အိန္ဒိယနိုင်ငံတွင်
ပြင်းထန်သည့် အပူလှိုင်းကျရာ တစ်ချို့ဒေသများတွင် အပူချိန် ၄၈ ဒီဂရီ
စင်တီဂရိတ်အထိရှိပြီး သေဆုံးသူလည်း အနည်းဆုံးလူပေါင်း ၅၀၀ကျော် ရှိသည်။

လူသေဆုံးမှုအများဆုံးမှာတောင်ပိုင်းပြည်နယ်များဖြစ်သည့် တီလန်ဂါနာနှင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်များတွင်င်ဖြစ်ပြီး စနေနေ့မှစကာ ယနေ့အထိလူ၁၄၀ကျော် ထက်မနည်းသေဆုံးခဲ့ပြီဖြစ်သည်။
ဥတာပရာဒေ့ရှ်ပြည်နယ် အလက်ရှ်ဟာဘတ်မြို့အပူချိန်သည် စံချိန်တင် ၄၈ ဒီဂရီစင်တီဂရိတ်ရှိပြီး နယူးဒေလီမြို့တော်၏ အပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ်ရှိသည်။
လူများကို အိမ်တွင်း အရိပ်အာဝါသတွင်းမှာပင်နေကြရန်နှင့် အရည်များများ သောက်ကြရန် အာဏာပိုင်များ နှိုးဆော်ချက်များထုတ်ထားရသည်။ အပူလှိုင်း ကျရောက် သည့်အခြေအနေက ဧပြီလလယ်တွင် တောင်ပိုင်းပြည်နယ်နှစ်ခု၌ အဆိုးဆုံးဖြစ်ခဲ့သော်လည်း သေဆုံးမှုအများဆုံးဖြစ်ခဲ့သည်မှာ ပြီးခဲ့သည့် သီတင်း ပတ်ကမှဖြစ်သည်။
အပူလှိုင်းဒဏ် အဆိုးဆုံးကြုံတွေ့နေရသည့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်က အပူချိန်မြင့်တက်ကာ တစ်ပတ်အတွင်း လူပေါင်း ၂၄၆ ဦး အထိသေဆုံးခဲ့သည်။ တနင်္ဂနွေနေ့တွင် လူ ၆၂ ဦးသေဆုံးကြောင်း ပြည်နယ်တာဝန်ရှိများက ပြောသည်။
”အဓိက သေဆုံးရသူများက နေပူအောက်တွင် တိုက်ရိုက်ထိတွေ့နေရသူများဖြစ်ပါတယ်။ အသက် ၅၀ နဲ့ အထက်ပိုင်း သေဆုံးတာ အများဆုံးဖြစ် ပါတယ်။” ဟု ပြည်နယ်အထူးကော်မရှင်နာမင်းကြီး တူလစီရာနီ၏ ပြောကြားချက်ကို အေအက်ဖ်ပီသတင်းတွင် ကိုးကားဖော်ပြထားသည်။
Ref: BBC
Credit - Mizzima News
No comments:
Post a Comment