Thursday, February 19, 2015

ဝှိုက်ကတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး လွှတ်တော်က အစိုးရကို ပြောရန်မရှိတော့ဟု ဦးဌေးဦးဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အငြင်းပွားနေကြသည့် ယာယီနိုင်ငံသားကတ်များ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် မဲပေးနိုင်ရေးနှင့် ပတ်သက်ပြီး အာဏာရပါတီလည်းဖြစ်၊ လွှတ်တော်တွင်းနေရာ အများဆုံးလည်းရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်သည် အစိုးရကို ပြောဆိုတိုက်တွန်းရန် မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

U-Htay-Oo



၎င်းက ''ဝှိုက်ကတ်က အရင်ကတည်း ကရှိတာ၊ အစိုးရက ဥပဒေနဲ့အညီ ဖြေရှင်းပေးနေတယ်။ ၁၉၈၂ ခုနှစ် ဥပဒေနဲ့ဆုံးဖြတ်မှာပေါ့။ ပုံမှန်ဖြစ်တဲ့အတွက် လွှတ်တော်ကနေ အစိုးရကိုဘာမှ တိုက်တွန်းဖို့မရှိပါဘူး'' ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ဝှိုက်ကတ် ကိုင်ဆောင်သူများကိုလည်း ဆန္ဒပြုခွင့်ပေးရန် သမ္မတက ပြည်ထောင်စု လွှတ်တော်မှ ပေးပို့သည့် ဥပဒေကြမ်းအပေါ် ထည့်သွင်းမှတ်ချက်ပြုခဲ့ပြီး ယင်းအတိုင်း လွှတ်တော်ကလည်း အတည်ပြုခဲ့သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ၁၉၉ဝ အမတ်ဟောင်း ဦးကျော်မင်းက ''ဝှိုက်ကတ်ဆိုတာ ၁၉၅၁ ထဲက နိုင်ငံခြားသားကို ပေးတာ မဟုတ်ဘူး။ နိုင်ငံတွင်းမှာ နေတဲ့သူကိုပေးတာ။ နှစ်ပေါင်းများစွာ ကိုင်လာကြရတယ်။ ၂ဝ၁ဝ၊ ၂ဝ၁၂အကုန်လုံး မဲပေးလာခဲ့ကြတယ်။ အခုမှ မရတော့ဘူး၊ အာဏာရှိတဲ့သူကပဲ လုပ်ချင်သလို လုပ်နေတယ်လို့ပဲ ပြောချင်တယ်။ အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်'' ဟု ပြောသည်။

ဝှိုက်ကတ်များကို ဆန္ဒမဲပေးခွင့်ပြုရန် သမ္မတကမှတ်ချက်ပြုပြီး တစ်ပတ်အတွင်း ပင်ယင်းကတ်များ၏ သက်တမ်းကုန်ဆုံးရက်နှင့် နိုင်ငံတော်သို့ပြန်လည်အပ်နှံရေး အစီအစဉ်ကို ဖေဖော်ဝါရီ ပထမပတ်အတွင်း ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတွင်း ဝှိုက်ကတ်ကိုင်ဆောင်သူ တစ်သန်းခွဲမှာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ခုနစ်သိန်းကျော်၊ ကချင်၊ ရှမ်းတို့ရှိ တရုတ် နိုင်ငံသား များနှင့် မြန်မာနိုင်ငံသားအချို့ ပါရှိသည်။

Credit - Mizzima News

No comments:

Post a Comment