Saturday, March 21, 2015

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အကျိုးတူ လယ်ယာစနစ် အောင်မြင်ရန် လိုအပ်နေ

မြန်မာ့လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး အသေးစားလယ်ယာ လုပ်ငန်းများနှင့်လယ်ယာအများပိုင်ကုမ္ပဏီ ပူးပေါင်းလုပ်ကိုင်နိုင်မည့် အကျိုးတူလယ်ယာစနစ် ဖွံ့ဖြိုးရန် လိုအပ်နေသည်ဟု လယ်ယာစိုက်ပျိုးရေး ပညာရှင် ဦးစံသိန်း ကပြောသည်။

Free
ပုသိမ်ကြီး မြို့နယ်ရှိ စက်မှုလယ်ယာ လုပ်ငန်းခွင်တစ်ခု ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို



အဆိုပါလယ်ယာစနစ် ဖွံ့ဖြိုးရေး အတွက် အစိုးရပိုင်းကလည်း လိုအပ်သော ဥပဒေပိုင်းဆိုင်ရာနှင့် သီးနှံအာမခံစနစ် များအကောင် အထည်ဖော်ရန် လိုအပ်နေ ပြီဟု ၎င်းကဆိုသည်။

“နိုင်ငံတကာမှာလည်း လယ်ယာကုမ္ပဏီတွေနဲ့ အသေးစား လယ်သမားတွေ ကိုပေါင်းစပ် လုပ်ကိုင်စေတဲ့ စနစ်တွေ ကအောင်မြင်နေတာ။ ဒီမှာလည်း ဒါမျိုးတွေ ကိုသာ ပီပီပြင်ပြင် လုပ်နိုင်မယ် ဆိုရင်မြန်မာ့ လယ်ယာကဏ္ဍ မဖွံ့ဖြိုးစရာ မရှိပါဘူး”ဟု ဦးစံသိန်း ကပြောသည်။

လယ်ယာကုမ္ပဏီ များနှင့်တောင်သူ ပူးပေါင်း လုပ်ကိုင်သည့် လယ်ယာစနစ် များဖြစ်ပေါ် ချိန်တွင် အကြွေးဆုံးပြဿနာ များအတွက် တာဝန်ခံမှု အပိုင်း ကိုအစိုး ရက ဥပဒေကြောင်း အရဖြေ ရှင်းပေးရန် လိုအပ်သည်ဟုလည်း လယ်ယာစိုက်ပျိုးရေး အများပိုင် ကုမ္ပဏီများ ကပြောသည်။

ဧရာဝတီတိုင်း၊ဓနုဖြူမြို့နယ်အခြေစိုက်ဆန်စပါးအများပိုင်ကုမ္ပဏီမန်နေဂျာတစ်ဦးက “လယ်သမားတွေနဲ့ ကန်ထရိုက်လယ်ယာစနစ်ကုမ္ပဏီတွေ အရင်နှစ်တွေ ကတည်းက လုပ်ခဲ့ပေမယ့် ငွေပြန်မရတာတွေ ရှိနေတော့ ဘယ်သူမှထပ်ပြီးမလုပ်ချင်တော့ဘူး၊ ကျွန်တော့်အထင်ပြောရင် အစိုးရက ဝင်ကူဖို့တွေ လိုနေတယ်” ဟုဆိုသည်။

ကန်ထရိုက်လယ်ယာစနစ်မှာ ရာသီဥတုဖောက်ပြန်ချိန်တွင်ကုမ္ပဏီနစ်နာမှုများ ရှိနေသည့်အတွက်အစိုးရပိုင်းကသဘာဝဘေး အန္တရာယ်ကြောင့် လယ်ယာမြေ ပျက်စီးမှု မရှိစေရန် ဆည်မြောင်းတာတမံများကောင်းမွန်စွာ ပြုလုပ်ပေး ရန်ရေကြီးနစ်မြုပ်မှုများ အတွက်ရေတားတမံများ တည်ဆောက်မှု ကိုနိုင်ငံတော်ဘတ် ဂျက်ဖြင့် ကူညီပေးရန် လိုအပ်နေသည်ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် လယ်ယာ ကဏ္ဍအတွက် အရေးတကြီး လိုအပ်  လျက်ရှိသည့် လယ်ယာ ထွက်ကုန်ဈေးကောင်း ရရှိရေး အတွက်ဈေး ကွက်ဖော်ဆောင်ရေး လုပ်ငန်း များကိုလည်း အစိုးရက ဦးဆောင် အကောင် အထည်ဖော်ရန် လိုအပ်နေ သည်ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment