Friday, May 29, 2015

စီမံကိန်းပိုလျှံမြေများကို လယ်ထွန်ခွင့် ဒေသခံများ ဝမ်ပေါင်နှင့် ဆွေးနွေးမှု မအောင်မြင်

ရန်ကုန် (မဇ္ဈိမ) ။ ။.လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လယ်ယာမြေ လျှော်ကြေးငွေယူမထားသည့် ပိုလျှံလယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုးခွင့် ရရန် ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မေလ ၂၈ ရက်က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဝမ်ပေါင်ကုမ္ပဏီက ခွင့်မပြုခဲ့ဟု သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေသခံတောင်သူများက မဇ္ဈိမကိုပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက မြေယာလျှော်ကြေးမယူဘဲ သီးနှံလျှော်ကြေးသာရယူထားသည့် တောင်သူများ၏ ကိုယ်စားလှယ်အဖြစ် တစ်ရွာလျှင် တစ်ယောက်နှုန်း တွေ့ဆုံဆွေးနွေးရန် မေလ ၂၇ ရက်က ဝမ်ပေါင်ကုမ္ပဏီက အကြောင်းကြားလာသဖြင့် တောင်သူကိုယ်စားလှယ် ၆ ဦးက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သွားရောက်တွေ့ဆုံရာတွင် ပါဝင်သူ မရီဝင်းက “ကျွန်မတို့ကို့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ ပြောတယ်။ တွေ့တော့ကျွန်မတို့က ခြံခတ်ထားတဲ့ မြေထဲက ပိုလျှံနေတဲ့မြေတွေကို စိုက်ပျိုးထွန်ယက်ခွင့်ပေးပါဆိုတော့ မပေးနိုင်ဘူးတဲ့ဆိုပြီး သီးနှံလျှော်ကြေး ယူထားတဲ့မြေတွေဟာ သူတို့ပိုင်ဆိုင်တယ်ဆိုပြီး စာချုပ်တွေထုတ်ပြတယ်။” ဟုပြောသည်။

တောင်သူကိုယ်စားလှယ်များအဖြစ် တုံလယ်တောရွာမှ မစန္ဒာ၊ မိုးကြိုးပြင် (အလယ်ရွာ)မှ ကိုဘိုလင်း၊ တုံရွာမှ ဒေါ်ညိုလေး၊ မုဆိုးပြင် (မြောက်ရွာ)မှ မဇာခြည်လင်း၊ တောကျောင်းရွာမှ ဒေါ်စန်းနွဲ့နှင့် ဆည်တည်းရွာမှ မရီဝင်းတို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒေသခံတောင်သူများက ယင်းလယ်ယာမြေများတွက် သီးနှံလျှော်ကြေးငွေအဖြစ် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလက တစ်ဧကလျှင် ငါးသိန်းနှစ်သောင်းမှ ငါးသိန်းခွဲကြား ရရှိခဲ့ပြီး ငွေလက်ခံရရှိကြောင်းလက်မှတ် ထိုးချိန်ကမူ စာချုပ်ပါ အချက်များအား ဖတ်ရှုခွင့်မရဘဲ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် စာချုပ်ပေါ်တွင်
လက်မှတ်ထိုးပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment