~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၇၃ ခုနှစ် ဖောင်ကြီးအခြေခံပြည် သူ့ရေးရာဝန်ထမ်းလောင်း (ဇေယျတပ်ခွဲ) အပတ်စဉ်(၈)မှ မိမိသင်တန်း ဆင်းသည်။ ဆက်လက်ပြီး ဗဟိုကုန်သွယ်ရေးသင်တန်း ကျောင်းတက်ရသည်။ ယင်းမှသင်တန်း အောင်ပြီး သည်နှင့် မိမိ Posting ကျရာ ဇီး ကုန်းမြို့နယ် သမ၀ါယမဦးစီးဌာနကို
အလုပ်သင်အရာရှိအဖြစ် စတင်ပြောင်း ရွှေ့တာဝန် ထမ်းဆောင်ရသည်။ ထိုစဉ်က သမ၀ါယမ ဦးစီးဌာနတွင် စီမံရေး၊ အသင်းများဖွဲ့စည်း ရေး၊ စာရင်း အင်းဌာန၊ စီးပွားရေးဌာနခွဲ (၁)၊ (၂) စသည်ဖြင့် လုပ်ငန်းစစ်ဆေးရေး ဌာနများရှိသည်တွင် လုပ်ငန်းစစ်ဆေးရေး ဌာနတွင်၊ မှုခင်းနှင့် တိုင်စာကော်မတီအတွင်း ရေးမှူးအဖြစ် တာဝန်ဝတ္တရားကို စတင်ထမ်းဆောင်ရသည်။ ရပ်/ ကျေးအုပ်စု(၄၀) ခန့်မှ သမ၀ါယမအသင်းပေါင်းစုံ တစ်ရာကျော်၏ နိစ္စဓူဝမှုခင်းများကို ကိုင်တွယ်ဖြေ ရှင်းရ သည်။ ရဲအရေးပိုင်သည့်အမှုများကို မြို့နယ် ရဲစခန်းမှတစ်ဆင့် သက်ဆိုင်ရာ တရားရုံးသို့ အမှုစွဲဆိုနိုင်ရန် တည်ဆဲသမ၀ါယမ ဥပဒေနှင့်အညီ တင်ပြရသည်များလည်းရှိသည်။…
မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၏ တာဝန်ပေးချက်အရ မိခင်ဌာနတာဝန်များအပြင် ကုန်ဈေးနှုန်းကျ ဆင်းရေးကော် မတီခွဲများတွင် အဖွဲ့ခေါင်းဆောင်တစ်ဦး အဖြစ် တာဝန်ယူခဲ့ရသည်။ ထိုအချိန်က အစိုးရက ဈေးနှုန်းကန့်သတ်ထားသည့် ဆန်၊ ဆီ အပါအ၀င် အခြေခံကုန်စည်အမျိုးပေါင်း ၃၀ ကျော်အပေါ် အစိုးရသတ် မှတ်ဈေးနှုန်း နှင့် မရောင်းချဘဲ ဈေးပိုရောင်းသည့် ကုန်သည်ပွဲစား ၀ိသမလောဘသမားတွေကို ဥပဒေနှင့် အညီအရေးယူဆောင်ရွက်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းမေးမြန်းစုံစမ်းပြီး အမှုစွဲတင်နိုင်အောင် ဆောင် ရွက်ခဲ့ရသည်။
၁၉၇၀ ပြည့်နှစ် သမ၀ါယမစီမံကိန်းအရ လယ်သမားများထံမှစပါးများကိုထွန် ယက်စိုက်ပျိုးချိန် ကြိုတင်ငွေ ပေး ပြီး ကုန်သွယ်ရေးနှင့်သမ၀ါယမ ပူးပေါင်းဝယ်ယူသည့် မြို့နယ်အလိုက် စပါးဝယ်ယူရေးစီမံ ချက်တွင်လည်း သက်ဆိုင်ရာဒိုင်မှူးများနှင့် အတူ ကျေးရွာ၊ အုပ်စု စပါးဒိုင်များတွင် ညအိပ်ညနေသွားရောက်ပြီး တာဝန်ထမ်း ဆောင်ရသည်။
သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းသည့် ကုန်သည်ပွဲစားတွေကို အရေးယူမိသည့်အတွက် မလိုသူများ၏ ခြိမ်း ခြောက်စာများ၊ မိမိခေါင်းကိုဖြတ်လျှင် ဆုငွေဘယ် ရွေ့ဘယ်မျှပေးမည်ဆိုသည့် ဆုကြေးပစ်စာများ မိမိအိမ် ကိုရောက်ရှိကြသည်။ စပါးပေါ် ချိန် ကြိုတင်ငွေပေးထားသည့်အခါ၊ လယ်သမားအချို့ စပါးရိတ်သိမ်းချိန် အစိုးရကို စပါးမသွင်းနိုင်သည့်အခါ မိမိတို့စပါးဝယ် ယူရေးဝန်ထမ်းများကို ရန်ရှာသည့်အတွက် မြို့နယ်ကျော်ပြီး ထွက်ပြေးခဲ့ရသည့် အဖြစ်များကို အမှတ်ရနေမိသည်။
မိမိဆိုလိုချင်သည့် အဓိကအကြောင်းမှာ မိမိသည် အသက် ၂၀ကျော် အစိုးရ အလုပ်စ၀င်ကတည်းက Paper work တို့၊ Desk Job တို့ကို ငြီးငွေ့သည်။ mobile work-force, task-force ကို ၀ါသနာပါသည်။ စိတ်အား ထက်သန်သည်။ ပျော်မွေ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး၏ စာနယ်ဇင်းသမား ဘ၀ တွင် ရုံးမှာထိုင်မနေရဘဲ မိမိတို့အယ်ဒီတာအဖွဲ့ကိုယ် တိုင်ကိုယ်ကျ သတင်းယူ၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီးများဆီသို့ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် လုပ်ငန်းအကောင် အထည်ဖော်နေသည်များကို ကိုယ်တိုင် သတင်းသွားယူ၊ ဒေသဆိုင်ရာပြည်ခိုင်ဖြိုးအသင်းအကြီးအကဲများနှင့် တွေ့ဆုံဆွေး နွေးပြီး ဂျာနယ် စာမျက်နှာပေါ် တင်ခွင့်ရသည်များကို မိမိကျေနပ်သည်။ ပင်ပန်းသည်ဟု သဘောမထား။
အဲဒီလို သွားလာနိုင်ဖို့အတွက် မိမိတို့ ဂျာနယ်ဘတ်ဂျက်တွင် ထိုစဉ်က ပြန်ကြား ရေးဝန်ကြီးက ခွင့်ပြုငွေချ ထားပေးခြင်း မရှိ။ မိမိတို့ အယ်ဒီတာအဖွဲ့၏ ရှားပါးစုဆောင်း ငွေများကို စုပေါင်းပြီး ခရီးဆန့်ကြသည်။ သက် ဆိုင်ရာဒေသ၊ မြို့နယ်တွေကိုရောက်လျှင် ပြီးပြီပေါ့။
ရန်ကုန်တိုင်းဒေသကြီး မြို့ပေါ် ၆ မြို့နယ်မှအပ သာကေတ၊ တောင်ဥက္ကလာ၊ တာမွေစသည့်မြို့နယ် အတော် များများကို ရောက်သည်။ ဘားအံမြို့ပတ်ဝန်းကျင် မြို့ နယ်အချို့၊ နေပြည်တော်ပတ်ဝန်းကျင်ဒေသ များနှင့် လယ်ဝေး၊ တပ်ကုန်း၊ အေလာ စသည့်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်နေသည်များကို ကိုယ်တိုင်သွားရောက်ကာ ဂျာနယ်စာမျက်နှာများပေါ်တင်နိုင်ခဲ့သည်။
ထိုအချိန်က ပြန်ကြားရေးဝန်ကြီးကသာ ယခုလိုသွားလာစရိတ်ကို ကန့်သတ် အတိုင်းအတာနှင့် တစ်စုံတစ်ရာ ခွင့်ပြုခဲ့လျှင် မိမိတို့အဖွဲ့ ဒီ့ထက်ခရီးဆန့်နိုင်မည်ဖြစ်သည်။ ရပ်/ကျေးဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက် ချက်တွေကို ပြည်သူတွေ ဒီ့ထက်ပိုပြီးသိရှိ ကြမည်ဖြစ်သည်။
တစ်ပတ်၊ တစ်ပတ် ဂျာနယ်မျက်နှာ ဖုံးရွေးချယ်တင်ပြရသည်မှာလည်း မိမိတို့ အယ်ဒီတာအဖွဲ့အတွက် ခေါင်း ခဲစရာ၊ ခေါင်းစားစရာဖြစ်ခဲ့သည်။ အခြားပုဂ္ဂလိက ဆောင်ရွက်ချက်များကို ဂျာနယ်မျက်နှာဖုံးပေါ် တင်ခွင့်မရှိ သည့်အတွက် ၀န်ကြီးက အစိုးရ၏ ဆောင်ရွက်ချက်၊ အထူးသဖြင့် ထိုအချိန်က အကြီးအကဲများ၏ ဆောင် ရွက်ချက်များ၊ အရေးကြီးခရီးစဉ်များတွေ့ ဆုံပွဲများလမ်း၊ တံတားဖွင့်ပွဲများ စသည် စသည်တို့၏ သတင်းဓာတ်ပုံ များကို မျက်နှာဖုံးတွင် အသုံးပြုနိုင်ရန် သိမ်ဖြူလမ်း (ယခင်လုပ်သားသတင်းစာ) အဆောက်အအုံ၏ ပုံနှိပ် မှတ်တမ်း ဌာနတွင် မှတ်တမ်း ဓာတ်ပုံများကို သွားယူဖို့ ၀န်ကြီးကခွင့်ပြုပါသည်။
မိမိတို့ဂျာနယ်မျက်နှာဖုံးနှင့် သင့်တော်မည့်ဓာတ်ပုံများရယူဖို့ ၀န်ကြီးနှင့်ဝန်ကြီး၏ ပြန်ကြားရေးဝန်ထမ်းများနှင့် မိမိ တို့ဂျာနယ် နှစ်စောင်အပါအ၀င်““ပိတောက်မြေ””အစရှိသည့် မီဒီယာများ၏ တိုက်စစ်မှူးများနှင့် အခါအား လျော်စွာတွေ့ဆုံသည့် အစည်းအဝေးများတွင် မိမိတို့ ဂျာနယ်အတွက် လိုအပ်သည့်သတင်းဓာတ်ပုံများကို ထုတ်ပေးရန် ၀န်ကြီးက မှာကြားထားပါ သည်။ လျှောက်လွှာပုံစံနှင့် လျှောက်ရသည်။ အကြီးအကဲက စစ်ဆေး သည်၊ ခွင့်ပြုပေးသည်၊ သို့ရာတွင် လိုအပ်သည့် ဓာတ်ပုံကိုရရှိဖို့ တချို့နေရာတွေကို “ရေလမ်း”ဖြင့် သွားရသည်။ ဒါတောင် ၀န်ကြီးကိုယ်တိုင်က ထုတ်ပေးဖို့ စာနှင့်ပေနှင့် ညွှန်ကြားထားခြင်းဖြစ်သည်။
ဝန်ကြီးအမိန့်နှင့် နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားဆောင်ရွက်မှုများကို မျက်နှာဖုံးတင်နေဆဲမှာပဲ အသင်း ကြီး၏ ဌာနချုပ်လူကြီးများက ပြည်ခိုင်ဖြိုးအသင်းကြီး၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း မျက်နှာဖုံးတင်ဖို့ ညွှန်ကြားလာပါသည်။ ၂၀၁၀ ကိုချဉ်းကပ်လာသည်နှင့်အမျှ ပြည်ခိုင်ဖြိုးအသင်းကြီး၏ ပြည်နယ်/တိုင်း ဒေသ ကြီး ခရိုင်မြို့နယ်နှင့် ရပ်/ကျေးဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်မှုလုပ်ငန်းစဉ်များသည် လည်း အရှိန်ပိုမို ကောင်းလာ ပါသည်။ ဒီနေရာတွင် ကြုံလို့ပြောပြစရာတစ်ခု ရှိပါသည်။
ထိုအချိန်က စောင်ရေအရရော၊ စာဖတ်သူအများစု၏ ဝေစုကိုရနေသည့် ဂျာနယ်တော်တော်များများရှိပါသည်။ ယင်း ဂျာနယ်ကြီးများသည် စာပေစိစစ်ရေးအဖွဲ့က““ခွင့်ပြုချက် ခွင့်မပြုချက်”” တစ်ခုတည်းဖြင့် ဂျာနယ်ကို ဆက်လက် ထုတ်ဝေနေကြပါသည်။ ရုံးတင်/ရုံးကျကို စာပေစိစစ် ရေးအဖွဲ့၏ “မင်ခြစ်” အောက်တွင်သာ Run နေကြခြင်းဖြစ်သည်။ မိမိတို့ဂျာနယ်သည် ပြန်ကြားရေးဝန်ကြီး၏ မူဝါဒများအောက် တွင်ထုတ်ဝေနေကြရသော် လည်း ဂျာနယ်မူကြမ်းကို စာပေစိစစ်ရေးက ခွင့်ပြုလိုက် သည်နှင့် ဖလင်ခွဲ၊ ပုံနှိပ်တိုက်ပို့ပြီး ဂျာနယ် အဖြစ်ထွက် လာမည်ကို မျှော်လင့်ခွင့်မရပါ။ စာပေစိစစ်ရေး ဦးတင့်ဆွေဆီက ခွင့်ပြု လိုက်သော်လည်း နေပြည်တော်ရှိ ၀န်ကြီး ဦးကျော်ဆန်း ရုံးအဖွဲ့က ထပ်မံစိစစ်ပြီး ဖြုတ်ပယ်,ဖြည့်စွက် မှတ်ချက်ပေးလေ့ရှိ သကဲ့သို့ ပြည်ခိုင်ဖြိုး ဌာနချုပ်ကလည်း ဌာနချုပ်လူကြီးများ၏ အသင်းကြီးလှုပ်ရှား ဆောင်ရွက်မှုသတင်းပေါင်းစုံကို ဂျာနယ်တွင် ထပ်မံ ဖြည့်စွက်တာမျိုးကိုလည်း ကြုံ ရပါသည်။
မိမိတို့ပြည်ခိုင်ဖြိုးဂျာနယ်များသည် အခြားဂျာနယ်များနှင့် မတူသည့်အချက်ရှိ သည်။ အခြားဂျာနယ်များက ဂျာနယ်မူ ကြမ်းများကို စာပေစိစစ်ရေးဌာနတစ်ခုတည်းသို့ တင်ပြရသော်လည်း မိမိတို့က ၁။ စာ ပေစိစစ်ရေး၊ ၂။ ၀န်ကြီးအဖွဲ့ရုံး၊ ၃။ ပြည်ခိုင်ဖြိုးဌာနချုပ်များသို့ တင်ပြရသည်။ ကွဲပြားသော မှတ်ချက်များကို တစ်ခုချင်းပြင် ဆင်ရသည်။ စာပေစိစစ်ရေးသို့ ဂျာနယ်မူ ကြမ်းတင်စဉ်ကမပါဘဲ ပြည်ခိုင်ဖြိုးဌာန ချုပ်နှင့်ဝန်ကြီးရုံးအဖွဲ့မှ ထပ်မံ ဖြည့်စွက်သော သတင်း၊ ဆောင်းပါးစသည်တို့ ဂျာနယ်အချောရုံးတင်သည့်အခါ ပါလာသည်ကို စာပေစိစစ်ရေးမှ တွေ့ရှိသည့်အခါ မျိုးတွင် မူလဂျာနယ် မူကြမ်းရုံးတင်စဉ်က မပါသည့် ““ဖြည့်စွက်သတင်းဆောင်းပါး”” များ အတွက် မိမိတို့အယ်ဒီတာအဖွဲ့ အထူးသဖြင့် အယ်ဒီတာချုပ်က ထုချေလွှာတင်ရသည်။ တစ်ခါတစ်ရံ လူကိုယ် တိုင်သွားရောက် ရှင်းလင်းရသည်။ ငေါက်သမျှလည်း ငုံ့ခံကြရသည်။ အဓိကကတော့ ရေပါပဲ။
အခြားပုဂ္ဂလိက ဂျာနယ်အချို့ မူလဂျာနယ်မူကြမ်းတင်ရာတွင် မပါသောသတင်း ဆောင်းပါးများ ဂျာနယ်အချော ထွက်သည့် အခါ ပါလာတာမျိုး၊ မူကြမ်းတင်ပြီး၊ ခွင့်ပြုချက်မကျခင် ကြိုတင်ပြီး အချောထွက် နှင့်သည့် ဂျာနယ် အချို့၊ ခွင့်ပြုချက်မကျသော သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများ အတွက် “ရေခင်း”ကြသည်။ ရေလမ်းဖြင့် အဆင် ပြေနေကြသည်။ မိမိတို့ ဂျာနယ်များကား စာပေစိစစ်ရေးအတွက် “ရေခင်း”သံ မကြားရသော ဂျာနယ် များဖြစ်ရ ကား စာပေစိစစ်ရေးအကြီးအကဲအချို့သည် ရေလမ်းဖြင့် သွားလာဝင်ထွက်လေ့ရှိသည့် ဂျာနယ် များနှင့်သာ အဆွေခင်ပွန်းဖွဲ့ကြကုန်သည်။ ပလဲနံပသင့်ကြကုန်သည်။ မိမိတို့သည် ၀န်ကြီးဦးစီးပြီး ဗိုလ်ချုပ်များစုဝေးရာ ပြည် ခိုင်ဖြိုးအသင်းကြီး၏ ဂျာနယ်ဖြစ်သော်ငြားလည်း “မုန့်”မရဘဲ “တုတ်”ရသော ဂျာနယ်သာ ဖြစ်နေလေ သည်။
ပြည်ခိုင်ဖြိုးအသင်းကြီး၏ လှုပ်ရှားမှု သတင်းဓာတ်ပုံတွေကို မျက်နှာဖုံးသတင်း၊ ဆောင်းပါးအဖြစ် တင်လာရင်း နှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ လှုပ်ရှားမှု (လမ်းဖောက်၊ လမ်းခင်း၊ ကျောင်းဆောက်၊ ပရဟိတ စသည့် လုပ်ငန်းများ) များကို ဂျာနယ်မျက်နှာဖုံးတွင်ဖော်ပြဖို့ အခွင့်ကြုံ လာပါသည်။
ပြည်ခိုင်ဖြိုးအသင်းကြီးကာလတွင် ရန်ကုန်တိုင်းတာဝန်ခံ မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့်အတူ ဦးမောင်ပါ သည် ရန်ကုန်တိုင်းဒေသကြီး ခရိုင်နှင့်မြို့ နယ်အတွင်းရေးမှူး၏နှုတ်ဖျားတွင် အထူး ရေပန်းစားလျက်ရှိသည့် “အဘ”များ ဖြစ် ကြသည်။ “လေနောက်လက်ပါ”နိုင်သူများ ဖြစ်ကြသကဲ့သို့ စေတနာနောက်တွင် လုပ်ပိုင်ခွင့် များလည်း ရှိသည်။
ဤသို့သော အခြေအနေမျိုးတွင် မိမိ တို့သတင်းထောက် ကိုအောင်ကို (တာမွေအောင်ကို)ကို အကူအညီ တောင်းရသည်။ တာမွေမြို့နယ် မအူကုန်းလမ်း ကျယ်တစ်ဝိုက်တွင် ပြည်ခိုင်ဖြိုးက လမ်းခင်းပေးနေသော ကာလဖြစ်သည်။ မြို့တော်ဝန် ဦးအောင်သိန်းလင်းကိုယ်တိုင် ပါဝင်ကြီး ကြပ်သည်။
ဂျာနယ်တွင်ဖော်ပြရန် သတင်းဓာတ်ပုံ ကိစ္စအတွက် တာမွေအတွင်းရေးမှူး ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် သွားတွေ့ပြီး အကျိုးအကြောင်း ပြောပြသည်။ ဒေါ်လဲ့လဲ့ဝင်း ဆွေက ကိုအောင်ကို ကြိုတင်ပြောဆိုထား မှုများနှင့်အတူ မိမိတို့ လိုအပ်သည့်လှုပ်ရှားမှု ဓာတ်ပုံအယ်လ်ဘမ်များကို ထုတ်ပေးရင်း ““အစ်ကိုတို့လိုအပ်တဲ့ ဓာတ်ပုံယူသွား၊ သိ တဲ့အတိုင်း မအူကုန်းလမ်းကျယ်မှာ အစ္စလာမ်ဘာသာဝင်တွေများတယ်။ (ဓာတ်ပုံ ထဲက အစ္စလာမ် ဘာသာဝင် အချို့ပုံကို လက်နဲ့ထောက်ပြရင်း) အဲဒီမုတ်ဆိတ်တွေထဲက တချို့က ရပ်မိရပ်ဖတွေ၊ ပြီးတော့ လုပ်ငန်းရှင်တွေ၊ လမ်းခင်းတဲ့ကိစ္စတင်မကဘူး။ ကျွန်မတို့အသင်းကြီးက ဆောင်ရွက်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လူ အား၊ ငွေအားနဲ့ ပါဝင်ကူညီသူတွေ ဖြစ်တယ်။ သူတို့က ပြည်ခိုင်ဖြိုးအသင်းကြီးရဲ့ အမာခံ တွေလို့ပြောလို့ ရတယ်””လို့ ပြောပြောဆိုဆို နှင့်ဓာတ်ပုံအယ်(လ်)ဘမ်တွေကို ကိုအောင်ကို ကတစ်ဆင့်မိမိ လက်ထဲထည့် ပေးလိုက်သည်။
မိမိတို့ဆရာတပည့်နှစ်ယောက် ဂျာနယ်မျက်နှာဖုံးအတွက် လိုအပ်သည့်ဓာတ်ပုံများ ရရှိသည့်အတွက် ကျေနပ် ၀မ်းသာစွာနှင့် ကိုအောင်ကို ဧည့်ခံသည့် လက်ဖက်ရည်ကို ကမန်းကတန်းသောက်ပြီး ရုံးကိုပြန်လာ ကြသည်။
ဂျာနယ်မျက်နှာဖုံးတွင် ပြည်ခိုင်ဖြိုး အသင်းဝင်များနှင့် ပြည်သူများ လမ်းခင်းရာတွင် ကျောက်ထုနေကြပုံ၊ ကျောက်တွေ သယ်နေကြပုံ၊ လမ်းခင်းနေကြပုံ မြို့တော်ဝန်ဦးအောင်သိန်းလင်းက ရပ်မိရပ်ဖများ နှင့်အတူ ကြီးကြပ်ဆောင်ရွက်နေပုံ၊ ခင်းပြီးသား ဖြောင့်ဖြူးနေသော လမ်းများပေါ်တွင် ရပ်မိရပ်ဖများနှင့်အတူ ဦးအောင် သိန်းလင်း လျှောက်လာပုံ၊ ဦးအောင်သိန်း လင်းနှင့် ရပ်မိရပ်ဖများ လုပ်ငန်းအကြောင်း လမ်းမပေါ်တွင် ပြောဆို ဆွေးနွေးနေကြ ပုံ…စသည့် လှုပ်ရှားမှုဓာတ်ပုံဝေေ၀ဆာ ဆာပြည့်စုံသည့် ဂျာနယ်မျက်နှာဖုံးကိုရ လိုက်သည့် အတွက် မိမိတို့ အယ်ဒီတာအဖွဲ့ ရင်ထဲပေါ့ပါးသွားသည်။
ဂျာနယ်ထွက်သည့်ရက် မိမိရုံးရောက် ချိန်တွင် တာဝန်ခံအယ်ဒီတာက မိမိစားပွဲ ပေါ်သို့ ဂျာနယ်တစ်ထပ်နှင့် စာအိတ်တစ် အိတ်လာချပေးသည်။ ဂျာနယ်ကို အရင် ကြည့်လိုက်သည်။ ဂျာနယ် ရှေ့၊ နောက် အဖုံး၊လှုပ်ရှား မှုပုံတွေကိုကြည့်ပြီး ကျေနပ်နေသည်။ စာအိတ်ကို ဖောက်ဖတ်ကြည့်လိုက်သည်။
““ဂျာနယ်မျက်နှာဖုံးရှိ အဘမြို့တော် ၀န်ကြီးနံဘေးတွင် မုတ်ဆိတ်များကိုယှဉ်တွဲ ဖော်ပြသည့်အတွက် မြို့တော် ၀န်ကြီး၏ image ကို ကျဆင်းစေပါသည်။ မုတ်ဆိတ်နှင့် အဘမြို့တော်ဝန်ကို ယှဉ်တွဲ မဖော်ပြ သင့်ပါ…စသည် ဖြင့်၊ အဘ၀န်ကြီး ဗိုလ်ချုပ်ကျော်ဆန်းသို့ လိပ်မူပြီး မိမိကိုတိုင်ကြားသည့် မြတ်ခိုင်၏ နောက်ထပ်တိုင်ကြားစာ တစ်စောင်ကို ဖတ်လိုက်ရသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/
No comments:
Post a Comment