Sunday, March 15, 2015

ပန်းစကား အဖွဲ့ကလည်း အကြမ်းဖက် မှုရှုတ်ချ ကာနှင်းဆီဖြူ လှုပ်ရှားမှု စမည်

ကျောင်းသား၊ပြည်သူများနှင့် မီဒီယာများကိုအစိုးရမှ အကြမ်းဖက် ရိုက်နှက်မှုများကို ဆန့်ကျင်သောအားဖြင့်“နှင်းဆီဖြူ လှုပ်ရှားမှု” (White Rose Campaign) ကိုပန်းစကား အဖွဲ့မှ လာမည့် သီတင်းပတ် တွင်ပြုလုပ် သွားမည်ဟု ပန်းစကား အဖွဲ့က ဦးဆောင်သူ ကိုနေဘုန်းလတ်က မဇ္ဈိမကိုပြောသည်။

"အစိုးရအကြမ်းဖက်မှုကို အလိုမရှိဘူးဆိုတာကိုရှုတ်ချတဲ့အနေနဲ့ လူသိများတဲ့သူတွေ အနုပညာရှင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးတည် ထားတယ်။ အဲဒီလိုလူအများ စိတ်ဝင်စားတဲ့ သူတွေဆီကနေ လှုပ်ရှားမှုကို စတင်သွားမယ်"ဟု ၎င်းက ဆိုသည်။

လာမည့် သီတင်းပတ်အတွင်း အမှတ်အသားပါ ရင်ထိုးတံဆိပ်များကို အနုပညာ ရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များထံ ပန်းစကား အဖွဲ့က လိုက်လံဝေငှ သွားမည်ဖြစ်သည်။

“နှင်းဆီဖြူ လှုပ်ရှားမှု” (White Rose Campaign) တွင် “အကြမ်း  ဖက်မှု အလိုမရှိ (NO VIOLENCE )”  ဟူသော စာသား ပါရှိမည်ဖြစ်ပြီး ဘယ်သူ လုပ်လုပ်၊ ဘာကြောင့် လုပ်လုပ် အကြမ်း ဖက်မှုက အကြမ်းဖက် မှုဖြစ်ကြောင်း  "Whoever the aggressor, whatever the reason, violence is violence.” ဆိုသည့် အချက်နှစ်ချက်ကို သတင်းစကား ပါးလို၍ ရည်ရွယ်ပြု လုပ်မည်ဖြစ်သည်။

လှုပ်ရှားမှု သင်္ကေတအဖြစ် “အဖြူရောင် နှင်းဆီပွင့်” ပုံကို အသုံးပြုသွား မည်ဖြစ်ပြီး လှုပ်ရှားမှု၏ ပထမအဆင့် အဖြစ်နှင်း ဆီဖြုနှင့် NO VIOLENCE စာသားပါ ပုံကိုဖေ့စ်ဘုတ်တွင် Profile Picture အဖြစ် အသုံးပြုကာ Online Campaign ကို မတ် ၁၃ ရက်တွင် ပန်းစကား အဖွဲ့က စတင်နေ ပြီဖြစ်သည်။

ကျောင်းသား သပိတ်များကို အစိုးရက အကြမ်းဖက် မှုများကို မတ် ၁၃  ရက်တွင် ငြိမ်းချမ်းရေး လိုလားသည့် လူငယ် အယောက် ၂၀ ခန့်ကလည်း မဟာဗန္ဓုလ ပန်းခြံတွင် လက်ပတ်အဖြူ များဝေငှကာ လက်ပတ်ဖြူ လှုပ်ရှား မှုပြုလုပ် ခဲ့သေးသည်။


Credit - Mizzima News

No comments:

Post a Comment