Sunday, February 15, 2015

ဝှိုက်ကတ် အရေးကို အင်န်ဂျီအိုများ ၀င်မစွက်ရန် ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း သတိပေး

ရန်ကုန်(မဇ္ဈိမ)။     ။ရခိုင်ပြည်နယ် ယာယီ သက်သေခံ လက်မှတ် (ဝှိုက်ကတ်) ဆန့်ကျင်ရေးနှင့် ဝှိုက်ကတ်ပြန် လည်သိမ်း ဆည်းရေးဆောင် ရွက်မှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ် ရှိနိုင်ငံတကာ NGO အဖွဲ့၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များကို သတိပေးပြော ကြားလိုက်သည်။

White-Card-Rikhine



ဝှိုက်ကတ် များပြန်လည်အပ်နှံရေး အစိုးရထုတ်ပြန် ချက်ကြေညာပြီးချိန်တွင် ရခိုင်ပြည်နယ်တွင် ဆူပူမှုများ မဖြစ်ပေါ် လာရေးအတွက် NGO များကိုဖေဖော်ဝါ ရီ ၁၂ ရက်တွင် အရေးပေါ်ခေါ် ယူတွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။

''NGOတွေအနေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ဘင်္ဂါလီ အဖွဲ့အစည်းတွေနဲ့ အဓိကတွေ့ဆုံ တာဖြစ်တယ်။ သူတို့အနေနဲ့ ဝှိုက်ကတ်နဲ့ပတ် သက်ပြီး စွက်ဖက်တာ မလုပ်ဘဲ ကိုယ့်ရဲ့ အကူအ ညီပေးရေး လုပ်ငန်းတွေ ကိုပဲ ကိုယ်အာရုံ စိုက်ဖို့ကို သတိပေး ခဲ့တာပါ''ဟု ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကပြောသည်။

ရခိုင်ပြည်နယ်   ဒုက္ခသည်  စခန်းများ  အတွက်ပြည်ထောင်စု အစိုးရနှင့်  သဘော  တူညီမှု  လက်မှတ်ရေး  ထိုးကာ  အကူအ ညီပေးရေး လုပ်ငန်း များလုပ် ကိုင်နေသောနိုင်ငံ တကာ NGO အဖွဲ့နှစ်ဆယ်ကျော်ရှိပြီး ဝှိုက်ကတ် နှင့် ပတ်သက်သော ဖိအားပေးမှုများ မပြုလုပ်ကြရန်ပြည်နယ် အစိုးရရုံး တွင်တွေ့ဆုံကာ သတိပေး ခဲ့ခြင်းဖြစ် သည်ဟု၎င်းက ဆိုသည်။

''ဒေသခံတွေနဲ့ NGOတွေကြား မှာနား လည်မှု ယူနေရတဲ့ အခြေအနေ မျိုးဖြစ် တဲ့အတွက် ဆင်ခြင်နိုင်ဖို့ ဝန် ကြီးချုပ် တစ်ယောက် အနေနဲ့ ကြိုတင်သတိပေး တာဖြစ် ပါတယ်။ တစ်ဖက်ကို စွပ်စွဲတာမျိုး မဟုတ်ပါဘူး'' ဟုဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ်ကိုင်ဆောင် သူများသည် ဝှိုက်ကတ် များပြန်လည် အပ်နှံပါက နိုင်ငံသား အသိအမှတ်ပြုကတ် များပြန်လည် ရရှိနိုင်မည် ဟုယူဆမှု များလည်း ရှိနေသည်။

ဝှိုက်ကတ် ကိုင်ဆောင် သူအချို့က ဘင်္ဂါလီဟု သတ်မှတ်ချက်ကို လက်မခံဘဲ ရိုဟင်ဂျာဟု ခံယူထား သည်များ လည်းရှိနေရာ ရှုပ်ထွေး လာနိုင်သည် ဟုဝှိုက် ကတ်ကိုင်ဆောင်သူ ဦးအောင်ဝင်းက ပြောသည်။

''နိုင်ငံသားဖြစ်ရင်ပြီးရော ဘာနာမည်နဲ့ ပဲဖြစ်ဖြစ်ဆို တဲ့သူတွေရှိသလို ရိုဟင်ဂျာလို့ပြောမှ လက်ခံမယ့်လူတွေလည်း ရှိနေတဲ့အတွက် ဝှိုက်ကတ်ပြန် အပ်ပြီးပြန် စစ်တဲ့အခါမှာ ရှုပ်ထွေးမှုတွေဖြစ် လာနိုင်တယ်'' ဟု၎င်း ကပြောသည်။

၂ဝ၁၄ ခုနှစ်အတွင်း ဒုချရားတန်းကျေးရွာ၌ တပ်ကြပ်ကြီး တစ်ဦးပျောက်ဆုံးမှုနှင့် စပ်လျဉ်း၍ နယ်စည်းမထား ဆရာဝန် များအဖွဲ့ MSF ကမမှန် သတင်းပေးပို့ သည်ဆိုကာ MSF ကိုဒေသတွင်းမှ ထွက်ခွာ သွားရန် ရခိုင်ဒေ သခံများ ဆန္ဒထုတ်ဖော် ခဲ့ခြင်း၊ စစ်တွေမြို့တွင် မာတေဇာ အဖွဲ့က သာသနာ့ အလံကို မဖွယ်မ ရာပြုလုပ် ခဲ့သည်ဟုဆို ကာနိုင်ငံတကာ NGO အဖွဲ့များ၏ အဆောက် အအုံများကို တိုက်ခိုက် ခဲ့ခြင်း များဖြစ်ပွားခဲ့ သည်။

Credit - Mizzima News

No comments:

Post a Comment