လက်ပံတန်းကျောင်း သားသပိတ်နှင့်ကျောင်း သားထုကို ဝန်းရံသည့်ပြည်
သူလူထုကို အစိုးရမှ အကြမ်း ဖက်သည့် လုပ်ရပ်အားကန့်ကွက် ရှုံးချသည့် အနေဖြင့်
ကိုရီးယားရောက်မြန်မာ အယောက် ၂၀၀ ဝန်းကျင်က မတ် ၁၅ ရက်တွင်
ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိမြန်မာ သံရုံးရှေ့၌ ဆန္ဒပြခဲ့ သည်ဟု
ဆန္ဒပြရာတွင် ပါဝင်သူ ကိုစောမြတ်နိုးအောင်က မဇ္ဈိမ ကိုပြောသည်။

ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မတ်လ ၁၅ရက်က ဆန္ဒပြသည့်
ကိုရီးယားရောက် မြန်မာများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ကိုစောမြတ်နိုးအောင်)
"နိုင်ငံကို တိုးတက်ဖို့ကို ပညာရေးနဲ့တည်ဆောက်မှာလား။ ကျဉ်းဆံနဲ့ တည်ဆောက်မှာလားလို့ အစိုးရကိုပြောချင်ပါတယ်။ ကျွန်တော်တို့ လည်းကျောင်းသားပါ။ ဒါလူ့အခွင့် အရေးကို ချိုးဖောက် တာပါ။ ဒါကို ကျွန်တော်တို့ လုံးဝ လက်မခံနိုင် လို့မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြတာပါ" ဟု ကိုစောမြတ်နိုးအောင် ကပြောသည်။
ယင်းအပြင် ကျောင်းသားများအားအစိုးရက အကြမ်းဖက် ဖမ်းဆီးမှုသည် လူ့အခွင့်အရေးး ချိုးဖောက်မှုတစ်ရပ် ဖြစ်နေ၍ မတ်လ၁၅ ရက်တွင် ကျရောက်သည့် ၂၇ နှစ်မြောက် လူ့အခွင့်အရေးနေ့တွင် သံရုံးရှေ့၌ သတင်း စာရှင်းလင်းပွဲ တစ်ရပ် လည်းပြုလုပ် ခဲ့သည်ဟု ဆိုသည်။
မြန်မာအစိုးရ အနေဖြင့်ကျောင်းသားများအားထပ်မံ အကြမ်းဖက်မှုများပြုလုပ်ပါက ကိုးရီးယားရောက်မြန်မာ အလုပ်သမားများ၊ လူမှုအဖွဲ့အစည်းများ ၊ကျောင်း သားများ ပူးပေါင်းပြီးမြန်မာ သံရုံးရှေ့တွင် ပိုမိုပြင်းထန်သည့် ကန့်ကွက် မှုမျိုးကို လုပ်သွားမည်ဟု ဆိုသည်။
ကိုရီးယားရောက်မြန်မာများက သံရုံးရှေ့တွင်သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတောင်းဆိုရာတွင် ဖမ်းဆီးထားသောကျောင်း သားများပြန်လည် လွတ်မြောက်ရေး၊ သမ္မတ ဦးသိန်းစိန် နုတ်ထွက်ပေးရေး ၊ကျောင်းသားထုကို ဝန်းရံ သည့်ပြည်သူ လူထုအား ဖမ်းဆီမှု ကိုပြန်လည် လွှတ်ပေးရေး၊ လူအခွင့် အရေး ချိုးဖောက်မှု မလိုလား စသည့် ဗီနိုင်းများ၊ ပိုစတာများ၊ ခွတ်ဒေါင်း အလံများ ဖြင့် ကန့်ကွက် ဆန္ဒပြခဲ့သည်။
ကန့်ကွက်ဆန္ဒပြရာတွင် ကိုရီးယားလွတ်မြောက်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ကရင် ကိုရီးယားအဖွဲ့အစည်း ၊မြန်မာအသင်း ကိုရိးယား အဖွဲ့အစည်း၊ ကို ရီးယားနိုင်ငံရောက် မြန်မာလူမျိုးများ၊ ကိုရီးယားနိုင်ငံမှ မြန်မာ ကျောင်းသားကျောင်းသူများ အပါအဝင် အယောက် ၂၀၀ ဝန်ကျင်း ပူးပေါင်း ပါဝင်ခဲ့သည်။
လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်များက မတ်လ ၁၀ရက်တွင် အကြမ်းဖက် ဖမ်းဆီး ခဲ့ပြီးကျောင်း သားများ၊ ဝန်းရံသူများ၊ သတင်းထောက်နှစ်ဦး စုစုပေါင်း ၁၂၇ဦး ဖမ်းခံခဲ့ရပြီး သတင်းထောက် နှစ်ဦး နှင့် ကျောင်းသား ၂၇ဦး ကို ပြန်လွှတ်ပေးခဲ့သည်။ မတ်လ ၁၂ရက် ညတွင်မူ ရန်ကုန်မှ သတင်းထောက် တစ်ဦးနှင့်ကျောင်းသား နှစ်ဦးကို ဧည့်စာရင်းမတိုင်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ၁၃ရက် နံနက်တွင် သာယာဝတီ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
လက်ရှိတွင် လက်ပံတန်းကျောင်းသားများ လွတ်မြောက်ရေး လှုပ်ရှားသည့် ကျောင်သားများ၊ အဖွဲ့အစည်းများကိုလည်း အရေးယူမည်ဟု သတိပေးခြင်း၊ ပုဒ်မ ၁၈ဖြင့် အရေးယူခြင်းတို့ ပြုလုပ်လျက်ရှိသည်။
Credit - Mizzima News
No comments:
Post a Comment