Friday, March 20, 2015

လွှတ်တော်သို့ တင်ပြထားသည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို တစ်နှစ်အကြာတွင် ပြန်လည်ရုပ်သိမ်း

ပုဂ္ဂလိကမီဒီယာများ ၏ဈေးကွက်ပြိုင်ဆိုင်မှုအ တွင်း ပြန်ကြားရေးဝန်ကြီး ဌာနက ၀င်ရောက်ခြယ်လှယ် ခွင့်ရရန် အခွင့်အရေး ပေးထားသလို ဖြစ်နေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မတ်လ ၁၈

အစိုးရပိုင် မီဒီယာများအား အများပြည်သူ ၀န်ဆောင်မှု အဖြစ် ပြောင်းလဲရန် အတွက် ရည်ရွယ်ရေး ဆွဲထားသော အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ၂၀၁၄ခုနှစ် မေလ ၁၇ ရက်တွင်ပြန် ကြားရေးဝန်ကြီးက တင်သွင်းခဲ့ပြီး တစ်နှစ်ပြည့်မြောက်သည့် ၂၀၁၅ ခုနှစ် မေလ ၁၈ရက်တွင် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က လွှတ်တော်၌ ယင်းဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းရန် တင်ပြခဲ့ရာ လွှတ်တော်က ကန့် ကွက်သူမရှိ အတည်ပြုပေးလိုက်သည်။

ယင်းကဲ့သို့ပြန်လည် ရုပ်သိမ်းရခြင်းမှာ ရရှိလာသည့် အများပြည်သူများ၏ အကြံပြုချက်များ အပေါ်တွင်လည်း ကောင်း၊ နောင်တွင်ပေါ် ပေါက်လာမည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေပေါ် တွင် လည်း ကောင်း၊ ပြောင်း လဲလာမည့် မီဒီယာပတ်ဝန်းကျင် အခြေအနေ များကြောင့် လည်းကောင်း အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းတွင် ပါဝင်သည့်အချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်လာ သည့် အတွက် ပိုမိုပြည့်စုံသည့် ဥပဒေကြမ်းကို ပြန်လည်ရေးဆွဲရန်အတွက် ဥပဒေကြမ်းကို ရုပ်သိမ်းခွင့်ပြုစေလိုကြောင်း ပြန် ကြားရေး ၀န်ကြီးဦးရဲထွဋ်က တင်ပြခဲ့ရာလွှတ် တော် ကသဘောတူ ခဲ့ခြင်းဖြစ်သည်။…

““ဒီဥပဒေကိုမနေ့က ပြန်ကြားရေးဝန်ကြီးက ပြန်ရုပ်သိမ်းဖို့အတွက် လွှတ်တော်မှာ လာဆွေးနွေးသွား တယ်။ ဒါတစ်နှစ်ကျော် ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးထားတာ တွေရှိပါတယ်။ နောက်ကြားနာပွဲပေါ့ဗျာ။ သတင်း မီဒီယာလောကသားတွေနဲ့ အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေ တဲ့သူတွေနဲ့ ဆွေးနွေးကြပါတယ်။ အဲဒီ ဆွေးနွေးမှုတွေ က နေပြီးတော့ ဒီဥပဒေဟာလက်ရှိ အခြေအနေအရသတင်း မီဒီယာတွေကို အများပြည်သူ ၀န်ဆောင်မှုဆိုတဲ့ ပုံစံမျိုးပြောင်းလဲပြီးတော့ ပြည်သူလူထုရဲ့ဘဏ္ဍာငွေနဲ့ လုပ်သလို ဖြစ်နေတာ ကတစ်ကြောင်း ပေါ့။သတင်း မီဒီယာ လောက အတွင်းမှာ အထူးအခွင့်အရေး ပေးသလို ဖြစ်နေတဲ့ အခြေ အနေတွေ တွေ့နေ ရ တယ်။ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဆိုတာ ကြေးမုံ တို့၊ မြန်မာ့အလင်း တို့လို ဆောင်ရွက်နေတာ ဖြစ်နေ တဲ့အတွက် ဒါဟာ မဆောင်ရွက်သင့်ဘူးလို့ ၀ိုင်းပြီးဆွေးနွေး ကြပါတယ်။ ဒီအပေါ်ကနေ မူတည်ပြီး တစ်နှစ် ကျော်ကျော်ရှိနေတဲ့ အချိန်မှာ ရုပ်သိမ်းသွားတာ ဖြစ်ပါ တယ်””ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်းက မတ်လ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါ ဥပဒေကြမ်းတင်သွင်းစဉ်ကလည်း မီဒီယာများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ၀ိုင်း ၀န်းကန့် ကွက်ခဲ့သော်လည်း လွှတ်တော်တွင်း ဆွေးနွေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းပါ ဘတ်ဂျက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ လုပ်ပိုင်ခွင့်များနှင့် လွတ်လပ်မှု ပိုင်းဆိုင်ရာတို့၌ အား နည်းချက်များ ရှိသည့်အတွက် ဝေဖန်မှုများလည်း ပြင်းထန်ခဲ့သည်။

ထို့ပြင် ယင်းဥပဒေကြမ်း ပြဋ္ဌာန်းခြင်းမှာ ပုဂ္ဂလိက မီဒီယာများ ၏ ဈေးကွက်ပြိုင် ဆိုင်မှုအတွင်း ပြန်ကြားရေး ၀န်ကြီးဌာနက ၀င် ရောက်ခြယ်လှယ်ခွင့်ရရန် အခွင့်အရေးပေးထား သလိုဖြစ်နေသည့်အတွက် နောင်တွင် ထပ်မံ တင်ပြလာဖွယ်ရှိသည့် အများပြည်သူဝန်ဆောင်မှု ဥပဒေကြမ်းတွင် နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်းဖြစ် စေလို ကြောင်းပုဂ္ဂလိက မီဒီယာအသိုင်းအ၀ိုင်းက သဘောထား မှတ်ချက်ပြုမှုများလည်း ရှိနေသည်။

““ကျွန်တော်တို့က အများပြည်သူဝန်ဆောင်မှု မီဒီယာကိုလေ့လာတယ်လေ။ ကျွန်တော်တို့အနေနဲ့ တွေ့ရ တာက နိုင်ငံတကာမှာရှိတဲ့ စံချိန်စံညွှန်းနဲ့ အများကြီး လွဲနေတယ်။ ပထမဆုံး လွဲတာကတော့ သတင်းစာပေါ့။ ဘယ်နိုင်ငံမှာမှ မရှိဘူး အဲဒါက။ အများပြည်သူဝန်ဆောင်မှုဆိုတာ အသံလွှင့်နဲ့ပဲ ဆိုင်တယ်လေ။ သူတို့က သတင်းစာ ထည့်ထားတယ်။ ဒါ ပထမလွဲတဲ့ အချက်။ ဒုတိယအချက်က အများ ပြည်သူဝန်ဆောင်မှုဆိုတာ ကပြည်သူလူထုက သော်လည်းကောင်း၊ အစိုးရကသော် လည်းကောင်း ချမှတ်ပေးတဲ့ အခွန်အခတွေနဲ့လုပ် ရမယ်။ ကြော်ငြာယူလို့ မရဘူး။ ချမှတ်ပေးတဲ့ ဘတ်ဂျက်လည်းယူတယ်၊ ကြော်ငြာလည်း ယူတယ်၊ နိုင်ငံခြား ထောက်ပံ့မှုလည်း ယူတယ်။ အဲဒါက အများပြည်သူဝန်ဆောင်မှု စံချိန်စံညွှန်းနဲ့ လွဲတယ်လေ။ နောက် အများ ပြည်သူဝန်ဆောင်မှု မီဒီယာကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ဖွဲ့ထားတဲ့ အာဏာပိုင်အဖွဲ့က လည်း လွတ်လပ်မှု မရှိဘူးလို့ ယူဆတယ်။ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဆိုတာ လွတ်လပ်တဲ့ မီဒီယာဖြစ်ရမယ်။ စီးပွားရေး အကျိုး အမြတ်လွတ်ကင်းရမှာ ဖြစ်သလို နိုင်ငံရေးအရလည်း လွတ်ကင်းဖို့ လိုအပ်တယ်။ အခု ဖြစ်နေတဲ့ပုံစံက စီးပွားရေး အကျိုးအမြတ် က ကြော်ငြာ လည်းယူမယ်၊ နိုင်ငံရေးအရလည်း လွတ်လပ်မှုရှိ မယ်လို့ကျွန်တော် မထင်ဘူး၊ ဖွဲ့စည်းထားတဲ့ ပုံစံအရ။ အသစ်ပြန်တင်မယ် ဆိုရင်တော့ နိုင်ငံ မှာရှိတဲ့ စံချိန် စံညွှန်းနဲ့ဖြစ်စေ ချင်တယ်။ သတင်းစာကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာဆိုတာ လုံးဝလုပ်လို့ မရဘူး။ ပုံမှန်ကပုဂ္ဂလိက သတင်းစာပဲ ဖြစ်ရမယ်။ ဗမာပြည်မှာရှိတဲ့ ပုဂ္ဂလိက သတင်းစာတွေက အစိုးရသတင်း စာကို မယှဉ်နိုင်တဲ့ အတွက် အားလုံးအရှုံးနဲ့ ရင်ဆိုင်နေရ တယ်။ ဒါ အစိုးရသတင်းစာက ဈေးကွက်ထဲမှာ ၀င်ကစားနေလို့။ ပြန် ကြားရေး ၀န်ကြီးဌာနဆိုတာက ဥပဒေရေး ဆွဲ ပြဋ္ဌာန်းပေးတဲ့နေရာမှာပဲ ရှိသင့်တယ်။ ဈေးကွက်ထဲမှာ ၀င် ရောက်ယှဉ်ပြိုင်တာမျိုး မလုပ်သင့်ဘူး။ ဘာနဲ့တူသလဲဆိုတော့ ဒိုင်လူကြီး လည်းလုပ်တယ်၊ ကစားသမားလည်း လုပ်တယ်၊ အဲဒီလိုဖြစ်နေတယ်””ဟု ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မီဒီယာမှ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။


ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment