Thursday, February 19, 2015

ကိုးကန့်ဒေသအတွင်း ဥပဒေချိုးဖောက်ပါက သေဒဏ်အထိချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်အုပ်ချုပ်ရေးကြေငြာထားသည့် ကိုးကန့်ဒေသအတွင်း ပြစ်မှုကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးပြီး သေဒဏ်အ ထိအမိန့်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်မှတ်ရေးထိုးကာ ဗိုလ် မှူးကြီး စောမြင့်ဦးကို ဖေဖော်ဝါရီ ၁၈ရက်တွင် တာဝန်ပေးအပ်လိုက်သည်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန် ဖေဖော်ဝါရီ ၁၇ရက်တွင် သမ္မတအမိန့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းပေးလိုက်ပြီး တစ်ရက်အကြာတွင် ကာကွယ်ရေးဦးစီးချု ပ်၏ အထက်ပါအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ၎င်းတို့နှင့်သက်ဆိုင် သည့် လုပ်ငန်းတာဝန်များကို လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဖြစ်သည့် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦး၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ရမည်ဟုလည်း ထုတ်ပြန်လိုက်သည့်အမိန့်တွင် ပါရှိသည်။

စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥဒေအရဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြ စ်စေ၊ စစ်ခုံရုံးများတွင် အကျဉ်းနည်းဖြင့်ဖြစ်စေ စစ်ဆေးပြီး ပြစ်ဒဏ်အဖြစ် အမြင့်ဆုံး သေဒဏ်အပါအဝင် နှစ်အကန့်အသတ်မရှိသော အလုပ်နှင့်ထောင်ဒဏ်၊ သုံးနှစ်အောက်မလျော့သော အလုပ်နှင့်ထောင်ဒဏ်အပြင် ငွေဒဏ်တို့ကို ချမှတ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စစ်အုပ်ချုပ်ရေးအမိန့်တွင် ဖော်ပြထားသည် ။

စစ်ခုံရုံးတွင်စစ်ဆေးပြီး အထက်ပါပြစ်ဒဏ်များချမှတ်မည့် ပြစ်မှုများမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအ ရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဓါးပြမှု၊ အဂတိလိုက်စားမှု၊ ၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပ ဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ခုနှစ် အများနှင့်သက်ဆိုင် သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊ ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ အရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment