မစ္စတာပစ်ကာ့ဒ်က ၁၉၉၈ခုနှစ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း ၎င်းက ပြန်လည်ပြောပြခဲ့သည်။ ထိုစဉ်က ၎င်းသည် အလွန်မြင့်မားသည့် နေရာမှ မိုးပျံပူပေါင်းဖြင့်
ကမ္ဘာကိုပတ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအချိန်က ၎င်းအား အရေးပေါ်ဆင်းသက်ရန် မြန်မာအာဏာပိုင်များက ဖိတ်ခေါ်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင် တီထွင်ဆန်းသစ်မှုရှိသော နေစွမ်းအင်သုံးလေယာဉ်ကို ပိုင်းလော့လုပ်၍ မောင်းနှင်လာသည်။ အလေးချိန်မှာ SUV အကားတစ်စီး၏ အလေးချိန်ရှိပြီး တောင်ပံ၏ အရှည်မှာ ဘိုးအင်း - ၇၄၇၏ တောင်ပံလောက်ရှိသည်။ ယင်းမှာ နေစွမ်းအင်တစ်မျိုးတည်းသုံး၍ ကမ္ဘာပတ်ရန် ပထမဆုံးအကြိမ် ကြိုးပမ်းခြင်းဖြစ်သည်။
မန္တလေးမြေသို့ နောက်တစ်ကြိမ်ခြေချရန် မျှော်လင့်စောင့်စားနေပြီဟု မန္တလေးသို့ ချဉ်းကပ်စဉ် ပစ်ကာ့ဒ်က မစ်ရှင်ထိန်းချုပ်ရေးဌာနသို့ ပြောကြားခဲ့သည်။
မြန်မာမြေသို့ ဆင်းသက်ရန်အတွက် လိုအပ်သော ရုံးလုပ်ငန်းစာအားလုံး သူ့တွင်ရှိသည်ဟုလည်း ပစ်ကာ့ဒ်က ပြောခဲ့သေးသည်။
လေယာဉ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ချိန် ဌာနဆိုင်ရာများ၊ မြို့ခံများက ကြိုဆိုခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment