နီယွန်၊ မတ် ၂၀။ ။ ယူအီးအက်ဖ်အေ ရုံးချုပ် တည်ရှိရာ
ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်
ပွဲစဉ်များ မဲခွဲပွဲ အခမ်း အနားကို
ကျင်းပပြုလုပ်ခဲ့ရာ ချန်ပီယံဆု အတွက်ရေပန်း စားနေသည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့မှာ ခက်ခဲ သည့်ပြိုင် ဘက်များနှင့်တွေ့ ဆုံလျက်ရှိပြီး ဘိုင်ယန်မြူးနစ် အသင်းမှာပေါ်တိုနှင့်တွေ့ ဆုံရမည်ဖြစ် သည့်အတွက် ပွဲချောင်သွားခဲ့သည်။
ကျင်းပပြုလုပ်ခဲ့ရာ ချန်ပီယံဆု အတွက်ရေပန်း စားနေသည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့မှာ ခက်ခဲ သည့်ပြိုင် ဘက်များနှင့်တွေ့ ဆုံလျက်ရှိပြီး ဘိုင်ယန်မြူးနစ် အသင်းမှာပေါ်တိုနှင့်တွေ့ ဆုံရမည်ဖြစ် သည့်အတွက် ပွဲချောင်သွားခဲ့သည်။

ယမန်နှစ်က ဗိုလ်လုပွဲတွင်တွေ့ဆုံ ခဲ့ကြသည့်ရီးယဲလ်အသင်းနှင့် အက်သလက်တီကို အသင်းတို့ မှာပြန်လည်တွေ့ဆုံနေပြီး ဘာစီလိုနာအသင်းမှာ ချယ်လ်ဆီး ကိုကျော်ဖြတ် လာခဲ့သည့် ပီအက်စ်ဂျီ အသင်းနှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။
ချန်ပီယံဆု အတွက်ရေပန်း အစားဆုံး အသင်း တစ်သင်းဖြစ်သည့်ဘိုင်ယန်မြူးနစ် အသင်းမှာပေါ်တူဂီ ကလပ်ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ် အသင်းမှာပြင်သစ်ထိပ်သီး မိုနာကို အသင်းနှင့်တွေ့ ဆုံလျက်ရှိသည်။
ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်များ၏ ပထမ အကျော့ကို ဧပြီလ ၁၄၊ ၁၅ ရက်နေ့များတွင် ကစား ရမည်ဖြစ်ပြီး ဒုတိယ အကျော့ ပွဲစဉ်များကို ဧပြီလ ၂၁
ရက်နှင့် ၂၂ ရက်နေ့ များတွင် ယှဉ်ပြိုင် ကစား မည်ဖြစ်သည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ
ပီအက်စ်ဂျီ(ပြင်သစ်) | Vs | ဘာစီလိုနာ(စပိန်) |
အက်သလက်တီကို(စပိန်) | Vs | ရီးယဲလ်(စပိန်) |
ပေါ်တို(ပေါ်တူဂီ) | Vs | ဘိုင်ယန်မြူးနစ်(ဂျာမနီ) |
ဂျူဗင်တပ်စ်(အီတလီ) | Vs | မိုနာကို(ပြင်သစ်) |
Ref: UEFA
Credit - Mizzima News
No comments:
Post a Comment