Tuesday, March 17, 2015

စားသောက်ဆိုင်အချို့ စားသုံးသူများထံမှ ကောက်ခံထားသည့် အခွန်ကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ရယူထားမှုအချို့ကို စိစစ်တွေ့ရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ စားသောက်ဆိုင် လုပ်ငန်းရှင်အချို့သည် စားသုံးသူများထံမှ ကောက်ခံထားသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ရယူထားသည်ကို စိစစ်တွေ့ရှိရသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Customs
ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)



စားသောက်ဆိုင် လုပ်ငန်းရှင်များသည် စားသုံးသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ စားသုံးမှုအပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ကောက်ခံပေးရမည်ဖြစ်ပြီး အဆိုပါကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို သက်ဆိုင်ရာအခွန်ရုံးသို့ ပေးသွင်းရမည် ဖြစ်သည်။

သို့သော် စားသောက်ဆိုင် လုပ်ငန်းရှင်အချို့သည် စားသုံးသူများထံမှ ကောက်ယူထားသော ကုန်သွယ်လုပ်ငန်းခွန်ကို နိုင်ငံတော် သို့ ပေးသွင်းခြင်း မရှိဘဲ ကိုယ်ကျိုးအတွက် ရယူထားသည်ကို စိစစ်တွေ့ရှိထားပြီး တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကာ စားသုံးသူများသည်လည်း ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့်ပြေစာများ ထုတ်ပေးသည့် စားသောက်ဆိုင်များကို တိုင်ကြားပေးပါရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက အသိပေးထားသည်။

စားသောက်ဆိုင်များသည် စားသူထံမှ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ခေါင်း ကပ်ထားသည့် ပြေစာကို စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ထုတ်ပေးရမည်ဖြစ်ပြီး ကျသင့်အခွန်ကို အပြည့်အဝ မကပ်ထားသည့်ပြေစာ ထုတ်ပေးသည့် စားသောက်ဆိုင်များကို တိုင်ကြားနိုင်သည်ဟု ကြေညာထားသည်။

ပြည်တွင်းအခွန်ဦးစီးဌာနသည် စားသောက်ဆိုင်များတွင် စားသုံးသူများထံမှ ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို စားသောက်ဆိုင်ပြေစာတွင် စားသုံးသူက ကျသင့်သည် အခွန်ငွေနှင့် ညီမျှသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထုတ် ပေးသည့်စနစ်သစ်ကို ၂၀၁၄ နိုဝင်ဘာလမှ စတင်ကာ ပြည်တွင်း အခွန်ဦးစီးဌာနက ပြောင်းလဲကျင့်သုံးခဲ့ပြီး ကျပ် ၅၀ တန် အခွန်အမှတ်တံဆိပ်မှ ကျပ်တစ်သောင်းတန် အခွန်အမှတ်တံဆိပ်အထိ ထုတ်ပေးထားသည်။

Credit - Mizzima News

No comments:

Post a Comment