ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှစ် ၁၀၀ပြည့် (ဗိုလ်ချုပ်ပူဇာနှစ် ၁၀၀)နှင့် ကျောက် မြောင်း ရပ် စာကြည့်တိုက် ဖွင့်ပွဲအား ဖေဖော်ဝါရီလ ၁၃ရက်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း ရပ်ကွက် ၌ ကျောက်မြောင်းရပ် စာဖတ်အသင်း ပြည်သူ့လက်ဝယ် ပြန် လည်ရောက်ရှိရေးကော်မတီက ဦးဆောင် ကာ ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောက်မြောင်းရပ် စာကြည့်တိုက်ဖွင့်ပွဲသို့ ကျောက်မြောင်းရပ် လူငယ်စာဖတ်အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ စာရေး ဆရာကြီး သောကြာ ဦးမောင်ကလေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် တို့နှင့် စာပေလောကသားများ တက်ရောက်ဖွင့်လှစ်ခဲ့ကြပြီး ကျောက်မြောင်း လူငယ်စာဖတ် အသင်းမြေနေ ရာ ပြည်သူ့လက်ဝယ်ပြန်လည် ရရှိရေး ကော်မတီဝင်များက ကျောက်မြောင်း လူငယ်စာဖတ် အသင်းမြေ နေရာပြန် လည်ရရှိရန် ဟောပြောမှုများပြုလုပ်ခဲ့သည်။…
““ကျွန်တော်တို့ရဲ့ ကျောက်မြောင်းရပ် လူငယ်စာဖတ်အသင်း က မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ နှစ်ကတည်း က မင်္ဂလာရှိစွာ ပေါ်ပေါက် လာတဲ့ စာဖတ်အသင်းဖြစ်ပါတယ်။ ဒီစာဖတ်အသင်းဟာ တကယ်လို့ သာ ယနေ့ အထိ တစိုက်မတ်မတ်နဲ့ ရှင်သန်ဖွံ့ဖြိုး ကြီးထွားလာမယ်ဆိုရင် အင်မတန်မှ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ စာဖတ်အသင်းကြီး တစ်ခု ဖြစ်မှာပါ””ဟု ကျောက်မြောင်း လူငယ်စာဖတ်အသင်း ““မြေ နေရာ ပြည်သူ့ လက်ဝယ်ပြန်လည် ရရှိရေးကော်မတီဝင် ဦးကျော်ဇင်လင်းက စာကြည့်တိုက်မြေနေရာ ဆုံးရှုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
အဆိုပါ စာကြည့်တိုက်မြေနေရာမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသည်မှစ၍ ကျောက်မြောင်း ရပ်နေ လူငယ်များ စုပေါင်း၍ စာဖတ် အသင်းတည်ထောင်ခဲ့ပြီး မဆလ ခေတ်၁၉၇၀ ဇွန်လ၀န်းကျင် တွင် ကျောက် မြောင်းရပ် လူငယ်စာ(ဘတ်) ဖတ်အသင်းမှ ရပ်ကွက်သမ၀ါယမသို့ ခေတ်ပြောင်းလဲမှုအခြေအနေ အရမဖြစ် မနေ အငှားချခဲ့ရသည်။
ကျောက်မြောင်းရပ် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့်အထိမ်း အမှတ် အဖြစ် ဖေဖော်ဝါရီ၁၃ ရက် နေ့လယ်ပိုင်းတွင်ပြုလုပ်ခဲ့ပြီးညပိုင်း တွင် ဧည့်ခံဖျော်ဖြေရေး အစီအစဉ် များဖြင့် အများပြည်သူများကို ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်းဖျော် ဖြေရေး အစီအစဉ်မစတင်မီတွင် မြန်မာသံတော် ဆင့်ဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းက စာကြည့်တိုက်ဖွင့်ပွဲနှင့် ဗိုလ်ချုပ်အောင် ဆန်း နှစ်၁၀၀ပြည့် အခမ်းအနားတို့အတွက် မုဒိတာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာသံတော်ဆင့်သတင်းဌာန၏ ပင်တိုင် ဆိုင်းဝိုင်း ဖြစ်သော ရွာစားရဲနိုင်လင်းနှင့်တွဲဖက်၍ ဗိုလ်ချုပ်အောင်ဆန်း တေးသီချင်း မူပိုင် အဆိုတော် ဒေါ်ခင်ညွန့်ရည်၊ ဒေါ်နှင်းရည် သန့်၊ အဆိုတော်မာလာမြင့်၊ အိုပြည့်ရှင်၊ ဂျပန်အမျိုးသမီး မယုရီတို့အပါအ ၀င်မြန်မာ့ယဉ်ကျေးမှု ရာမာယဏ ဇာတ်တော်ကြီးဇာတ်ပို့ဆိုင်း ရွှေတံဆိပ်များဆုရ ရွာစားကြီးမြို့တော် စိန်တင်ရွှေနှင့်အဖွဲ့သားများ၏ မြန်မာ့ဆိုင်းဖျော်ဖြေမှု၊ ဗိုလ်ချုပ်အောင်ဆန်း တေး သီချင်းတို့ဖြင့် အများ ပြည်သူများ ကိုတင်ဆက်ခဲ့ရာ ကျောက် မြောင်းလမ်း အပြည့် ပြည်သူလူထု ပရိသတ်များစွာ လာရောက် အားပေးခဲ့ကြသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald









No comments:
Post a Comment