"သပိတ်မှောက်နေတဲ့ ကျောင်းသားတွေ နယ်အသီးသီးက တက်လာတဲ့ ကျောင်းသားတွေက ရန်ကုန်ကို ဦးတည်ပြီးလာနေကြတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ကြိုဆိုတယ်။ ထောက်ခံတဲ့သဘောပါ။
မနက်ဖြန်လုပ်မယ့် လှုပ်ရှားမှုမှာလည်း ပညာရေးနဲ့ ပတ်သက်ပြီး သိရှိအောင် ပြည်သူလူထုကို ရှင်းပြမယ် လှုံ့ဆော်မှုတွေလုပ်မယ်"ဟု ၎င်းကပြောသည်။
ယင်းလှုပ်ရှားမှု လုပ်ရခြင်း ရည်ရွယ်ချက်များသည် ကျောင်းသားသပိတ်များကို ထောက်ခံခြင်း၊ သပိတ်မှောက်ကျောင်းသားများအား အစိုးရမှ ဖိအားပေး အကြမ်းဖက်ဖြိုးခွင်းမည်ကို မလိုးလားခြင်း၊ လေးပွင့်ဆိုင်တွေ့ဆုံခြင်းမှ အကောင်းဆုံးရလာဒ်များ အကောင်ထည်ဖော်ပေးရေးနှင့် ဆွေးနွေးပွဲများ နှောင့်နှေးခြင်းသည် အစိုးရနှင့် ကျောင်းသားအကြား ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်ကို မလိုလားခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ကိုဂျိမ်းစ်ကဆိုသည်။
လူထုလှုပ်ရှားမှုကို ဖေဖေါ်ဝါရီ ၁၅ရက် နေ့လည် ၁၁နာရီတွင် သမိုင်လမ်းဆုံ-လှည်တန်း-လှည်တန်းဈေး-ဗဟိုလမ်း- ကျွမ်းတောလမ်း- ဗားကရာ-ကြည့်မြင်တိုင်-အလုံလမ်းအတိုင်း ချီတက်၍ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြခြင်း၊ ကျောင်းသားများ၏ သဘောထားများ၊ ပိုစတာများ၊ ကျောင်းသားများ၏ ခွတ်ဒေါင်းအလံများကို ကိုင်ဆောင်၍ လူထုလှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်သည်။
လှုပ်ရှားမှုတွင် တောင်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ရန်ကုန်မြို့တွင် ကျောင်းသားကျောင်းသူ၊ လယ်သမားအရေး ဆောင်ရွက်သူများ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။
Credit - Mizzima News

No comments:
Post a Comment