Thursday, May 28, 2015

လှေစီးဒုက္ခသည်များကို အကာအကွယ်ပေးရန် ဘန်ကောက်အစည်းအဝေးတက်မည့် နိုင်ငံ ၁၁နိုင်ငံကို AIက အိတ်ဖွင့်ပေးစာပို့

အရှေ့တောင်အာရှိ ရေပြင်တွင် မျောပါနေသည့် လှေစီးဒုက္ခသည်များကို အကာအကွယ်ပေးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် မေ ၂၉ရက်တွင် ဘန်ကောက်မြို့ ၌ အစည်းအဝေးတက်ရောက်မည့်   မြန်မာအပါအဝင် ၁၁နိုင်ငံ၏ အစိုးရများကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

Boat 22



AIက တိုက်တွန်းသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ အပါအဝင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဆွစ်ဇာလန်၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ် အစိုးရများသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

"နိုင်ငံတကာဥပဒေအရ အစိုးရ၏တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရမည်ဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူများနှင့် ခိုလှုံခွင့်ရှာဖွေသူများ၏ လူ့အခွင့်အရေး ကိုလေး စားရမည်ဖြစ်သည်။ လက်ရှိအကျပ်အတည်း၏ ဇစ်မြစ်အကြောင်းရင်းများကို ကိုင်တွယ်ရန် အစိုးရများက အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည်ဖြစ်သည်။"ဟု AIက ဆိုထားသည်။

အရှေ့တောင်အာရှရှိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ၂၀၁၅ခုနှစ် မေလ ၂၉ တွင် ဘန်ကောက်တွင် ပြုလုပ်မည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဒေသဆိုင်ရာထိပ်သီးဆွေးနွေးပွဲကို ထိုင်းက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စီစဉ်ထားသည်။

မေလထဲတွင် မလေးရှားနှင့် အင်ဒိုနီးရှားသို့ လှေများဖြင့်ရောက်လာသည့် လူမှာ ၂,၀၀၀ကျော်ရှိနေသည်။ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူ အဖွဲ့အစည်း(IOM) ၏ ပြောကြားချက်အရ လူထောင်ပေါင်းများစွာမှာ ပင်လယ်ထဲတွင် သောင်တင်နေဆဲဟု ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောတွင်လည်း ဒုက္ခသည် ၂၀၈ဦးကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိစစ်မှုများပြုလုပ်နေသည်။ လှေစီးဒုက္ခ သည် ၂၀၀ ကို မောင်တောမြို့နယ် အလယ်သံကျော်အုပ်စုမှ ဘင်္ဂလားဒေ့ရှ်နှင့် အနီးစပ်ဆုံး မြို့နယ်ခွဲဖြစ်သည့် တောင်ပြိုလက်ဝဲမြို့နယ်သို့ မေ ၂၅ ရက် နံနက်ပိုင်း က ပို့ဆောင်ထားပြီးဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုသည်။

Credit - Mizzima News

No comments:

Post a Comment