Tuesday, March 17, 2015

လေးပွင့် ဆိုင်တွေ့ ဆုံရေး တကသကျောင်းသားများ ဆက်လက် ကိုင်ဆွဲ ထားဟုဆို

နေပြည်တော် (မဇ္ဈိမ) ။       ။ အစိုးရ အနေဖြင့်လေးပွင့် ဆိုင်တွေ့ ဆုံပွဲတွင် သဘောတူ ခဲ့သည်များ ကိုဖောက်ဖျက် ခဲ့သော်လည်း တကသကျောင်း သားများ အနေဖြင့် ယင်းလေးပွင့် ဆိုင်တွေ့ဆုံ၍ အမျိုးသား  ပညာရေး ဥပဒေ ကိုပြင်ဆင်ရေးအား ဆက်လက် ကိုင်စွဲထား သည်ဟု တကသကျောင်း သားခေါင်းဆောင် ကိုဇေယျာလွင် ကပြောသည်။

4-Star-Meet-For-ESU-Law-07




၎င်းက "လေးပွင့်ဆိုင် ပျက်သုန်းသွား တယ်ဆိုတဲ့ ဦးရဲထွဋ်ပြောတဲ့ မလိုလားပါဘူး မဟုတ်ပါဘူးငြင်း ဆိုပါတယ်’’ ဟုပြောသည်။

ယနေ့အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် တကသကျောင်းသားများ အမျိုးသား ပညာရေး ဥပဒေကြမ်း ကိုပြင်ဆင်သည့် ဥပဒေအ တွက်ဆွေးနွေး ပြီးနေ့လည် စာစားချိန် မတိုင်မီ သတင်းထောက်များ အားပြောကြား ခဲ့ခြင်းဖြစ်သည်။

လွှတ်တော် ၊ပြည်ထောင်စု အစိုးရ၊ ပညာရေးပြုပြင်ပြောင်းလဲ  မှုနိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER)နှင့်ကျောင်းသား  များလေးပွင့်  ဆိုင်တွေ့ဆုံ၍  အမျိုးသား ပညာရေး ဥပဒေ ကိုပြင်ဆင်ရန် သဘော တူခဲ့သည်ကို ရည်ရွယ် ၍ပြောကြား ခဲ့ခြင်းဖြစ်သည်။

ကိုဇေယျာလွင်က "ကျွန်တော်တို့ ဘက်ကလေး ပွင့်ဆိုင်သည် ဒီကနေ့ အထိ အသက် ဝင်ပါတယ်’’ ဟု ဆက်လက်ပြော ကြားသည်။

ပြည်ထောင်စု လွှတ်တော်မှ ဆက်လက်ရေး ဆွဲမည့် ပညာရေး ဆိုင်ရာ ဥပဒေများ၊ ဆက်စပ် ဥပဒေများ၊ နည်းဥပဒေများနှင့် အခြားအဆင့်မြင့် ပညာရေး ကဏ္ဍ ဥပဒေများ တွင်လေးပွင့် ဆိုင်တွေ့ ဆုံ၍ရေး ဆွဲရန်မျှော်မှန်း သည်ဟုလည်း ဆိုသည်။

အစိုးရအနေဖြင့် အမျိုးသား ပညာရေး ဥပဒေကြမ်း ကိုပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်း ကိုလေးပွင့်ဆိုင် ဆွဲမည်ဟု ဆိုသော်လည်း ပညာရေး ၀န်ကြီးဌာနက သီးခြားတစ်ခုရေးဆွဲခဲ့ခြင်း၊ စာမျက်နှာ ၄၂ မျက်နှာပါ စာတမ်း ကိုကျောင်းများတွင် ဖြန့်ဝေခြင်း၊ကျောင်းသား များအား မဖမ်းဆီးဟု သဘော တူညီချက် များကို ချိုးဖောက်ခြင်းများ ရှိခဲ့သည်ဟု လည်းပြောသည်။

Credit - Mizzima News

No comments:

Post a Comment