Friday, March 20, 2015

ရွေးကောက်ပွဲ အောင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံစည်းရုံးရေး ဗျူဟာပြင်ဆင်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ပါတီဗဟိုအတိုင်ပင်ခံနေရာပေး

““တကယ့်ပါတီက ခေါင်းဆောင်တွေ သဘောတရားရေးအရ ညီညွတ်မှုအများကြီးလိုတယ်”” – (ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း)

ဒါတွေကပါတီက ဆုံးဖြတ်ရမယ့်ကိစ္စတွေပါ။ ၀င်ဆိုလည်းဝင်မယ်။ မ၀င်နဲ့ဆိုလည်းမ၀င်ဘူး။ မ၀င်ရတော့ သက်သာတာပေါ့ကွာ”” – (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေပြည်တော်၊ မတ် ၁၈

အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၌ ပါတီဒုတိယဥက္ကဋ္ဌများထက် အဆင့်မြင့်ေ သာ နေရာဖြစ်သည့် ဗဟိုအတိုင်ပင်ခံအဖွဲ့၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကိုခန့်အပ် လိုက်ကြောင်း အာဏာရ ပါတီတာဝန်ရှိသူများထံမှ သတင်း ရရှိသည်။

ဦးခင်အောင်မြင့်ကို ပါတီဗဟို အတိုင်ပင်ခံအဖြစ် ခန့်အပ် တာဝန် ပေးလိုက်ခြင်းနှင့်စပ်လျဉ်း၍ ပြည် ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သူ ဦးအောင် သောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ““မှန်ပါတယ်။ ဦးခင်အောင်မြင့်ကို အတိုင်ပင်ခံအဖြစ်နဲ့ ထားလိုက် ပါ တယ်”” ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုပါတီတွင် ဒုတိယဥက္ကဋ္ဌများထက် အဆင့်မြင့်သော ဗဟိုအတိုင် ပင်ခံရာထူးခန့်အပ် တာဝန်ပေးလိုက်ခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲပါတီအောင် နိုင်ရေး အတွက်ပြည်ခိုင်ဖြိုး ပါတီ၏ အရေးပါသော နောက်ကွယ်မှ အစီအမံ များအနက် တစ်ခုဖြစ်ကြောင်းကို ““အဲဒါတွေနဲ့ ပတ်သက်လို့ တော့ အရှည်ကြီးပြောရမှာ ဖြစ်တဲ့အတွက် မပြောလိုတော့ပါဘူး။ မူဝါဒက တော့အကောင်းဆုံးမူဝါဒက တိုင်း ပြည် အတွက် အကောင်းဆုံးလုပ်မယ်၊ ပါတီအောင်နိုင်ရေးကိုအတတ် နိုင်ဆုံးကြိုးစားမယ် ဒါတွေပါပဲ။ အစီ အစဉ်တွေ ကတော့ အများကြီးပါဗျာ။ ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်””ဟု ပါတီဗဟို အတိုင်ပင်ခံ အဖွဲ့၌ စီနီယာ(၁) ဖြစ်သူ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်၏ မေးမြန်းချက်များအပေါ် ပြန်လည် ပြောဆိုသည်။…

ဦးခင်အောင်မြင့်ကို ပြည်ခိုင်ဖြိုးပါတီ၌ မူဝါဒရေးရာနှင့် ဦးဆောင်မှု ပေးနိုင်သော ဗဟိုအတိုင်ပင်ခံခန့် အပ် တာဝန်ပေးလိုက်ခြင်းအား မတ်လ ၁၈ရက်ညနေပိုင်းတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးသို့ ဆက် သွယ် မေးမြန်း ခဲ့ရာ ““ဥက္ကဋ္ဌအခုပဲ ရမည်းသင်းကို ဖိတ်ထားတာရှိလို့ ထွက်သွားပါပြီ။ ပါတီဌာနချုပ်က ဦးတင့်ဇော် (ဗဟိုကော် မတီဝင်)ကို ကျွန်တော်ဆက် သွယ် မေးမြန်းကြည့်တော့ ပါတီမှာ အဘဦးခင်အောင်မြင့်က ဗဟို အတွင်းရေးမှူးဖြစ် ပါ တယ်လို့ပဲပြောတယ်။ ပါတီတာဝန် တွေ ထပ်ပေးတာမသိဘူး””ဟု ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးလွင်ဦးက မြန်မာသံတော်ဆင့်သို့ပြောသည်။

နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်တွင် ယခုလအတွင်း ကျင်းပခဲ့သော CEC အစည်းအဝေး၌ ဦးခင် အောင်မြင့်ကို ပါတီဗဟိုအတိုင်ပင်ခံတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုကော်မတီဝင်များပင် အဆိုပါကိစ္စကို မသိရှိသေးကြောင်း ပါတီဌာနချုပ်တာဝန်ရှိသူအချို့က မြန်မာသံတော်ဆင့် သို့ပြောသည်။

ပြည်ခိုင်ဖြိုးပါတီတွင် အဆင့်အမြင့်ဆုံး အာဏာပိုင်အဖွဲ့မှာဗဟို အလုပ်အမှုဆောင်ကော်မတီဖြစ်ပြီး ယင်းအဖွဲ့ တွင် ဥက္ကဋ္ဌ၊ ဗဟိုအတိုင်ပင်ခံ (၄)ဦး၊ ဒုတိယဥက္ကဋ္ဌ (၃)ဦး၊ အထွေထွေအတွင်း ရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များတို့ အစဉ်လိုက် ပါဝင်ဖွဲ့ စည်းထားပြီး ယခင်ပြည်ခိုင်ဖြိုးအသင်း စတင် ဖွဲ့စည်းစဉ်မှ ပါဝင်ခဲ့ပြီး ယခုအခါ အသက်အရွယ်၊ ကျန်းမာရေးတို့ အရ ပါတီတာဝန်များကို အချိန်နှင့် တစ်ပြေးညီမထမ်းဆောင်နိုင်တော့သော ပုဂိ္ဂုလ်များအား ပါတီဗဟိုတွင် အကြံပေးအဖွဲ့အနေဖြင့် ဖွဲ့စည်းထားရှိသည်။ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီသည် အဖွဲ့ ၀င်၃၀ ဦးခန့် ရှိပြီး ဗဟိုကော်မတီဝင်များမှာ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်လျက် ဗဟို ကော်မတီဝင် ၃၀၀ကျော်ရှိကာ လက်ရှိပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဥက္ကဋ္ဌ နှင့်ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်တို့ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရယူထားသည်။

ပြည်ခိုင်ဖြိုးပါတီတွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် (ယခုသမ္မတတာ ၀န်ထမ်းဆောင်နေရ) ဦးဆောင်လျက် ပါတီဗဟို အတိုင်ပင်ခံများ အဖြစ် ဦးအောင်သောင်း၊ဦးစိုးသာ၊ ဦးတင်ထွတ်၊ ဦးခင်အောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ (၁) သူရဦးရွှေ မန်း၊ ဒုတိယဥက္ကဋ္ဌ (၂) သူရဦးအေးမြင့်၊ ဒုတိယဥက္ကဋ္ဌ (၃)ဦးဌေးဦး၊ အထွေ ထွေအတွင်းရေးမှူး ဦးမောင်မောင် သိမ်း၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးသိန်းဇော်တို့ အစီအစဉ် တကျဖွဲ့စည်းထားကာ ပါတီမူဝါဒနှင့် သဘောတရားရေးရာ ဦးဆောင်မှုပေးသော အခန်းကဏ္ဍတွင် ပါတီ ဗဟိုအတိုင်ပင်ခံများက ယနေ့အထိ တာဝန် ယူ လုပ်ဆောင်နေလျက် ပါတီ၏ အရေးပါသော ထိပ်တန်း ဗဟိုကော်မတီဝင်များအဖြစ် ၎င်းတို့ကို လူသိများခဲ့ သည်။

ယခုနောက်ဆုံး အခြေအနေ အရ ပြည်ခိုင်ဖြိုးအသင်းမှ ပါတီပြောင်းချိန်တွင် အရေးပါသော အထွေထွေ အတွင်း ရေးမှူး နေရာ၌ရှိသည့် ဦးဌေးဦးကို ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ ပါတီရှုံးနိမ့်ပြီး နောက် ဒုဥက္ကဋ္ဌ(၃)နေရာသို့ ပြောင်းလဲခန့်အပ်ခဲ့ပြီး ယခင် မွေး/ရေ၀န် ကြီးနှင့် မွေး/ရေဘဏ် ဦးဆောင် နာယက ဦးမောင်မောင်သိမ်းကို အထွေထွေ အတွင်းရေးမှူး (ရန်ကုန်တိုင်းတာဝန်ခံ)အဖြစ် တာဝန်ပေးခဲ့ခြင်း၊ ပါတီတာဝန် အရ ဒုဥက္ကဋ္ဌ(၁) ဖြစ် သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထက် အဆင့်မြင့်သည့် ပါတီဗဟိုအတိုင်ပင် ခံ နေရာတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ယခု ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်၌ ခန့်အပ်လိုက်ခြင်းတို့သည် အာဏာရ ပြည်ခိုင်ဖြိုးပါတီအပေါ် မုန်းတီးဝေဖန်မှုများ များပြားနေသည့် အခြေအနေ ကို လျှော့ချနိုင်ရေး ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ပေသည်။

အစိုးရဘတ်ဂျက်များကို မလျော်မကန် သုံးစွဲကြသော ၀န်ကြီးဌာန တာဝန်ရှိသူများအား ဆီးသီးဗန်းမှောက် သည့် ဥပမာဖြင့်ခိုင်း နှိုင်းဝေဖန် ပြစ်တင်ခဲ့ခြင်း၊ အမျိုးသားလွှတ်တော်အတွင်း ပညာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဖြေရှင်းချက်အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ပြောကြားခြင်း၊ မီဒီယာလောကတွင် လူပြောများနေ သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးရဲထွဋ်အား““(ဦး)ရဲထွဋ် အမြဲမုန်လာဥလုပ်တယ်””ဟူ၍ ဦးခင် အောင်မြင့်က အများဘက်မှ ရပ်တည် ဝေဖန်ပြောကြားခဲ့ခြင်းများ အပေါ် ဖတ်ရှုလေ့လာသူများက သဘောကျ နှစ်ခြိုက်ကြသည့် အတွက် အစိုးရအပေါ် ပြည်သူလူ ထု၏ အမြင်မကြည်လင်မှုများမှာ စိတ်ထွက်ေ ပါက် တစ်ရပ် အနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပေါ် လူထုထောက်ခံမှု အတန်အသင့် ရရှိလာခဲ့သည်။

ဦးခင်အောင်မြင့်သည် နိုင်ငံရေး ပရိယာယ်ကျွမ်းကျင် သူတစ်ဦးအနေဖြင့်လည်း တပ်မတော်အ စိုးရကာလမှ သည် ဦးသိန်းစိန်အ စိုးရသစ်လက်ထက်တိုင်အောင် ပြည်ထောင်စုအဆင့် အာဏာပိုင် အကြီးအကဲနေရာ ထမ်းဆောင်နေရကြောင်း၊ လက်ရှိအစိုးရနှင့်လွှတ် တော် အကြီးအကဲများ၏ မိဘဆရာ သမားသဖွယ် ရိုသေရ သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးတစ်ဆူအဖြစ် အားထားခြင်းခံခဲ့ရသည်။ ဦးခင်အောင်မြင့် ရင်ဆိုင် ဖြေရှင်းခဲ့ရသော ပထမဆုံးပြည်ထောင်စု လွှတ်တော်နာယက တာဝန်ထမ်း ဆောင်စဉ်၌ ၂နှစ်ခွဲ သက်တမ်း အတွင်းအစိုးရနှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများကြား ခိုင်မာစွာရပ်တည် ဦးဆောင်မှု ပေးနိုင် ခဲ့ပြီး လွန်ခဲ့ သောနှစ် က ရေနံချောင်းမြို့မှ ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူ စာအုပ်ကို ယူဆောင်ခဲ့သည့် ဖြစ်စဉ် ၌လည်း အများဝေဖန်ခြေထိုးမှု များကြားမှ အောင်မြင် စွာ ဖြေရှင်းနိုင် လျက် နှစ်ဦးနှစ်ဖက်ပြေ လည်စွာဖြင့် ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်။

ဦးခင်အောင်မြင့်ကို အာဏာရ ကြံ့ခိုင်ရေးပါတီဗဟိုအတိုင်ပင်ခံ ရာထူးခန့်အပ်ခြင်းမှာ အစိုးရ အဖွဲ့ဝင်ပြည် ထောင်စုဝန်ကြီးများကို ဥပဒေအရကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ လူထုနှစ်ခြိုက်မှုရသော ပုံရိပ်ဖြင့်အာဏာရကြံ့ခိုင်ရေး ပါတီ ၂၀၁၅ ရွေးကောက်ပွဲအမီ ပါတီအောင်နိုင်ရေး အတွက် နိုင်ငံရေး ကစားကွက်များ ပြောင်းလဲပုံဖော်ရန် စီစဉ်ခြင်းလည်း ဖြစ်နိုင်ပေသည်။

အာဏာရကြံ့ခိုင်ရေးပါတီတွင် ယခင်တပ်မတော်အစိုးရလက် ထက် ပြင်းထန်သော စည်းရုံးရေး မဟာဗျူဟာ အကောင် အထည် ဖော်မှုများကြောင့် လူအများဝေဖန်ခြင်းခံနေရသည့် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း အပါ အ၀င် အသက် အရွယ် ၈၀နီးပါးရှိလာပြီဖြစ်သည့် ပါတီဗဟို အတိုင်ပင်ခံများ၌ အသက် ၆၉နှစ်ရှိ ဦးခင် အောင်မြင့် ပါဝင် တာဝန်ယူလိုက်ခြင်းဖြင့်လည်း ပါတီ တွက်ပိုမို လုပ်ဆောင်ပေးနိုင်မည်ဟု ယူဆနိုင်ဖွယ်ရာရှိ သော်လည်း ယခင်ကပါတီတွင် သူရဦးအောင်ကို၊ ဦးသိန်းဆွေတို့နှင့် တန်းတူ ဗဟိုအတွင်းရေးမှူးတာ ၀န်ထမ်း ဆောင်ခဲ့ ရသော ဦးခင်အောင်မြင့် အနေဖြင့် နိုင်ငံရေး အာဏာရယူမှုအပေါ် လိုချင်တပ်မက်မှု မရှိတော့ကြောင်း ၂၀၁၅နှစ်ဆန်းပိုင်း၊ မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ်က ထုတ်ဖော်ပြောကြားခဲ့သည်။

““ငါက တရားပဲကြားနာနေတာ ကျန်တာဘာမှ သိပ်မလုပ်တော့ဘူး။ အသက်အရွယ် အရလေ။ ၂၀၁၅ဆို ရင် ၆၉ ပြည့်ပြီ။ ၂၀၁၆ဆိုရင် ၇၀ ထဲရောက်ပြီ။ ဒီအချိန်မှာတောင်မှ သံသရာအတွက် မလုပ်ရင်ငါ့ရဲ့ဘ၀က တန်ဖိုး မဲ့ပြီးတော့။

ဒါပဲလုပ်တော့တဲ့ အခါကျတော့ သမ္မတဆိုတဲ့ ကိစ္စက ဒီမှာလည်းဟိုဘက်လွှတ်တော်က ပြောနေတဲ့ဟာလည်း ဒီဘက်မှာလည်း လာပြောတာပဲ အမျိုးသားလွှတ်တော်မှာ။ ဦးခင်အောင်မြင့်ကို စော်ကဲ လို့ ပြောနေတယ်။ မရွယ် ဘဲ စော်ကဲမင်းဖြစ်ပေါ့။ မင်းမလုပ်ဘူး။ ငါရဟန်းလုပ်မယ် မင်းမလုပ်ဘူးလို့”” ဟု ဦးခင်အောင်မြင့် က မြန်မာသံ တော်ဆင့်နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ၌ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုး ပါတီမှ ဦးခင် အောင်မြင့်ကို စာရင်းသွင်းထားကြောင်း သတင်းထွက်ပေါ်နေသည့်အပေါ် ““မဆုံးဖြတ်သေးဘူး။ ဒါတွေက ပါတီ ကဆုံး ဖြတ်ရမယ့် ကိစ္စတွေပါ။ ၀င်ဆိုလည်းဝင်မယ်။ မ၀င်နဲ့ဆိုလည်း မ၀င်ဘူး။ မ၀င်ရတော့ သက်သာတာပေါ့ ကွာ”” ဟု ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ တုံ့ပြန်ပြောဆိုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကပါတီ၏ ရှေ့ရေးနှင့် ပတ်သက်၍ ““တကယ် တမ်းကျ တော့ ပါတီဆိုတာ မျိုးဆက်သစ်နဲ့ ထိန်းရမှာ။ မျိုးဆက်သစ်ထိန်းမှ ပါတီဆိုတာ သက်တမ်းရှည်မှာ။ ဒီမိုကရက် တစ်နဲ့ ရီပက်ဘလစ်ဆိုလည်း မျိုးဆက်သစ်နဲ့ ထိန်းနေတာပဲ။ ဒီမှာလည်း အဲလိုဖြစ်ရမယ်။ နိုင်ငံခြားအတွေ့ အကြုံရှိအောင် လုပ်ရမယ်၊ နိုင်ငံရေးစာအုပ်ဖတ်ရမယ်၊ နိုင်ငံရေးနားလည်ရမယ်။ နိုင်ငံရေးစာအုပ် ထွက်သမျှ အားလုံးကို ဖတ်ရမယ်။ တို့ကတော့ မကောင်းတဲ့သတင်းစာ၊ ဂျာနယ်လည်းယူတာပဲ အကုန်လုံးဖတ်ရမှာပဲ။ ၀က်ဘ်ဆိုက်လည်း အကုန်ဖတ်ပဲ”” ဟူ၍ လည်းကောင်း၊ သမ္မတဦးသိန်းစိန် ပါတီတာဝန် မထမ်းဆောင်နိုင်၍ ပါတီဥက္ကဋ္ဌတာဝန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြန်လည်ပါဝင်လာနိုင်မှု အလားအလာအပေါ် ““သမ္မတ ကြီးက။ သူကပါတီ လုပ်ငန်းဆောင်ရွက်လို့မှ မရဘဲကိုး။ အဲဒါကြောင့် သူကပေးလိုက်တာ။ လက်ရှိမှာကတော့ တကယ် တမ်း အလုပ်လုပ်နေတာ ဦးရွှေမန်းပေါ့။ ဥက္ကဋ္ဌရဲ့တာဝန် ၀တ္တရားတွေကို အပြည့်အ၀ထမ်း ဆောင်နေတာက တော့ ဦးရွှေမန်းပေါ့။၂၀၁၅ ရွေးကောက်ပွဲ၊ အဲဒါတော့ မပြောနိုင်သေးဘူး။

အဲဒါကျ တော့ဘယ်လိုလုပ် ပြောမလဲ အသက် အရွယ်အရရယ်၊ သမ္မတအငြိမ်းစား အနေနဲ့ဖြစ်သွားတာ လည်း ဖြစ်ရင် ဖြစ်မှာပေါ့။ သမ္မတ ပြန်ရွေးချင် လည်းရွေးမှာ ပေါ့ကျွန်တော်လည်း အဲဒါတော့ နည်းနည်း အခက်အခဲရှိတာပေါ့””ဟူ၍ လည်းကောင်း၊ ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် သမ္မတရုံး မှ ပြည်ထောင်စုဝန်ကြီးအချို့ အများဝေဖန်စရာ ပြော ဆိုမှုများအတွက်လည်း ““ဦးစိုးသိန်းက ကျွန်တော်ရယ်၊ ဦးအောင် မင်းရယ်၊ ဦးခင်ရီရယ်ကို ပြောရင်တဲ့ ပြောတဲ့ လူတွေဟာ ဟတ်လိုင်နာ (အမာဂိုဏ်းသား) တွေပဲဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး။ ဟတ် လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြ စမ်းပါ ဘယ်နားမှာလဲ။ ဘာလို့ဟတ် လိုင်နာလို့ခေါ်လဲ။ ဘယ်သူတွေက ဟတ်လိုင်နာတွေ လဲနည်း နည်းလေး ဖော်ပြ စမ်းပါလို့။ ကျွန်တော်ကြားဖူး တာကတော့ ဂေါတမမြတ်စွာဘုရား ကဟောကြားတဲ့ တရားဟာ မှားတယ်ဆိုတာ မရှိဘူးတဲ့။ အဲဒီဂေါတ မမြတ်စွာ ဘုရား တရားတော်ကို မှားတယ်လို့ပြောရင် ဒါဟာ အယူ ၀ါဒစွဲတွေ၊ မိစ္ဆာဒိဌိတွေ ဖြစ်တာပေါ့။ ကျွန်တော့်ဘ၀ မှာတော့ အဲလိုပဲ ကြားဖူးတယ်။ ကျန်တဲ့လူတွေမှာ က တော့ လူပုဂိ္ဂုလ်တွေမှာ ကတော့ အဲလိုပြောလို့ ဒီလိုဖြစ် တယ် ဆိုတာကတော့ ကျွန်တော်ကတော့ ခုမှပဲ ကြားဖူး တယ်…. တကယ့် ပါတီက ခေါင်းဆောင်တွေ သဘော တရားရေးအရ ညီညွတ်မှု အများကြီးလိုတယ်””ဟူ၍ လည်းကောင်း လွန်ခဲ့သော နှစ်များ အတွင်းပါတီ ၏ နိုင်ငံရေး ဖြတ်သန်းခဲ့ရမှုများ အပေါ် မြန်မာသံတော် ဆင့်နှင့် တွေ့ဆုံမေးမြန်း ခဲ့စဉ် ဦးအောင်သောင်းကပြော ကြားခဲ့သည်။

မြန်မာ့နိုင်ငံရေးလောကတွင် လူထုထောက်ခံမှု ကျဆင်းနေချိန်မှာပင် ပါတီဥက္ကဋ္ဌအနေဖြင့် ဗဟို အတိုင်ပင်ခံ များနှင့် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ၏ ဆန္ဒကို ဦးစားပေးသော သူရဦးရွှေမန်း ဦးဆောင်လျက်ရှိ သည့် အာဏာရပြည်ခိုင်ဖြိုးပါတီအတွင်းဗဟို အတိုင်ပင်ခံကဲ့သို့သော ပါတီထိပ်ပိုင်း ခေါင်းဆောင်နေရာ၌အမျိုး သားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်ကို ထပ်မံခန့်အပ်ခဲ့ခြင်းအတွက် အကျင့်ပျက် ခြစားနေသော ပါတီ တာ ၀န်ရှိသူများအား တင်းတင်းကျပ်ကျပ် အရေးယူ ဝေဖန်ပြစ်တင်နိုင်မည့် ပါတီတွင်း ဒီမိုကရေစီဖော် ဆောင်မှုများ ထွက်ပေါ်လာကာ စိတ်ဓာတ်ကျဆင်းနေသော ပါတီခေါင်းဆောင်ပိုင်း အချို့အတွက် ပါတီအပေါ် ယုံကြည်အား ကိုးမှုများ ပြန်လည်ရရှိလာနိုင်မည်ဟု ယူဆရပေသည်။

ရန်ကုန်ကိုကိုကြီး

- ၂၀၁၄ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင် ရုံးထိုင်နေသော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုပြည်ခိုင်ဖြိုးပါတီတွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် ငြိမ်းချမ်းရေးကိစ္စ လာရောက်တင်ပြစဉ်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment