ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့ဘွတ်က ၎င်းတို့၏ မက်ဆေ့ခ်ျပေးပို့မှု မိုဘိုင်း
App မှတဆင့် ငွေလွှဲပေးပို့နိုင်ရန် ဆောင်ရွက်သွားမည်ဟု CNET သတင်းဌာနက
ဖော်ပြထားသည်။

မာစတာ၊ ဗီဇာ စသည့် ငွေပေးချေမှုစနစ်များမှတဆင့် ဖေ့ဘွတ်ခ်မက်ဆေ့ခ်ျ App ကို အသုံးပြုပြီး ငွေလွှဲပေးပို့ နိုင်မည်ဟု သတင်းတွင်ဖော်ပြထားသည်။
ဖေ့ဘွတ်ခ်က ယင်းစွမ်းဆောင်ချက်ကို ထည့်သွင်းလိုက်ခြင်းဖြင့် အခြားပြိုင်ဘက်ကုမ္ပဏီများထက် ပိုမိုလူသုံးများလာစေရန် အထောက်အပံ့ဖြစ်လာမည်ဟု CNET က သုံးသပ်ဖော်ပြထားသည်။
၂၀၁၄ နှစ်ကုန်ပိုင်း စာရင်းများအရ ဖေ့စ်ဘွတ်ခ်ကို မိုဘိုင်းဖုန်းများမှ တဆင့်အသုံးပြုမှုသည် လစဉ် ၁ ဒသမ ၂ ဘီလီယံခန့်အထိ ရှိခဲ့ပြီး ထက်<က်ခန့်သည် ဖေ့ဘွတ်ခ် မက်ဆေ့ခ်ျ App ကို အသုံးပြုနေသည်ဟုလည်း CNET က ဆိုသည်။
ဖေ့စ်ဘွတ်ခ်သည် မက်ဆေ့ခ်ျပေးပို့သည့် စနစ်များအနက် လူသုံးများလာသည့် Whatsapp ကို အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံအသုံးပြုကာ ဝယ်ယူခဲ့သည်။
ယင်းကဲ့သို့ ဝယ်ယူခဲ့ခြင်းသည် မက်ဆေ့ခ်ျပေးပို့သည့် စနစ်များတွင် ဦးဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။
ငွေလွှဲပေးပို့နိုင်သည့် ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး နေ့စဉ် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ငွေလွှဲပေးပို့ကြလိမ့်မည်ဟု ဖေ့ဘွတ်ခ်က ခန့်မှန်းထားသည်။
ငွေလွှဲပေးပို့မှု လုံခြုံရေးအတွက်လည်း ထည့်သွင်းဆောင်ရွက်ထားသည်ဟု ဖေ့စ်ဘွတ်ခ်က ဆိုသည်။
ဖေ့ဘွတ်ခ်မက်ဆေ့ခ်ျမှတဆင့် ငွေလွှဲပေးပို့နိုင်မည့် ၀န်ဆောင်မှုကို Android နှင့် iOS တို့ တွင် ဧပြီလမှ စတင်အသုံးပြုနိုင်လိမ့်မည်ဟု CNET က ခန့်မှန်းဖော်ပြထားသည်။
Credit - Mizzima News
No comments:
Post a Comment