Thursday, May 28, 2015

မြန်မာနယ်စပ်အနီးက ဒုက္ခသည်ထောင်ပေါင်းများစွာကို ကျွန်းတစ်ခုသို့ရွှေ့ရန် ဘင်္ဂလားဒေ့ရှ်စီစဉ်

ဒါကာ၊ မေ ၂၇ ။        ။ မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများတွင် နှစ်များစွာနေထိုင်နေသော ရိုဟင်ဂျာဆိုသူထောင်ပေါင်းများစွာကို တောင်ပိုင်းရှိ ကျွန်းတစ် ကျွန်းသို့ နေရာချထားပေးရန် ဘင်္ဂလားဒေ့ရှ်က စီစဉ်လျက်ရှိကြောင်း အရာရှိတစ်ဦးက မေ ၂၇ တွင် ပြောကြားခဲ့သည်။

jdmyimi27e



ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ ထောက်ခံချက်အရ အဆိုပါဒုက္ခသည်များကို ဘင်္ဂလားပင်လယ်အော်ရှိ ဟာတီယာကျွန်းသို့ ရွှေ့ပြောင်းရန် အစိုးရက စတင်စီစဉ်နေပြီဖြစ်ကြောင်း အစိုးရ၏ Myanmar Refugee Cell အကြီးအကဲ အာမစ်ကူမာဘောလ်က ပြောကြားခဲ့သည်။

"ဒီဒုက္ခသည်စခန်းတွေ ရွှေ့ပြောင်းနေရာချမှုကို သေချာပေါက်လုပ်ဖြစ်မှာပါ။အခုချိန်ထိတော့ ၀န်ကြီးချုပ်ရဲ့ညွှန်ကြားချက်အရ အလွတ်သဘောဆောင်ရွက် တာတွေတော့ လုပ်နေပါပြီ"ဟု ဘောလ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဟု မှတ်ပုံတင်ထားသော ဒုက္ခသည် ၃၂,၀၀၀ခန့်ရှိပြီး မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကော့စ်ဘဇားခရိုင်ရှိ စခန်းနှစ်ခုတွင် ခိုလှုံလျက်ရှိသည်။

Credit - Mizzima News

No comments:

Post a Comment