Tuesday, March 17, 2015

ကေအိုင်အို နှင့် ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံနေ

မဇ္ဈိမ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နေပြည်တော်တွင် မတ်လ ၁၆ရက် ညနေ ၄နာရီခွဲခန့်က တွေ့ဆုံ ဆွေးနွေးနေပြီ ဖြစ်သည်။

တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချပ်ကြီး သက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း တို့ပါဝင်ပြီး ကေအိုင်အိုဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ၊ ဦးဆွမ်လွတ်ဂန်နှင့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ပါဝင်သည်။


#Mizzimadaily

ဓာတ်ပုံ- Hla Mg Shwe facebook

Credit - Mizzima News

 
 

No comments:

Post a Comment