကို ၀န်ဆောင်မှုဇယားမှာပါတဲ့ ၂၃ ခုကလွဲပြီး ကျန်တာကောက်ဆိုပြီးတော့ ဥပဒေမှာ ပါတယ်။ ဖုန်းကိစ္စ ပါပါသွားတာပေါ့။ အရင်တုန်းကလူတွေက ဖုန်းကို ၂၀ တို့၊ ၂၅ သိန်းတို့နဲ့ ၀ယ်ခဲ့ရတာတွေရှိတယ်ပေါ့။ …၀ယ်ခဲ့ရ တာတွေက အဲဒီအချိန်တုန်း ကမကောက်ဘူး။ အခုအချိန်ကျမှ ၁၅၀၀နဲ့ လုပ်လိုက်တဲ့အချိန်မှာ လူထုက ဖုန်း ကိုင်ခွင့်ရှိခဲ့တယ်။ ဖုန်းကိုင်ကြတဲ့ ကာလသက်တမ်းကလည်း တိုနေသေးတယ်။ အခွန်မကောက်သင့် သေး ဘူးပေါ့။ ခြွင်းချက် ပေးသင့်တယ်ပေါ့။ အဲဒီဥပဒေကို နည်းနည်း ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးဖို့ လွှတ်တော် ကော၊ အစိုးရကိုကော တိုက်တွန်းတယ်ဆိုပြီးတော့ တင်သွင်းတယ်””ဟု ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနု က မြန်မာသံတော်ဆင့်သို့ပြောသည်။
ယခုတင်သွင်းခဲ့သည့် အရေးကြီးအဆိုအတွက် ပါဝင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် အမည် စာရင်းများကိုလည်း စာရင်းပေးသွင်းခိုင်းထားပြီး မည်သည့်နေ့တွင် ဆွေးနွေးမည်ကိုမူ မသတ်မှတ်ရသေးပေ။

ဝိုင်းမော်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment