Tuesday, March 17, 2015

မြေမြုပ်မိုင်း အသုံးပြုခြင်း ရပ်တန့်စေရန် ရည်ရွယ်သည့် သီချင်းခွေ အခမဲ့ဖြန့် မည်

မြေမြှုပ်မိုင်း အသုံးပြုခြင်း  ရပ်တန့်စေရန်  ရည်ရွယ်  ချက်ဖြင့်မြေမြှုပ်မိုင်း ဆန့်ကျင်ရေးတေး  သီချင်း MTV  အခွေကို   လူ့အခွင့်  အရေး ဆိုင်ရာ  များဆောင် ရွက်နေသော ညီမျှခြင်း- မြန်မာအဖွဲ့က မတ်လ ၁၇ ရက်တွင် အခမဲ့ဖြန့်ဝေ သွားမည်ဟု ညီမျှခြင်းမြန်မာမှ  ဒါရိုက်တာဦးအောင်မျိုးမင်း က မဇ္ဈိမ ကိုပြောသည်။

အဆိုပါတေး သီချင်းအခွေ ထုတ်ဝေခြင်းနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်း အနားကို မတ်လ ၁၇ ရက်တွင် မဟာဗန္ဓုလ လမ်းရှိ Orchid Hotel ၌ကျင်းပ မည်ဖြစ်သည်။

ဦးအောင်မျိုးမင်း က ‘‘မြေမြှုပ်မိုင်း အသုံးပြုခြင်း ရပ်တန့်စေဖို့ ရည်ရွယ် ချက်နဲ့ DVB မှာကာတွန်းလေးတွေ တင်ဆက် ခဲ့တယ်။အခုချိန်ထိမြေမြှုပ် မိုင်းဒဏ်ခံရ တဲ့သူတွေ ရှိနေတော့ အနုပညာရှင်တွေ နဲ့မြေမြှုပ်မိုင်း ဒဏ်ခံရတဲ့ သူတွေနဲ့လည်း စကားပြောဖြစ်ပြီး ဒီအခွေလေးကို စီစဉ်ဖြစ် သွားတာပါ" ဟုပြောသည်။

ယင်း မြေမြှုပ်မိုင်း ဆန့်ကျင်ရေးတေး သီချင်း  အခွေတွင် သီချင်း  ငါးပုဒ်ပါဝင် ပြီးတေးသီး ချင်းများကို ကိုကျော်သူရနှင့် ကိုထက်တို့ ကရေးသား ထားသည်။အ ဆိုတော် များဖြစ်ကြ သည့်စောဖိုးခွား၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ ကိုထက်၊ ဇော်ဇော် တို့က ပါဝင် သီဆို ထားသည်။

အဆိုပါ အခွေတွင် အဆိုတော် စောဖိုးခွားက ၎င်းသီဆိုနေကျ ရက်ဂေးပုံစံဖြင့် ပါဝင် သီဆို ထားပြီး ကရင်စကား အနည်းငယ်ရောနှော ပါဝင်သီဆို ထားသည်။

အဆိုပါ အခွေ တွင်မြေမြှုပ်မိုင်း ဆန့်ကျင်ရေးတေးသီချင်းများ အပြင်မြေမြှုပ်မိုင်းကို မည်သို့ တားဆီးမလဲ၊မြေမြှုပ်မိုင်းဒဏ်ခံ ရသူများကို မည်သို့ပြုစု ပျိုးထောင် အားပေး သင့်သလဲ စသည့် အကြောင်း အရာများ ပါဝင်သည့် လမ်းညွှန် စာအုပ်ကိုလည်း ထည့်သွင်းပေး မည်ဖြစ်သည်။

မြေမြှုပ်မိုင်း ဆန့်ကျင်ရေးတေးသီချင်း အခွေကိုမတ်လ ၁၇ရက်တွင် စတင်ဖြန့်ချိ မည်ဖြစ်ပြီး ကရင်ပြည်နယ် တွင် ရှိသည့်မြေမြှုပ်မိုင်း  ဒဏ်ခံရသူ များအတွက် အဓိက ရည်ရွယ် ထားသောကြောင့် ကရင်ပြည်နယ်တွင် စတင်၍ဖြန့်ဝေ မည်ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment