ဘန်ကောက်၊ မေ ၂၉
။ ။ မြန်မာနိုင်ငံ၏ ကမ်းခြေများမှ ရိုဟင်ဂျာမွတ်စလင်ဆိုသူများ
အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း၏ အကြောင်းအရင်းကို ကိုင်တွယ်ဖြေ ရှင်းရန်တောင်းဆိုခံရပြီးနောက်
မြန်မာကကုလသမဂ္ဂကို မေ၂၉က ပြင်းထန်စွာဝေဖန်လိုက်ပြီး နိုင်ငံတကာဆွေးနွေးပွဲများတွင်မြန်မာကိုကွက်၍
ဝေဖန်ခြင်းဖြစ်သည် ဟုပြောကြားခဲ့ သည်။
မြန်မာကကုလသမဂ္ဂကို မေ၂၉က ပြင်းထန်စွာဝေဖန်လိုက်ပြီး နိုင်ငံတကာဆွေးနွေးပွဲများတွင်မြန်မာကိုကွက်၍
ဝေဖန်ခြင်းဖြစ်သည် ဟုပြောကြားခဲ့ သည်။

မလေးရှားနှင့် အင်ဒိုနီးရှားကိုသွားရန် ဘင်္ဂလားပင်လယ်အော်ကိုဖြတ်လျက် လူထောင်ပေါင်းများစွာ လှေများဖြင့်အရဲစွန့်လျက် ထွက်ပြေးခြင်းကို ကိုင်တွယ်ဖြေရှင်း ရန် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကိုယ်စားလှယ်များ စည်းဝေးစဉ် အရှေ့တောင်အာရှ၏ ရွှေ့ပြောင်းအခြေချမှုအကျပ်အတည်းနှင့် ပတ်သက်၍ တင်းမာမှုများပေါ်ထွက်လာ ခဲ့သည်။လူကုန်ကူးမှုကို ထိုင်း၏ နှိမ်နင်းမှုတစ်ခုက ဒေါ်လာသန်းများတန်သည့် လုပ်ငန်းကို ကစဉ့်ကလျားဖြစ်စေပြီးနောက် ယခုလအစတွင် အကျပ်အတည်းမှာ ပွင့်ထွက်လာခဲ့သည်။
နှိမ်နင်းမှုများကြောင့် လူမှောင်ခိုဂိုဏ်းခေါင်းဆောင်များသည် ၄င်းတို့၏ဓါးစာခံများကို ကုန်းပေါ်နှင့် ပင်လယ်ထဲတွင် စွန့်ပစ်ခဲ့ကြသည်။ ထို့အပြင် ရွှေ့ပြောင်းအခြေချ သူများဟု ယူဆရသူများ၏ အစုလိုက်အပြုံလိုက်မြုပ်နှံရာနေရာများကို ထိုင်းနှင့် မလေးရှားတို့တွင် တွေ့ရှိခဲ့ရာ အရေးယူဆောင်ရွက်ရေးအတွက် အရှေ့တောင် အာရှနိုင်ငံများ အပေါ်ဖိအားများ စုပုံလာခဲ့သည်။
သို့သော်လည်း အများအားဖြင့်အာဏာပိုင်များက လစ်လျူရှုခဲ့ပြီး ဒေသတွင်းနှစ်များစွာရှိနေခဲ့သည့် ပြသနာတစ်ခုကို ၀န်ကြီးအဆင့်မဟုတ်သည့် တစ်ရက်တာ အစည်းအဝေးက အောင်မြင်အောင်ဖြေရှင်းနိုင်မည်မှာ မသေချာဟု လေ့လာသူများက ဆိုသည်။
မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဖိနှိပ်ခံရခြင်းကြောင့် နှစ်များစွာထွက်ပြေးနေသော ရိုဟင်ဂျာမွတ်စလင်အရေးကိုင်တွယ်ရန် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာ မင်းကြီးရုံး အကာအကွယ်ပေးရေး လက်ထောက်မဟာမင်းကြီး ဗော်လ်ကာတားခ်က အဖွင့်မှတ်ချက်စကားတွင် မြန်မာကို တိုက်တွန်းခဲ့သည်။ ပြသနာ၏အကြောင်း ရင်းဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံက ၄င်း၏ပြည်သူအားလုံးကို တာဝန်အပြည့်အ၀ယူရန်လိုအပ်သည်ဟု တားခ်က ပြောကြားခဲ့သည်။
ရိုဟင်ဂျာ ၁ဒသမ၃သန်းအနက် အများစုကို နိုင်ငံသားပေးရန် ငြင်းဆိုထားပြီး တရားဝင်မျိုးနွယ်စုအဖြစ်လည်း လက်မခံခဲ့ပေ။ ရိုဟင်ဂျာဆိုသူတို့ကို ဘင်္ဂလီများဟု သာခေါ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားသားများသာ ဖြစ်သည်ဟု သတ်မှတ်သည်။
၎င်း၏ သုံးသပ်ချက်များကို မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ကန့်ကွက်ဝေဖန်ခဲ့ပြီး လှေစီးဒုက္ခသည်များ၏ တရား မ၀င်ရွှေ့ပြောင်းအခြေချမှုပြသနာတွင် မြန်မာကို ကွက်ဝေဖန်၍မရကြောင်းပြောကြားခဲ့သည်။ ၂၀၁၂ခုနှစ်ကအနောက်ပိုင်းရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဆိုသူများနှင့် ဗုဒ္ဓဘာသာဝင်လူများစုကြား အကြမ်းဖက်မှုဖြစ်ပွားမှုနောက်ပိုင်း မွတ်စလင်လူနည်းစုတို့၏ အဆင့်ပြသနာကို နိုင်ငံတကာ၏ ပူးတွဲထိန်းသိမ်းကာကွယ်မှု မှန်သမျှ မြန်မာက အစဉ်တစိုက်ပယ်ချခဲ့သည်။
ဗော်လ်ကာ၏ ပြောကြားချက်များမှာ ရွှေ့ပြောင်းခြေချမှုအကြောင်းအရာကို နိုင်ငံရေးသဘောသက်ဝင်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဦးထင်လင်းက ပြောကြားခဲ့ သည်။ အချို့ပြသနာများမှာ ပြည်တွင်းရေးကိစ္စများသာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment