အားလုံးဝယ်ယူပြီး စက်လှေနှင့် ဘုရားကိုရောက် မိသားစု အားလုံး ရွှေချရန် ရွှေဆိုင်း အထုပ်ကလေးများဖြေပြီး ဘုရားကိုရွှေကပ်ရန် ပြုလုပ်ခါစ အချိန်ကလေးမှာ လူတစ်ယောက်က ခင်ဗျား စာမတတ်ဘူးလား၊ ဒီဘုရား မှာ ပြင်ပရွှေဆိုင်းနှင့် ရွှေချတာကို လုံးဝခွင့်မပြုကြောင်း၊
ဘုရားကျောင်းဆောင်တော် အတွင်းမှာ ရောင်းချ တဲ့ ရွှေဆိုင်းကလွဲရင် ပြင်ပရွှေဆိုင်း မချရဆိုပြီး ကျွန်တော်တို့ကို ဘုရားလုံခြုံရေးများကို ခေါ်ပြီး ဆွဲချခိုင်းသည် အထိ မောက်မာ ရိုင်းပျစွာ ပြုမူပြောဆိုခဲ့သည့်အတွက် ကျွန်တော်တို့ မိသားစု ဘုရားပေါ်မှ အောက်သို့ ဆင်းခဲ့ရပါသည်။
ကျွန်တော်တို့ မိသားစုအားလုံး ဘုရားအား ရွှေဆိုင်းလည်း မချရ၊ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည့်အတွက် ဘုရားကိုလည်း ပူဇော်ရှိခိုးခြင်း မပြုခဲ့ရပါ။ ၎င်းကိစ္စဖြစ်ပွားသည့် အချိန်မှာ ကျွန်တော်တို့မိသားစု လိုပင် ပြင်ပမှ ရွှေဆိုင်း ၀ယ်ယူလာသော ဘုရားဖူးများမှ ဘုရားအား ရွှေဆိုင်းကပ်လှူခွင့် မရရှိတော့ဘဲ ပြန်သွား ရသည့် ဘုရားဖူးများလည်း မရေမတွက်နိုင်တော့ပါ။
ဤဖြစ်စဉ်အား ဘေးမှရပ်ကြည့်နေသော အသက် ၆၀ နှစ်ခန့်ရှိ လူကြီးတစ်ဦးကလည်း ဒီအဖြစ်မျိုး ဟာ မြန်မာဗုဒ္ဓဘာသာ အချင်းချင်း မွန်မြတ်သော ရွှေဆိုင်းကပ်လှူရခြင်း အလှူဒါနအပေါ် တစ်ကိုယ်ကောင်း စီးပွားရှာမှု အတွက် မဟာအမှားကြီး ကျူးလွန်နေရာ ကျနေပါသည် ဟု ပြောပြန်တော့လည်း ဒါတွေက ခဏခဏ ဖြစ်နေတာ ရိုးနေပါပြီ လို့တောင် ရွှေရောင်းကောင်တာမှ အမျိုးသမီးများက ပြောလိုက်ပါသေးသည်။
ဂေါပကလူကြီးများကလည်း ဘုရားဖူးလာ ပြည်သူများဘက်မှ မကာကွယ် မစောင့်ရှောက်ပေးနိုင်၊ ဘယ်လို ဖိအားတွေ၊ ဘက်ကရောင်းတွေနဲ့ အင်အားသုံးပြီး ရိုင်းပျစော်ကားရဲတာကို စဉ်းစားစရာတစ်ခု ဖြစ်နေပါပြီ။
အနာဂတ် သာသနာအတွက် ရင်လေးစရာ ရှမ်းပြည်နယ်တစ်ခုလုံး၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ မြန်မာတစ်ပြည်လုံး၏ ယဉ်ကျေးမှုနှင့် ဗုဒ္ဓသာသနာကို ဖျက်ဆီးနေကြပြီဟု ကောက်ချက်ချရမှာပါ။
ကျွန်တော်တို့ မိသားစု(၉)ယောက် ဖောင်တော်ဦးဘုရား အား ရွှေဆိုင်း မကပ်ရ၊ ဘုရားလည်းမဖူးရဘဲ ရန်ကုန် သို့ ပြန်လာခဲ့ရပါ သည်။ ဖောင်တော်ဦးဘုရားကို ဖူးမြော်ရန် ခရီးစရိတ် စုဆောင်းရပါသည်။ စရိတ်ကလည်း ကြီးလှ ပါသည်။ ခရီးကလည်း ဝေးလှပါသည်။ ဘုရားသို့ ရောက်ရှိခဲ့ပေမယ့် ဘုရားရွှေဆိုင်း ကပ်လှူခြင်း ဒါနအား လုံခြုံရေးရဲခေါ်ပြီး မောင်းထုတ်ခံရခဲ့ခြင်းမှာ ကျွန်တော့် အသက် ၆၀ ကျော် ၇၀ နှစ်အတွင်း ကြားလည်း မကြား ခဲ့ဖူး၊ မြင်လည်းမမြင်ခဲ့ဖူးပါ။
ဤအဖြစ်သည် ၀မ်းနည်းကြေကွဲစွာနှင့် အဆုံးသတ်ရမလို ဖြစ်နေပါသည်။ ကျွန်တော် ယခုကဲ့သို့ တင်ပြ တိုင်ကြားရခြင်းမှာ မြန်မာဗုဒ္ဓဘာသာဝင် တိုင်း၏ ကိုယ်စား တိုင်ကြားရခြင်းဖြစ်ပါသည်။
အမှန်တကယ် ကန်ထရိုက်စံနစ်နှင့်ယူပြီး လုပ်ကြတယ် ဆိုလျှင် လည်း ရွှေဆိုင်း ထုတ်လုပ်သူ အချင်းချင်း ညှိနှိုင်းယူကြရမှာ ဖြစ်ပါသည်။ ဘုရားဖူး ပြည်သူများနှင့် လုံးဝမပတ်သက်ပါ။ သူတို့၏ အကြောင်းပြ ချက်က ပြင်ပရွှေတွေသည် ရွှေအရည်မမှန်ဘူး။ ရွှေဆိုင်းကြားထဲတွင် ရွှေပြားကလေးများ မပါခြင်း ဆိုသည့် အကြောင်းပြချက်ဖြင့် ယခုလို လုပ်ရ တာ ဖြစ်ကြောင်း၊ ဘုရားဖူးများကိုလည်း ဘုရားမရောက်မီ စက်လှေဆိပ်၊ ကားဂိတ်များတွင် သိရှိရန် ကြပ်ကြပ်မတ်မတ် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ပေးရမည့် အလုပ်ကိုလည်း သူတို့မလုပ်ပါ။
ဘုရားရွှေချတော့မှ လုံခြုံရေးခေါ်ပြီး ဆွဲချခိုင်းခြင်းသည် မသိနားမလည် ရိုးသားသူ ဘုရားဖူးများအတွက် ကုသိုလ်ကနေ အကုသိုလ် ဖြစ်ရ ပါတော့သည်။ ယခုအဖြစ်အပျက်အား လိုအပ်သလို တာဝန်ရှိသူများနှင့် အများပြည်သူ သိရှိဆင်ခြင် ဆောင်ရွက်နိုင်ရန် လေးစားစွာ တင်ပြအပ်ပါသည်။
ဦးဝင်းတင်(ခ)ဦးဝင်းမောင်
၁၂/ဥကတ(နိုင်)၀၇၈၉၉၉
၀၉-၄၂၀၇၇၀၄၂၁
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald



No comments:
Post a Comment