Friday, March 20, 2015

အဲအေးရှားလေယာဉ် ပျက်ရှာဖွေမှု အင်ဒိုနီးရှား ဖျက်သိမ်း

လွန်ခဲ့ သည့်နှစ်က အဲအေးရှားလေယာဉ် ပျက်ကျမှု မှသေဆုံး သူများ  ရှာဖွေမှုကို  အင်ဒိုနီးရှား  ရှာဖွေ  ကယ်ဆယ်ရေး အဖွဲ့များက မတ် ၁၇ ရက်တွင် အဆုံး သတ်ကြောင်း အရာရှိတစ်ဦး ကပြောကြားခဲ့သည်။ သို့သော်လည်း လူ ၅၆ ဦးမှာတွေ့ ရှိမှုစာရင်း တွင်ပျောက်နေ ဆဲဖြစ်သည်။

Air-Asia-Ship
ဖေဖော်ဝါရီ ၇ ရက်က လေယာဉ်ပျက်အမြီးပိုင်းကို သင်္ဘောပေါ်မှ ထရပ်ကားပေါ်သို့တင်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ



အဲအေးရှား၏ Flight QZ8501 လေယာဉ်သည် ဒီဇင်ဘာ၂၈ ရက်နေ့က  အင်ဒိုနီးရှားနိုင်ငံ၊  ဆူရာဘာယာမြို့မှ  စင်ကာပူသို့ ပျံသန်းလာစဉ်မုန်တိုင်း ထန်သော ရာသီဥတုအတွင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူ ၁၆၂ ဦးစလုံး သေဆုံးခဲ့သည်။

ဂျာဗား ပင်လယ်ထဲ့သို့ ပျက်ကျ သွားခဲ့သည့် Airbus A320-200 အမျိုးအစား ၎င်းလေယာဉ် ကိုနိုင်ငံ တကာမှ   အထူးတလည်  အားစိုက်ရှာဖွေ မှုများပြု လုပ်ခဲ့ ပြီးနိုင်ငံ အချို့ မှလေယာဥ်ပျက်နှင့်သေဆုံး သူများကို ရှာဖွေရန် သင်္ဘောများနှင့်လေယာဉ် များစေလွှတ် ခဲ့ကြသည်။

မကြာသေးခင် သီတင်းပတ်များအတွင်းက ရှာဖွေမှုကို သိသိသာသာလျှော့ချပြီး လူအား၊ ပစ္စည်း ကိရိယာအား များစွာဖြင့် ကူညီခဲ့ကြ သည့်ပြည်ပ သင်္ဘောများ၊ အင်ဒိုနီးရှား စစ်တပ် သင်္ဘောများ ဆုတ်ခွာ သွားခဲ့သည်။

အင်ဒိုနီးရှား၏ အရပ်ဘက်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီကမူ ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေခဲ့သော်လည်း ၎င်းအဖွဲ့များကရံဖန်ရံခါ အလောင်း များနှင့် အပျက်အစီးများ တွေ့ခဲ့သည်။

ရှာဖွေ မှုကို မတ် ၁၇ တွင်  အဆုံး  သတ်ပြီး  ရှာဖွေနေသည့်  သင်္ဘောများ  ဆုတ်ခွာ၍  မတ်  ၁၈ ရက် နံနက်တွင် သင်္ဘောလေးစင်းစလုံး ဂျာကာတာ သို့ပြန် မည်ဖြစ်ကြောင်း ရှာဖွေရေးအေဂျင်စီ အရာရှိ အက်စ်ဘီစူပရီယာဒီ ကအေအက်ဖ်ပီ ကိုပြောကြားသည်။

ရှာတွေ့ခဲ့သည့် အလောင်းစုစုပေါင်းမှာ ၁၀၆လောင်းရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။ စနေနေ့အထိအပျက်အစီး များအောက်မှအလောင်း သုံးလောင်းတွေ့ ရှိခဲ့သေးသည်။ အကြီးမား ဆုံးလေယာဉ် ကိုယ်ထည် အစိတ်အပိုင်းကို လွန်ခဲ့သည့်လက ပင်လယ်ထဲမှ ဆယ်ယူနိုင်ခဲ့သည်။

ရှာဖွေရေး လုပ်ငန်းများ အဆုံးသတ်ရန် နီးကပ်နေပြီဟု အဲအေရှား အကြီးအကဲ တိုနီဖာနန်ဒက်ဇ်က အချက်ပြပြီးနောက် ရှာဖွေရေး အဆုံးသတ် သည့်ဆုံးဖြတ် ချက်ပေါ်လာခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment