Tuesday, March 17, 2015

အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စပြီ

ရန်ကုန် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် နှစ်ကုန် ပိုင်းမှ စတင်၍ ရပ်နားခဲ့ရသော အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၇ ရက်တွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြန်လည် ဆွေးနွေးနေပြီဖြစ်သည်။

7-Frequency-Union-Pacific-Meeting-2
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင် တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေး အဖွဲ့ (NCCT)တို့ မတ်လ ၁၇ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ MPC တွင် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ညှိနှိုင်းဆွေးနွေးပွဲစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)



KIO နှင့် အစိုးရ အဖွဲ့တို့အကြား ယုံကြည်မှုတည်ဆောက်နိုင်မှသာ NCCT နှင့် UPWC တို့ အကောင်အထည်ဖော်နေသော အပစ်အခတ်ရက်စဲရေး ဖြစ်စဉ်များ အောင်မြင်နိုင်မည် ဟု NCCT ပြောခွင့်ရ ဦးနိုင်ဟံသာက ဆွေးနွေးပွဲ အဖွင့်စကားအဖြစ် ပြောကြားလိုက်သည်။

"KIA နဲ့ အစိုးရ အကြားယုံကြည်မှုတည်ဆောက်နိုင်ရင် NCCT နဲ့ UPWC တို့ဆွေးနွေးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ
သဘောတူညီမှုရဖို့များစွာ အထောက်အကူပြုမှာပါ"ဟု ဦးနိုင်ဟံသာက ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေပွဲကို မြောက်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပေါ်နေသော်လည်း အတားအဆီးများကြားက လာရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"အကယ်၍ ဆွေးနွေးပွဲမှာ အစိုးရ နဲ့ အပေးအယူတည့်ပါက အပြီးသတ်သဘောတူညီချက်ကို ရယူရန် အသင့်ရှိပါတယ် "ဟု ဦးနိုင်ဟံသာက
ပြောကြားလိုက်သည်။

၂၀၁၄ စက်တက်ဘာလ ကတည်းက ရပ်နားခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မတ်လ ၁၇ ရက်တွင် ပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး မျှော်မှန်းထားကြသည်။

"KIO အနေနဲ့ NCA ကိုလက်မှတ်ထိုးဖို့ မူအားဖြင့် သဘောတူပြီးပြီ ဆွေးနွေးစရာတွေတော့ ရှိဦးမှာပေါ့ဗျာ" ဟု UPWC အဖွဲ့ဝင် ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောကြားထားသည်။

Credit - Mizzima News

No comments:

Post a Comment