Friday, May 29, 2015

ကျူးကျော်ယာဉ်လိုင်းအဆောက်အအုံနှင့် (မ.စ.က)၏ လုပ်ဆောင်ချက်များ အပေါ် မကျေနပ်၍ တိုင်းဒေသကြီး အစိုးရထံသို့ တိုင်ကြား

ဖျာပုံ၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အဝေးပြေးကားဝင်း၌ ခွင့်ပြုချက်မဲ့ကျူးကျော် မော်တော် ယာဉ်ဂိတ် အဆောက် အအုံဆောက်လုပ်ခြင်း၊ ရပ်ဆိုင်းထားသော ယာဉ်လိုင်းများအမည်ခံ၍ ကားဂိတ်များရယူ ထားခြင်း၊ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ (မ.စ.က) ဥက္ကဋ္ဌ နှင့်နီးစပ်သော ယာဉ်လိုင်းတာဝန်ရှိသူအချို့က သတ်မှတ်စည်းကမ်းများကို လိုက်နာမှုမရှိဘဲ အုပ်စုဖွဲ့ဆောင် ရွက်နေခြင်းတို့အပေါ်တွင် လက်မခံနိုင်သော ယာဉ်လိုင်း များနှင့် တာဝန်ရှိသူများစုပေါင်း၍ တိုင်းဒေသကြီး အစိုးရထံသို့ တိုင်ကြားထားကြောင်း ဖျာပုံကားဝင်းမှ ယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးထွန်းလှိုင် က မြန်မာသံတော်ဆင့်သို့ပြောသည်။

တိုင်ကြားစာတွင် ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၏ မလျော်သြဇာသုံးစွဲမှုနှင့် ယင်း၏ အကျိုးတူစီးပွားဖက်လုပ်ကိုင်နေသော ဂိတ်မှူးများက အုပ်စုဖွဲ့
အနိုင် ကျင့်ခြင်းအား အရေးယူပေးပါရန်နှင့် ကျူးကျော်မော်တော်ယာဉ် ဂိတ်စခန်းအား ဖျက်သိမ်းပေးရန်တို့ပါဝင်ပြီး မေလ (၉)ရက်နှင့် (၂၅)ရက်တို့တွင် ၂ ကြိမ်တိတိတိုင်ကြားစာပေးပို့ထားခြင်းဖြစ် သည်။…

““ဖျာပုံအဝေးပြေးကားဝင်းက ခရိုင်မိခင်နှင့် ကလေးအဖွဲ့က ပိုင်တာ။ ကားလိုင်းတွေက လစာပေးရတယ်။ အခု ကျူးကျော်တာက ဂိတ်ရုံ(ဗ)နဲ့ ကပ်လျက် အပြင်ရေ မြောင်းအစပ်နဲ့ စည်ပင်မြေပေါ်မှာသံမဏိနဂါးယာဉ် လိုင်း က ခွင့်ပြုချက်မရှိဘဲ လာဆောက်တာ။ စည်းကမ်းမဲ့ ခရီးသည်ခေါ်တယ်။ မ.စ. က ကလည်း အရေးယူ ဆောင် ရွက်မှုမရှိဘူး။ စည်ပင်ကတော့ ဒီလထဲမှာ ဖျက်ပေးဖို့စာ ထွက်ထားတယ်လို့သိရတယ်။ မ.စ.က ဥက္ကဋ္ဌ ခွင့်ပြု ချက်နဲ့သူတို့ပဲ ဂိတ်တိုင်တွေကိုလည်း ဖျက်ပစ်တယ်။ စည်းကမ်းမဲ့ဆောင်ရွက်မှုတွေ အပေါ်လည်း မြို့နယ် (မ.စ.က)အဖွဲ့က မသိကျိုးကျွန် ပြုနေတယ်။ အခုတော့တိုင်းအစိုးရကို တိုင်ကြားထားပါတယ်””ဟု ဦးထွန်း လှိုင်ကပြောသည်။

ဖျာပုံမြို့ရှိ အဝေးပြေးကားဝင်းသည် အမှတ်(၃)ရပ်ကွက် မာဿလမ်းမှ အောင်သပြေလမ်းအထိ အရှည် (၃၄၀) ပေရှိကာ ခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းပိုင်မြေနေရာဖြစ်ပြီး မော်တော် ယာဉ်ကား လိုင်းများက မြေငှားရမ်းခလစဉ် ပေးဆောင်ရကာ တရားဝင်ခွင့်ပြုချက်ရှိသော ယာဉ်လိုင်းများ သာဂိတ်ခန်းဖွင့် လှစ်ဆောင် ရွက်ခွင့်ရှိသည်။ သို့သော် ယခုအခါတွင်အမှန်တကယ် မော်တော် ယာဉ်ပြေးဆွဲမှု မရှိဘဲ ရပ်ဆိုင်းထားသော ယာဉ်လိုင်းများ၏ အမည်ဖြင့် ကားဂိတ်ခန်းများရှိနေကြောင်း၊ လက်ရှိ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီ(မ.စ.က) ဥက္ကဋ္ဌနှင့် စီးပွားရေးအရ ဆက်နွှယ် ပတ်သက်သည့် ယာဉ်လိုင်း အချို့ကကျူးကျော် အဆောက်အအုံဆောက်လုပ်ခြင်း၊ ယခင်က ယာဉ်ပိုင်ရှင်များ စုပေါင်းတည် ဆောက်ထားသော ကားဂိတ်ဝင်း တံခါးအုတ်တိုင်တို့အား (မ.စ.က) ခွင့်ပြုချက်ဖြင့်ဆိုကာ ဖြိုဖျက်ခြင်း၊ ယာဉ် လိုင်းများ လိုက်နာရမည့်စည်း မျဉ်းစည်းကမ်းများအား လိုက်နာမှုမရှိသည့် အတွက် မကြာခဏအချင်းများ မှုများဖြစ်ပေါ်နေကြောင်း ဖျာပုံကားဝင်း အတွင်းရှိ ယာဉ်လိုင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများကပြောသည်။

ဖျာပုံအဝေးပြေး ကားဝင်ကျူးကျော်အဆောက်အအုံ ဖျက်သိမ်းပေးရန် နှင့် (မ. စ.က) အဖွဲ့လုပ်ငန်းဆောင် ရွက်မှုများအပေါ် ယာဉ်လိုင်များက တိုင်ကြားထားသည့်ကိစ္စနှင့် ပတ်သက်၍ ဖျာပုံခရိုင် (မ. စ.က) ဥက္ကဋ္ဌသို့ ဆက်သွယ်မေးမြန်းရာတွင် ကျူးကျော်အဆောက်အအုံကိစ္စ သေချာ မသိရှိကြောင်း ခရိုင်သို့လည်းသတင်း ဖြစ်စဉ် ဘာမှ မလာကြောင်းနှင့် ယခုခရီးသွားနေသည့်အတွက် မြို့နယ်(မ.စ.က)သို့မေးမြန်းရန် သာ ပြန်လည် ပြော ဆိုသည်။

ဇော်နိုင်ဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment