Sunday, May 24, 2015

ရခိုင်ပြည်နယ်မှ တရားမ၀င် ရွှေ့ပြောင်းသွားလာမှု မရှိရေး နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ကြေညာ

 ဒေါက်တာထွန်းအောင်ဆိုရင် ရခိုင်ကိစ္စစဖြစ်တော့ မောင်တောအထွက် ဘက်မှာ သူရဲ့သမီးက UN ၀န်ထမ်းပေါ့။ အဲဒီ UN အရေခွံခြုံပြီးတော့ အဲဒီဝန်းထဲနေတာ။ အဲဒါကို ကျွန်တော်က သတင်းရတယ်။ အဲဒီတော့ ဖမ်းဆိုပြီးတော့ ဒေါက်တာ ထွန်းအောင်ကို ဖမ်းတယ်။ အဲဒီဝန်းထဲ ၀င်ရှာပြီးတော့ ဖမ်းရတာ . . . အဲဒါတောင် မကြာဘူး။ ပြန်လွှတ်လိုက်တယ် . . .

နယ်ခြားစောင့်ရဲတွေက ပိုက်ဆံယူပြီးတော့ အကုန်လုံးကို လက်ခံထားတာ။ အရင်မဆလခေတ်တုန်းက လူဦးရေစာရင်း မှတ်တမ်းတင်တာ … လူဦးရေ မတိုးအောင်လုပ်တယ် … အခုက ဘင်္ဂါလီတွေကို လူဦးရေ စစ်ဆေးတဲ့ စနစ်လည်း မရှိဘူး။ ဘယ်သူမှလည်းမစစ်ဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ မေ (၂၀)

ပင်လယ်ရေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ်မှ တရားမ၀င် ရွှေ့ပြောင်း သွားလာမှု မရှိစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ အနေဖြင့် စနစ်တကျ ကြပ်မတ် ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက မေလ(၁၉)ရက်တွင် ထုတ်ပြန်သော ရွှေ့ပြောင်း အခြေချသူများ၊ ပင်လယ်တွင်း လှေစီး ဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘော ထားနှင့် ဆောင်ရွက်နေမှု အခြေအနေဟူသော ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်၌ လူမှောင်ခိုကူးမှုနှင့် တရား မ၀င် ရွှေ့ပြောင်း သွားလာမှုများ ကာကွယ် တားဆီးရေးကို အလေးထား ဆောင်ရွက်နေပြီး မိမိနိုင်ငံ၏ ရေပိုင်နက် အတွင်း ဖြတ် သန်း သွားလာမှု မရှိစေရေး၊ ဖြတ်သန်း သွားလာခြင်းကြောင့် ပင်လယ်ပြင် အတွင်းအထိ ဒုက္ခမရောက်စေရေး အတွက် မြန်မာတပ်မတော် (လေ)နှင့် မြန်မာ့တပ်မတော်(ရေ)တို့ အနေဖြင့် မိမိပိုင်နက် ရေပြင်အတွင်း ပုံမှန်ကင်းလှည့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်လည်ချက်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် သတင်းဌာနက သိရှိလိုသည်များကို နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းအဝေးများဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““ဒီကိစ္စမှာ ပါတဲ့သူတွေက အစည်းအဝေးခန်းထဲ ၀င်နေပါတယ်ရှင်။ ညီမတို့ဘက်ကတော့ သတင်းစာမှာ ပါတဲ့အတိုင်းပါပဲ။ အစည်းအဝေးပွဲက ခုမှစမှာဆိုတော့ ဘယ်အချိန်ပြီးမလဲ မသိဘူး””ဟု ဖုန်းလက်ခံ ဖြေကြားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အရှေ့တောင်အာရှ၌ ပင်လယ်ပြင်ကို လှေဖြင့်ဖြတ် ကာ နေရာရွှေ့ပြောင်းရန် ကြိုးစား လျက်ရှိသော ရွှေ့ပြောင်းအခြေချသူများ၊ ပင်လယ်တွင်း လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်မှုများရှိနေသည်။

““ကြေညာချက်အရ ပြောမယ်ဆိုရင်တော့ လှေစီးဒုက္ခသည်တွေကို သူတို့က လူကုန်ကူးတဲ့ သားကောင်အဖြစ်ပဲ သတ်မှတ်ထားတာ တွေ့ပါတယ်။ အဲဒီတော့ အာဆီယံမှာ သတ်မှတ်ထားတဲ့ ဘာလီ သဘောတူစာချုပ်အရ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်မယ်ဆိုတဲ့ အရာမျိုးချန်ထားခဲ့တယ်။ ဘာကြောင့် ဒီလိုမျိုး သွားလာနေရလဲ။ ဘာကြောင့် လူကုန်ကူးခံရတဲ့ အဆင့်အထိ ရောက်လဲဆိုတဲ့ အချက်ကိုတော့ သေသေ ချာချာ မပြောထားပါဘူး။ ဒီလူတွေကို လူကုန်ကူးနိုင်တဲ့ အခြေအနေတွေမျိုး လူကုန်ကူးနိုင်တဲ့ အချက်တွေကို ဖြေရှင်းမှ ဖြစ်ပါလိမ့်မယ်။ ဘယ်တိုင်းပြည်သားပဲဖြစ်ဖြစ် သူတို့ရောက်ရှိတဲ့နေရမှာ အခြေခံ လိုအပ်ချက်တွေ မရှိတဲ့ကိစ္စမျိုးတွေ ဒီ့ထက်ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ လူတွေကတော့ ဖြစ်ချင်ရာဖြစ် ထွက်သွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိပါတယ်””ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာပြည် အနောက်ခြမ်းဒေသတွင် အဆမတန် မြင့်မားလာ သည့် ရွှေ့ပြောင်း အခြေချသူများနှင့် ပင်လယ်တွင်း လှေစီးဒုက္ခ သည်များကိစ္စများ အာဆီယံ ဒေသတွင်း နိုင်ငံများအတွက် ကိုင်တွယ်ရခက်သည့် ပြဿနာတစ်ရပ်အဖြစ် ပြီးခဲ့သည့်နှစ်များ အတွင်းကပင် ဖြစ်တည်နေခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ်၌ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကိုကိုနိုင်(ငြိမ်း)ကို ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ-

““ရခိုင်ကိစ္စက ပြောရင်တော့ ရဲရဲဝံ့ဝံ့ လုပ်ဖို့တော့လိုတယ်ဗျ။ ဒီကိစ္စကို အလျှော့ပေးပြီးတော့ပဲ လုပ်နေမယ် ဆိုရင် ဒါကြီးက ကြာရင် ပိုရှင်းရခက်သွားမယ်။ လူ့အခွင့်အရေး အမြင်အရ ပြောတာက ပြောမှာပဲ။ ကျွန်တော်တို့ကတော့ ဒီကိစ္စမှာ အမျိုးသား အကျိုးစီးပွားအတွက်ပဲ ရပ်တည်ရမယ်။ ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာ၊ အမျိုးသားအကျိုးစီးပွား ဒါပဲရပ်တည်။ အခုက ဟိုဘက်က တံခါးမရှိ၊ ဓားမရှိ အကုန်လုံး ၀င်နေတာ။ နယ်ခြားစောင့် ရဲတွေက ပိုက်ဆံယူပြီးတော့ အကုန်လုံးကို လက်ခံထားတာ။ အရင်မဆလ ခေတ်တုန်းက မဆလကလည်း ကောင်းတာမဟုတ်ပါဘူး။ အဲဒီခေတ်ကတော့ ဆွဲတင်စစ်ဆိုတော့ အဆောက်အအုံတွေ ဆွဲတာ၊ လူဦးရေစာရင်း မှတ်တမ်းတင်တာ ဒါတွေလုပ်တယ်။ ပြီးတော့ လူဦးရေမတိုးအောင် လုပ်တယ်။ ပြီးရင် ကုလားကို ကုလားချင်း တိုက်ထားတယ်။ ခိုးဝင်တဲ့ကောင်ရှိရင် ကုလားကုလားချင်း တိုင်ကြတယ်။ အဲဒါဆိုရင် အဲဒီကောင်ကိုဖမ်း၊ ဘင်္ဂလားဒေ့ရှ်က ပြေးလာတဲ့ကောင် အရေးယူ ဒါမျိုးတွေပေါ့။ အခုက ဘင်္ဂါလီတွေကို လူဦးရေ စစ်ဆေးတဲ့ စနစ်လည်းမရှိဘူး။ ဘယ်သူမှလည်း မစစ်ဘူး။ အဲဒီတော့ ဘင်္ဂါလီတွေ ဘယ်လောက် တောင် ၀င်နေလဲမသိဘူး။ အခုက ဘယ်သူမှလည်း အမုန်းခံမလုပ်တော့ဘူး။

ဒေါက်တာထွန်းအောင်ဆိုရင် ရခိုင်ကိစ္စစဖြစ်တော့ မောင်တောအထွက် ဘက်မှာ UNHCR ၀င်းကြီးရှိတယ်။ အဲဒီမှာသူရဲ့သမီးက UN ၀န်ထမ်းပေါ့။ အဲဒီ UN အရေခွံခြုံပြီးတော့ အဲဒီဝင်းထဲနေတာ။ အဲဒါကို ကျွန်တော်က သတင်းရတယ်။ အဲဒီတော့ ဖမ်းဆိုပြီးတော့ ဒေါက်တာထွန်းအောင်ကို ဖမ်းတယ်။ အဲဒီဝင်းထဲ ၀င်ရှာပြီးတော့ ဖမ်းရတာ။ အဲဒါတောင်မကြာ ဘူး။ ပြန်လွှတ်လိုက်တယ်””ဟု မေလ ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော် ၌ မြန်မာ သံတော်ဆင့်နှင့် တွေ့ဆုံစဉ် ဦးကိုကိုနိုင်က ထည့်သွင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဦးကိုကိုနိုင်သည် ရခိုင်ပြည်နယ်၌ တိုင်းမှူးတာဝန် ထမ်းဆောင်စဉ်က မြန်မာ သံတော်ဆင့်နှင့် စစ်ရေး၊ နိုင်ငံရေး အတွေ့အကြုံများကို ကန့်သတ်ချက်မရှိ အကျယ်တ၀င့် အင်တာဗျူးဖြေကြားခဲ့ရာ သမ္မတဦးသိန်းစိန်အစိုးရ သစ်လက်ထက် ပုဂ္ဂလိကမီဒီယာနှင့် သီးခြားအင်တာဗျူး ဖြေကြားခွင့်ရသည့် တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်၊ တိုင်းမှူးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ် သည်။ ယခုအခါ ဗိုလ်ချုပ်ကိုကိုနိုင် တာဝန်မှ အငြိမ်းစားယူရပြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ တာဝန်ပေးချက်အရ လွှတ်တော် တွင် ကော်မရှင်အဖွဲ့ဝင် တာဝန် ထမ်းဆောင်လျက်ရှိသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment